Ad Code

Responsive Advertisement

English Speaking Basics (53) အင်္ဂလိပ်စကားပြောအခြေခံများ(၅၃)



တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ (သို့) ဖြစ်ဖို့ရှိတဲ့ အဖြစ်အပျက် တစ်ချို့ကို ကျနော်တို့က သတိထားမိကြောင်းဖြစ်စေ.. သိထားပြီးကြောင်းဖြစ်စေ အသိပေးချင်တဲ့အခါ သုံးနိုင်ပါတယ်
..........
I'VE HEARD THAT + (SUBJECT + VERB)
.......................................................
.
(You are letting someone know that you are aware of something or that you have been informed of something that is taking place. This could be something that has already happened or something happening in the near future.)
.
(1) I have heard that / her album will be launched tomorrow.
သူမရဲ့တေးသီချင်းခွေ မနက်ဖန်မှာ စတင်ဖြန့်ချီမယ်လို့ ကျနော်ကြားပြီးပြီ
(heard(v-pp) ကြားခဲ့ပြီး)
.
(2) I've heard that / you got a new job.
ခင်ဗျားအလုပ်သစ်တစ်ခု ရခဲ့တယ်လို့ ကျနော်ကြားပြီးပြီ
.
(3) I've heard that / you want to leave your job.
ခင်ဗျား အလုပ်ထွက်ချင်တယ်လို့ ကျနော်ကြားမိတယ်
.
(4) I've heard that / you got a new car.
ခင်ဗျား ကားသစ်တစ်စီး ရခဲ့တယ်လို့ ကျနော်ကြားမိတယ်
.
(5) I've heard that / you fix computers.
ခင်ဗျားကွန်ပြူတာ ပြင်တယ်လို့ ကျနော်ကြားမိတယ်
.
(6) I've heard that / you've never been to Canada.
ခင်ဗျား ကနေဒါကို မရောက်ဖူးဘူးလို့ ကျနော်ကြားမိတယ်
.
(7) I've heard that / there is no school next week.
နောက်တစ်ပတ် ကျောင်းပိတ်တယ်လို့ ကျနော်ကြားမိတယ်
.
(8) I've heard that / your wife is a teacher.
ခင်ဗျားအမျိုးသမီးက ဆရာမတစ်ယောက်လို့ ကျနော်ကြားပြီးပြီ
.
(9) I have heard that / the relatives have annoyed him.
ဆွေးမျိုးတွေက သူ့ကို ဒုက္ခပေးကြတယ်လို့ ကျနော်ကြားမိတယ်
(annoy (v) ဒုက္ခပေးသည် ၊ နှောက်ယှက်သည် ၊ စိတ်အနှောက်အယှက် ဖြစ်စေသည်)
.
(10) I have heard that / laughter is the best medicine.
ရယ်မောခြင်းက အကောင်းဆုံးဆေးပဲလို့ ကျနော်ကြားမိတယ်
(laughter (n) ရယ်မောခြင်း)
.
(11) I have heard that / radiation causes cancer.
ဓါတ်ရောင်ခြည်က ကင်ဆာရောဂါကို ဖြစ်စေတယ်လို့ သိရတယ်
(radiation(n) ဓါတ်ရောင်ခြည်)
.
(12) I have heard that / most Indians don't use toilet paper after they poop; they just wash it.
အိန္ဒိယလူမျိုးအများစုဟာ အီးအီးပါပြီးလျင် အိမ်သာသုံးစက္ကူကို မသုံးကြဘူးလို့ ကြားမိတယ် ၊ သူတို့က ရေပဲဆေးကြတယ် ။
(poop(v,n)(ပု(ဖ်)) အီအီးပါသည် ၊ အီအီး (ကလေးသုံးဗန်းစကား))
…………………………………….
မှတ်မိသည်အထိ များများဖတ်ပေးကြပါနော် ..
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu