Ad Code

Responsive Advertisement

I forgot the room's key in the car...


အားလပ်ရက်မှာ သူငယ်ချင်း သုံးယောက် တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားကြတယ်... သူတို့အားလုံး ကြယ်ငါးလုံး ဟော်တယ်မှာ အတူတူ တည်းခိုကြတယ်... ရတဲ့အခန်းက အထပ် ၆၀ မြောက်မှာ ဖြစ်တယ်.. ဒီဟော်တယ်ရဲ့ စည်းမျဉ်း စည်းကမ်းအရ ဓာတ်လှေကားတွေဟာ ည ၁၂ ရီမှာ အမြဲတမ်း ပိတ်တယ်... 

နောက်တစ်နေ့မှာ သူငယ်ချင်း သုံးယောက် ကားငှားပြီး မြို့ထဲ လည်ပတ်ကြတယ်... ပျော်ပျော်ပါးပါး လည်ပတ်ကြပြီးတဲ့ အခါမှာ ဟော်တယ်ကို ညဘက် သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ် နောက်ကျပြီး ပြန်ရောက်လာကြတယ်... ဓာတ်လှေကားတွေ အားလုံးလည်း ထုံးစံအတိုင်း ပိတ်ကုန်ပြီ... အထပ် ၆၀ မြောက်မှာရှိတဲ့ သူတို့အခန်းကို ရောက်ဖို့ ရိုးရိုးလှေကား အသုံးပြုရုံကလွဲပြီး အခြားနည်းလမ်း မရှိ... 

ဒီလိုနဲ့... ပထမ သူငယ်ချင်း တစ်ယောက်က စပြီး ပြောလိုက်တယ်.. "ဒီလိုလုပ်ဗျာ... ကျုပ်တို့ ရိုးရိုးလှေကားကနေ တက်ရမယ်... တက်ရတာ အားရှိအောင် အထပ် ၂၀ ရောက်တဲ့အထိ ကျုပ်က ရယ်စရာ ပြောသွားမယ်.."

ဒုတိယ သူငယ်ချင်းဖြစ်သူကို လက်ညှိးထိုးပြီး.. "ခင်ဗျားက နောက်ထပ် အထပ် ၂၀ အတွက် ရယ်စရာ ပြော..."

အဲဒီနောက် တတိယ သူငယ်ချင်းဘက်ကို လှည့် ပြီး... "ခင်ဗျားက ကျုပ်တို့ အခန်း ရောက်တဲ့အထိ ကျန်တဲ့ အထပ် ၂၀ ကို တာဝန်ယူဗျာ..."

ဒီလိုနဲ့... အစီအစဉ်အတိုင်း ရယ်စရာပြောလိုက် ခွက်ထိုးခွက်လန် ရယ်လိုက် တက်လိုက်နဲ့ နောက်ဆုံး အထပ် ၆၀ မှာရှိတဲ့ သူတို့အခန်းရှေ့ကို ရောက်လာကြတယ်... ဒီအချိန်မှာ တတိယ သူငယ်ချင်းဖြစ်သူက... "ခင်ဗျားတို့ကို ပြောဖို့ ကျုပ်မှာ နောက်ဆုံး ရယ်စရာတစ်ခု ရှိသေးတယ်... ကျုပ်တို့ အခန်းတံခါးသော့ ကားထဲမှာ မေ့ကျန်ခဲ့တယ်ဗျာ!!!....." 

ကိုမျိုး
ref:internet
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu