တိမ်စိုင်တိမ်လွှာတိုင်းမှာ ငွေရောင် အနားသတ်မျဉ်းတစ်ကြောင်း ရှိပါတယ်
..............................................
.
(1) Don't be sad: every cloud has a silver lining.
ဝမ်းမနည်းပါနဲ့ ၊ ဆိုးရွားတဲ့အခြေအနေတိုင်းမှာ အကောင်းတစ်ခုခုတော့ ရှိပါတယ်
.်
(2)
What am I going to do? My girlfriend has left me !
ကျနော်ဘာလုပ်ရမလဲ ၊ ကျနော့်ကောင်မလေးက ကျနော့်ကို ထားသွားခဲ့ပြီ
Reply: Don't worry. It will be all right. Every cloud has a silver lining.
စိတ်မပူပါနဲ့ ၊ အဆင်ပြေသွားပါလိမ့်မယ် ၊ ဆိုးတဲ့ အရာတိုင်းကနေ ကောင်းတဲ့အရာတစ်ခုခု ဖြစ်လာနိုင်ပါသေးတယ်
.
(3) I lost my job last week, but every cloud has a silver lining and now I have time to visit my family in Australia!
ပြီးခဲ့တဲ့သီတင်းပတ်က ကျနော်အလုပ်ပြုတ်ခဲ့ပါတယ် ဒါပေမယ့် တိမ်စိုင်တိမ်လွှာတိုင်းမှာငွေရောင်အနားသတ်မျဉ်းတစ်ကြောင်းရှိတယ်ဆိုတော့ အခု သြစတြေးလျက ကျနော့်မိသားစုဆီကို လည်ပတ်ဖို့ အချိန်ရသွားပါပြီ
.
(4) I’ve been arguing a lot with my wife but I think it will bring us closer in the end, so every cloud has a silver lining I suppose.
ကျနော့်အမျိုးသမီးနဲ့ အများကြီး ငြင်းခုန်ပြီးနေခဲ့ရတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ အဲဒါက ကျနော်တို့ကို ပိုပြီးနီးကပ်စေခဲ့တယ်လို့ ကျနော်ထင်မိပါတယ် ၊ အဲဒါကြောင့် အဆိုးတိုင်းမှာ ကောင်းကွက်တစ်ခုခုတော့ ရှိတယ်လို့ ကျနော်က ဆိုချင်ပါတယ် ..
...
lining ဟာ line ကလာတာဖြစ်လို့ ( လိုင်းနင်း ) လို့ အသံထွက်နိုင်ပါတယ် ၊ ရုတ်တရက်အားဖြင့် လင်နင်း..လို့ထင်သွားနိုင်လို့ပါ ၊ အနားသတ်..ကို လိုင်နင်လို့ မြန်မာတွေ သိနေကြတဲ့ စာလုံးဟာ ဒါပါပဲ ။
..
ကဲ အားငယ်နေသူတွေကို အားပေးလိုက်ကြပါဦး ၊ ကျနော်ရေးခဲ့တာ တော်တော်များများက သူတို့ချည်းပဲ ၀ါကျတစ်ခုလို သုံးလို့ရတာတွေများပါတယ် .. လှလှပပ တင်စားချက်လေးတွေနဲ့ ပြောကြဦးမယ်လေ..
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook အင်္ဂလိပ်စာ Group မှ ကူးယူဖော်ပြသည်။
https://www.facebook.com/groups/301039613329048/?fref=nf
heart emoticon
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji