Ad Code

Responsive Advertisement

English Speaking Basics (59)


တစ်ခုနဲ့ တစ်ခု ဆန့်ကျင်နေတဲ့ အချက်အလက် နှစ်ခုကို စကားစပ်လေးတစ်ခုနဲ့ ချိတ်ဆက်ပြီး လှလှပပ ပုံကျပန်းကျ ပြောချင်တဲ့အခါ ဒီလိုလေး ပြောလိုက်ပါ 
use this expression when you are speaking about two different facts or two opposite ways of thinking about a situation.
......................
On one hand…but on the other hand… တစ်ဖက်မှာ .. ဒါပေမယ့် အခြားတစ်ဖက်မှာ
..........................
I. EXAMPLES:
.....
1. On one hand, it’s convenient, but on the other hand, it’s time-consuming.
တစ်ဖက်မှာ အဲဒါက အဆင်ပြေတယ် ။ ဒါပေမယ့် အခြားတစ်ဖက်မှာ အဲဒါက အချိန်စားတယ် (အချိန်အများကြီးသုံးရတယ်)
.
2. On one hand, he is very obedient to his wife; on the other hand, he treats his parents badly.
တစ်ဖက်မှာ သူက သူ့မိန်းမကို အလွန်ရိုကျိုးပါတယ် ၊ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ သူက သူ့မိဘတွေကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံပါတယ်
.
3. On one hand, Jason does everything in the office; on the other hand, he does nothing at home.
တစ်ဖက်မှာ Jason က ရုံးမှာ အကုန်လုပ်ပါတယ် ၊ အခြားတစ်ဖက်မှာတော့ သူက အိမ်မှာ ဘာမှ မလုပ်ပါဘူး
.
4. As a teacher, he is very patient in class; but on the other hand, he is not so patient with his own child.
ဆရာတစ်ယောက်အနေနဲ့ သူက အတန်းထဲမှာ အလွန်သည်းခံပါတယ် ၊ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ သူက သူ့သားသမီးတွေကို သိပ်ပြီးစိတ်မရှည်ပါဘူး
( on one hand မထည့်တော့ဘဲ အခြားသင့်တော်ရာ phrase တစ်ခုခု သုံးလို့လည်း ရတယ်ဆိုတာ သတိထားလိုက်ပါ ၊ ဒီဝါကျမှာ As a teacher ကိုထည့်ထားပါတယ်)
.....................
II. DIALOGUES:
.....................
A: What do you think of Shakespeare?
ရှိတ်စပီးယားကို ဘယ်လိုထင်မိပါသလဲ
.
B: On one hand his plays are very interesting to watch but on the other hand they are hard to read.
တစ်ဖက်မှာ သူ့ပြဇတ်တွေက ကြည့်ဖို့အတွက် အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ အဲဒါတွေက ဖတ်ဖို့ ခက်ပါတယ်
(they က his plays ကို ပြောတာပါ ၊ လူမဟုတ်လို့ “အဲဒါတွေ” လို့ ပြန်ဆိုလိုက်ပါတယ်)
.
A: I feel the same way sometimes.
တစ်ခါတရံ ကျနော်လည်း အဲလိုပဲ ခံစားမိတယ်
.
B: So what do you do?
ဒါဆို ခင်ဗျား ဘာလုပ်သလဲ
.
A: I just try to catch the general meaning of each sentence.
ကျနော်ကတော့ ၀ါကျတစ်ခုစီရဲ့ ယေဘူယျဆိုလိုရင်းအဓိပ္ပါယ်ကို ရအောင်ဖမ်းဖို့ပဲ ကြိုးစားပါတယ်
(အတိအကျ နားလည်ဖို့မလုပ်ဘူးဆိုတဲ့သဘော)
.
B: That sounds like a good idea.
အဲဒါက စိတ်ကူးကောင်းတစ်ခုလိုပဲ ထင်ရပါတယ် (ဖြစ်ပုံရတယ်)
............
ဝေါဟာရများ
...............
Convenient (adj) အဆင်ပြေသော
Consume (v) သုံးသည် ၊ ကုန်သည် ၊ စားသည်
Obedient (adj) လိုက်နာသော ၊ ကျိုးနွံသော ၊ ရိုကျိုးသော ၊ နာခံသော
Treat (v) ဆက်ဆံသည် ၊ ပြုမူသည်
Badly (adv) ဆိုးဝါးစွာ ၊ ညံ့ဖျင်းစွာ
Patient (adj) စိတ်ရှည်သော၊ သည်းခံသော
Play (n) ပြဇတ် ၊ ဇတ်လမ်း
Interesting (adj) စိတ်ဝင်စားဖွယ်ကောင်းသော
Sometimes (adv) တစ်ခါတရံ
Sound (v) ထင်ရသည်
Like (prep) လိုပဲ
Idea (n) စိတ်ကူး ၊ အတွေး ၊ အကြံအစည်
.............
Credit to >> http:/englishspeakingcourses.com/069-on-one-hand-on-the-other-hand/
..
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu