Ad Code

Responsive Advertisement

အဖေနဲ့သမီး စကားဝိုင်း...



ညနေခင်း တစ်ခုမှာ... သမီးဖြစ်သူက အဖေဖြစ်သူ အနားကို သွားပြီး...
"ဖေဖေ..!! သမီး ဖေဖေ့ကို အရေးကြီးတဲ့ စကား ပြောချင်လို့... အချိန်ရလားဟင်..."

အဖေဖြစ်သူက စိတ်ဝင်တစားနဲ့...
"ဘာပြောမှာလဲ သမီး... ပြောလေ..."

ဒါနဲ့ သမီးဖြစ်သူလည်း မဝံ့မရဲနဲ့...
"သမီးလေ... ဟိုးးးး အဝေးကြီးမှာ နေတဲ့သူ တစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်. ဖေဖေ!!!... သမီးတို့နေတာ အိန္ဒိယမှာ.. ဒါပေမယ့် သူနေတာက အမေရိကားမှာပါ..." 

"သမီးတို့ ၂ ယောက်က Dating website တစ်ခုမှာ ပထမဦးဆုံး ဆုံခဲ့ကြပြီး Facebook ပေါ်မှာ မိတ်ဆွေတွေ ဖြစ်လာတာပါ... ဒီလိုနဲ့ Whatsapp ပေါ်မှာ စကားတွေ အများကြီး ပြောဖြစ် ခဲ့ကြတယ်... နောက်ပြီး သူက သမီးကို Skype ပေါ်မှာ စပြီး ချစ်ရေး ဆိုတယ်... အခုဆိုရင် သမီးတို့ ၂ ယောက် Viber ကနေတဆင့် ချစ်သူတွေ ဖြစ်နေကြတာ ၂ လ ရှိသွားပါပြီ... ဖေဖေ..." 

"အင်းးး... အဲဒါလေ... ဖေဖေ့ရဲ့ဆန္ဒလေး သိချင်လို့ပါ..."

ဒီအချိန်မှာ အဖေဖြစ်သူက အံ့သြတဲ့လေသံနဲ့... "ဝိုးးး တကယ်လား သမီး!!!" ဆိုပြီး ဆက်ပြော လိုက်တာက...

"ဒါများ ငါ့သမီးရယ်... သမီးတို့ ၂ ယောက် Twitter ပေါ်မှာ မင်္ဂလာဆောင်... ပြီးရင် Tango ပေါ်မှာ ပျားရည်စမ်းခရီးထွက်... ကလေးလိုချင်ရင်တော့ E-bay ပေါ်ကနေ ၀ယ်ပြီး Gmail ကနေ ပို့ခိုင်းလိုက်... သမီးအမျိုးသားနဲ့ အဆင်မပြေ ဖြစ်တဲ့ အခါကျရင်လည်း သူ့ကို Amazon website ပေါ်မှာ ရောင်းစားလိုက်ပေါ့... သမီးရယ်..." ......တဲ့။ 

ကိုမျိုး
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu