Ad Code

Responsive Advertisement

English Speaking Basics (55)


.........................................
ဒီလိုမျိုး usage လေးတွေကျတော့ အတွဲလိုက်သုံးစွဲပုံလေးတွေကို မှတ်သားမှ ပေးချင်တဲ့ အဓိပ္ပါယ်ကို ခြုံငုံမိပါလိမ့်မယ် ၊ တစ်လုံးချင်း ဘာသာပြန်ပြီးမှ ပေါင်းစပ်ကြည့်လျှင် ထိထိမိမိ သိနိုင်မှာ မဟုတ်ပါဘူး ၊ ဒါကြောင့်မို့ တင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ် ..
.
might as well+ V1 .. လုပ်သင့်ပါတယ် ၊ .. လုပ်ရတော့မှာပေါ့ ၊ .. လုပ်လိုက်တာပဲ ကောင်းပါတယ်
may as well + V1
.......................................................................
1. To Make a Suggestion (when there is no better alternative)
သူ့ထက်ပိုကောင်းတဲ့ ရွေးချယ်စရာ တစ်ခုခုမရှိလို့ ရှိနေတဲ့ တစ်ခုကို လက်ခံလိုက်ရတဲ့ အခြေအနေမျိုးမှာ ၊ လုပ်ရတော့မယ့် အခါမျိုးမှာ သုံးနိုင်ပါတယ် 
…………….
(1.1) None of your students have showed up. You MIGHT AS WELL go home.
ခင်ဗျားရဲ့ ကျောင်းသားတွေ တစ်ယောက်မှလည်း ပေါ်မလာဘူး ၊ ခင်ဗျား အိမ်ကိုပဲ ပြန်သင့်တာပေါ့
.
(1.2)Since I have to wait, I MIGHT AS WELL sit down and relax.
စောင့်ရပြီ ဆိုမှတော့ ကျနော်ထိုင်ပြီး နားနေရတော့မှာပေါ့ 
.
(1.3) There’s no work to be done. We MIGHT AS WELL take Friday off.
ပြီးစီးအောင်လုပ်ရမယ့် အလုပ်ကလည်းမရှိဘူး ၊ ကျနော်တို့ သောကြာနေ့ နားရက်ယူရတော့မှာပေါ့
.
(1.4)We MIGHT AS WELL walk there. 
ကျနော်တို့ အဲဒီကို လမ်းလျှောက်သွားရတောမှာပေါ့ (အခြားနည်းရွေးစရာမရှိတော့ဘူးလေ)
.
(1.5) You MIGHT AS WELL stay longer and finish this work.
ခင်ဗျား ဒီမှာ အချိန်ကြာကြာပိုနေပြီး ဒီအလုပ်ကို ပြီးအောင် လုပ်သင့်တာပေါ့ 
.
(1.6) I MIGHT AS WELL go now.
အခု ကျနော်သွားရတော့မှာပေါ့
.
(1.7)Anyway, you're here; you MIGHT AS WELL stay..., 
ဘယ်လိုပဲ ဖြစ်ဖြစ်လေ မင်းက ဒီမှာရှိနေပြီပဲ နေလိုက်သင့်တာပေါ့
.
(1.8)It’s almost time to go home and you’ve finished all your work, so you MIGHT AS WELL go home now.
အိမ်ပြန်ဖို့ အချိန် ရောက်လုနီးနေပြီ ပြီးတော့ အလုပ်တွေအားလုံးကလည်း ပြီးနေပြီ ၊ အဲဒီတော့ ခင်ဗျား အခု အိမ်ပြန်လိုက်တာပဲ ကောင်းပါတယ်
.
(1.9) John will be home soon. You MAY AS WELL come inside.
မကြာခင် ဂျွန်က အိမ်ကိုရောက်လာမှာပါ ၊ ခင်ဗျား အထဲဝင်နေလိုက်တာ ကောင်းပါတယ်
.
ဒီလိုမျိုးလေးတွေလည်း သုံးသေးတယ်
.
(1.10) If you're not going to help me, you MIGHT AS WELL go and make some coffee. [softened request]
မင်းက ငါ့ကို ကူညီတော့မှာ မဟုတ်ဘူးဆိုလျှင် ကော်ဖီသွားဖျော်လိုက်သင့်တာပေါ့ (တစ်ခုခုတော့ လုပ်ပေးပါကွယ်)
.
(1.11) "Why don't we eat out?" "Might as well." [reluctant agreement]
ကျနော်တို့ အပြင်ထွက်စားကြပါစို့လား ။ အဲလိုပဲ လုပ်ရတော့မှာပေါ့ (အိမ်မှာ စားချင်လည်း စားစရာမရှိဘူးလေ)
Reluctant (adj) စိတ်မပါသော ၊ တွန့်ဆုတ်သော
……………………………………………………………………………
2. တူညီတဲ့ အရာဝတ္ထုနှစ်ခု ၊ လူပုဂ္ဂိုလ် ၊ အဖြေစ်အပျက် (အမှန်အဖြစ်အပျက်တစ်ခုနဲ့ မှန်းဆတင်စားချက် တစ်ခု) တို့ကို ထပ်တူပြု တင်စားပြောဆိုလေ့ရှိပါတယ်
We can use might as well to say that two things, people or situations are so similar that they could be considered to be the same. Used to indicate that a situation is the same as if the hypothetical thing stated were true:
.
(2.1) My apartment is so hot, I MIGHT AS WELL be living in hell!
ကျနော့် အခန်းက ပူလိုက်တာလွန်ရော ၊ ငရဲမှာနေ..နေရသလိုပါပဲ
.
(2.2) We MIGHT AS WELL be in prison for the quality of our lives have at present. 
အခုလောလောဆယ် ကျနော်တို့ဘ၀တွေရဲ့ အရည်အသွေး အဆင့်အတန်းက ထောင်ထဲမှာ နေ..နေရသလိုပါပဲ 
.....
Might နဲ့ May ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ် ၊ Might က လက်ခံဖို့ စိတ်မပါတဲ့သဘောကို ပိုပြီးတော့ ဆောင်ပါတယ် ၊ ရွေးချယ်မှုဟာ အကောင်းကို လက်ခံရတဲ့သဘောဆိုလျင် may ကိုပိုသုံးပြီး အဆိုးကို (သို့) မကောင်းမဆိုး အခြေအနေဆိုလျင် might ကိုပိုသုံးပါတယ် ၊ အားလုံးကိုခြုံပြီး ပြောရလျှင်တော့ might ကို ပိုပြီး မကြာမကြာသုံးပါတယ် .. (အချက်အလက်များအရတော့ might က may ထက် (၈) ဆနီးပါးပိုသုံးပါတယ်ခင်ဗျား) 
Might expresses slightly more reluctance than may, though the difference is small.
Because of this, may is more likely to be used when the suggestion is a positive one; might is used when it is negative or neutral . Might as well is used much more often than may as well.
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu