Ad Code

Responsive Advertisement

English Speaking Basics (60)



ဒီ usage လေးကတော့ မူရင်းအတိုင်း ဘာသာပြန်ကြည့်လျှင် နားလည်မှုလွဲသွားနိုင်ပြီး ၊ ဘယ်လို ဘာသာပြန်ရမယ် .. ဘယ်လိုအဓိပ္ပါယ်ဆိုတာ သိပြီးမှ သြော် ဒီလိုတော့လည်း လွယ်သားပဲ လို့ ဖြစ်သွားစေတဲ့ အသုံးအနှုန်းမျိုးပါ ..
Similar meaning with “Because of” , express gratitude being due to someone or something; with the benefit of help from -.
...............
Thanks to… ကြောင့် ၊ သောကြောင့် ၊ ကျေးဇူးကြောင့်
.................
I. EXAMPLES:
.................
1. Thanks to their help, we accomplished the task on time.
သူတိုရဲ့ အကူအညီကြောင့် ကျနော်တို့ လုပ်ငန်းတာဝန်ကို အချိန်ကိုက်ပြီးမြောက်နိုင်ခဲ့ပါတယ်
.
2. Thanks to computers, lots of tasks are now easier.
ကွန်ပြူတာများရဲ့ကျေးဇူးကြောင့် လုပ်ငန်းတာဝန်မျာစွာဟာ ယခုအချိန်မှာ ပိုပြီးလွယ်ကူသွားပါတယ်
.
3. Thanks to your timely warning, I didn’t make a mistake.
ခင်ဗျားရဲ့ အချိန်မှီသတိပေးချက်ကြောင့် ကျနော် အမှားတစ်ခု မလုပ်ဖြစ်ခဲ့ပါဘူး
.
4. Thanks to your stupidity, we lost our game.
မင်းရဲ့ ဆင်ခြင်ညာဏ်နည်းမှုကြောင့် ငါတို့ ကစားပွဲရှုံးခဲ့တာ
.....................
II. DIALOGUES:
.....................
A: I’m so glad we won the game.
ငါသိပ်ဝမ်းသာတယ် ငါတို့ ကစားပွဲကို နိုင်ခဲ့ပြီ
.
B: Thanks to you, you scored the final goal and won.
မင်းရဲ့ကျေးဇူးကြောင့် နောက်ဆုံးပိတ်ဂိုးကို မင်းသွင်းယူခဲ့ပြီးနိုင်ခဲ့တာ
.
A: Actually, you deserve the credit. Thanks to you, the ball was passed to me and I scored.
တကယ်တော့ မင်းက ချီးကျူးမှုနဲ့ထိုက်တန်သူပါ ၊ မင်းကြောင့် ဘောလုံးက ငါ့ဆီကို ဖြတ်လာပြီး ငါက ဂိုးသွင်းခဲ့လိုက်တာပါ
.
B: Yeah, we all worked together.
အေး ၊ ငါတို့အားလုံး အတူတကွလုံးပန်းခဲ့ကြတာပဲ
.
A: I hope that we can win the next game.
နောက်ပွဲစဉ်မှာ ငါတို့ နိုင်နိုင်လိမ့်မယ်လို့ ထင်တယ်
.
B: If we work together like we did this past game, I’m sure we will.
ဒီပြီးခဲ့တဲ့ ကစားပွဲမှာ ငါတို့လုပ်ခဲ့သလိုပဲ အတူတကွ ကြိုးစားလျှင် သေချာပါတယ် ငါတို့ နိုင်ပါလိမ့်မယ်
................................
*** လုံးဝ သတိထားရမှာကတော့ “thanks” မှာ အမြဲ “s” ပါရပါတယ်
.............................
ဝေါဟာရများ
......
On time (phr) အချိန်ကိုက်
Task (n) လုပ်ငန်းတာဝန်
Accomplish (v) ပြီးမြောက်သည်
Timely (adj) အချိန်မှီသော
Warning (n) သတိပေးချက်
Actually (adv) တကယ်တော့ ၊ တကယ့်ကို
Stupidity (n) မိုက်မဲမှု ၊ ဆင်ခြင်ညာဏ်မရှိမှု
Score (v) ဂိုးသွင်းသည် ၊ အမှတ်ရသည်
Deserve (v) ထိုက်တန်သည်
Credit (n) ချီးကျူးမှု လေးစားမှု
.....
Credit to : http://englishspeakingcourses.com/072-thanks-to/…
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu