Ad Code

Responsive Advertisement

English Speaking Basics (58)



အကြောင်းအရာ တစ်ခုခုကို ပြောကြတဲ့အခါ သေသေချာချာ တိတိကျကျ အပိုင်ပုံဖမ်းပြီး ပြောတာမျိုး မဟုတ်ပဲနဲ့ .. ကျနော်တို့ သိသ၍ ၊ သိသလောက် ကတော့ ဒီလိုပါ..လို့ စကားအခံနဲ့ ပြောလိုတဲ့အခါ ဒီပုံစံလေးကို သုံးနိုင်ပါတယ် 
...
As far as…= သလောက်တော့
ပုံစံ >> As far as + Sub + Verb
...............
I. EXAMPLES:
.
1. As far as I can remember, he didn’t come home until midnight.
ကျနော် မှတ်မိသလောက်ကတော့.. သန်းခေါင်အချိန်ထိ သူအိမ်ကို ပြန်မလာခဲ့ပါဘူး
.
2. As far as I recollect, there were few people in the village then.
ကျနော် ပြန်တွေးလို့ရသလောက်ကတော့ .. အဲဒီတုန်းက ရွာမှာလူနည်းနည်းပဲ ရှိခဲ့ကြပါတယ်
.
3. As far as I recall, they quarreled very often at that time.
ကျနော် သတိရသလောက်ကတော့ .. အဲဒီအချိန်က သူတို့ မကြာခဏ စကားများရန်ဖြစ်ကြပါတယ်
.
4. As far as I can see, he’s a big liar.
ကျနော် သိသလောက်ကတော့ ..သူက အကြီးစား လူလိမ်ကြီး တစ်ယောက်ပဲ
............................
II. DIALOGUES:
..
A: Have you seen Tom?
Tom ကိုတွေ့ပြီးပြီလား
.
B: No. As far as I can remember he was supposed to be on a business trip to Lisbon.
ဟင့်အင်း ၊ ကျနော် မှတ်မိသလောက်ကတော့ သူလစ္စဘွန်းကို စီးပွားရေးကိစ္စအတွက် ခရီးသွားခဲ့တာဖြစ်မယ်
.
A: Yes, but he was supposed to be back by now.
ဟုတ်တယ် ၊ ဒါပေမယ့် ဒီအချိန်မတိုင်ခင် သူပြန်ရောက်ခဲ့သင့်တာပေါ့
.
B: Have you called his home?
ခင်ဗျား သူ့အိမ်ကို ဖုန်းခေါ်ကြည့်ပြီးပြီလား
.
A: Yeah, but there is no answer.
အေးပေါ့ ၊ ဒါပေမယ့် ဖုန်းမကိုင်ဘူး
.
B: Maybe you should call the police and file a missing person’s report.
ဖြစ်နိုင်စရာက (လုပ်လို့ရနိုင်စရာက) ခင်ဗျား ရဲကိုဖုန်းဆက်ပြီး လူပျောက်သတင်းပေးတိုင်ကြားချက် တစ်ခုဖွင့်သင့်တယ့်
...
ဝေါဟာရများ
...............
Until (prep) အထိ ၊ တိုင်အောင်
Midmight (n) သန်းခေါင်အချိန်
Remember (v) မှတ်မိသည် ၊ သတိရသည်
Recollect (v) ပြန်တွေးကြည့်၍ သတိရသည်
Recall (v) ပြန်စဉ်းစား၍ မှတ်မိသည် ၊ သတိရသည်
Quarrel (v) စကားများ ရန်ဖြစ်သည်
Liar (v) လူလိမ်
File (v) အမှုဖွင့်သည် ၊ တိုင်ချက်ဖွင့်သည်
Report (n) သတင်းပေးပို့ချက် ၊ တိုင်ကြားချက်
Then (adv) ထိုအချိန် ၊ အဆိုပါကာလ
Maybe (adv) ဖြစ်နိုင်စရာ
..................
ရှင်းလင်းချက်
.............
V-be + supposed to be (၁) .. ရမည်လို့ပြောကြတယ် ၊ .. လို့ယုံကြည်တယ် ။ (၂) ..သင့်သည် ။
.
အထက်က၀ါကျနှစ်ခုမှာ supposed to be အတွက် အဓိပ္ပါယ်ယူဆချက် မတူညီပါဘူး
B က Tom ဟာ လစ္စဘွန်းကို သွားခဲ့တယ်လို့ ယုံကြည်တာ .. အဓိပ္ပါယ် (၁)
A ကျတော့ အခုအချိန်မတိုင်ခင် ပြန်ရောက်သင့်တယ်လို့ တွေးတာ .. အဓိပ္ပါယ် (၂)
ရှေ့မှာ V-be ရှိပြီး suppose ကို ed ပေါင်းထားတော့ passive နဲ့ ဆင်တူနေတယ် ၊ တကယ်တော့ supposed က adjective ပါ “ဟုဆိုသော” လို့ ယူလို့ရပါတယ်
..
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu