Ad Code

Responsive Advertisement

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၈)


…………………………………………………….
Rain or Shine : regardless of the weather or circumstances; in any event: မိုးရွာရွာ နေသာသာ (မိုးရွာသည်ဖြစ်စေ နေသာသည်ဖြစ်စေ) ၊ ဘယ်အခြေအနေမှာမဆို
.
(အများအားဖြင့် ရာသီဥတုကို ရည်ညွှန်းပြီး ပြောလေ့ရှိသော်လည်း ၊ ဘယ်အခြေအနေမှာဖြစ်စေ ဆိုတဲ့သဘောနဲ့လည်း သုံးနိုင်ပါတယ် )
.
(1) We're going camping this weekend rain or shine.
မိုးရွာရွာ နေသာသာ… ဒီသီတင်းပတ်ကုန်ပိတ်ရက်မှာ ကျနော်တို့ တောထဲတောင်ထဲသွားပြီး စခန်းချနားနေ အပန်းဖြေကြပါလိမ့်မယ်
(Camping (n) တောထဲတောင်ထဲသွားစခန်းချပြီး အပန်းဖြေ အနားယူခြင်း)
.
(2) He's always a reliable friend, rain or shine.
ဘယ်အခြေအနေမျိုးမှာမဆို သူက အမြဲတန်း ယုံကြည်အားထားရတဲ့ သူငယ်ချင်းတစ်ယောက်ပါ
(reliable(adj) အားကိုးယုံကြည်ရသော)
.
(3) Come rain or shine.
မိုးရွာရွာနေပူပူ လာပါ ( မလာပဲမနေပါနဲ့)
.
(4) Don’t worry. I’ll be there rain or shine.
စိတ်မပူပါနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော် အဲဒီမှာ ရှိပါလိမ့်မယ်
.
(5) I don't care about the weather. I'm going golfing rain or shine.
ရာသီဥတုကို အရေးမထားပါဘူး ၊ မိုးရွာရွာ နေသာသာ ကျနော်ကတော့ ဂေါက်သီး သွားကစားမှာပါ
.
(6) The concert will be held, rain or shine.
မိုးရွာရွာ နေသာသာ ဂီတတင်ဆက်မှုကို ကျင်းပပါလိမ့်မယ်
(concert (n) ဂီတတင်ဆက်မှု ၊ ဂီတဖျော်ဖြေမှု)
.
(7)
A: "I'm going hiking this Saturday. Do you want to come?"
ဒီလာမယ့်စနေနေ့မှာ ကျနော်က ခရီးရှည်လျောက်ဖို့ရှိတယ် ၊ ခင်ဗျားလိုက်မလား
(hiking (n) အခက်အခဲများဖြတ်ကျော် ခရီးရှည်လျှောက်ခြင်း)
.
B: "That sounds good. Rain or shine, count me in."
အဲဒါ ကောင်းမယ့်ပုံပဲ ၊ မိုးရွာရွာ နေသာသာ ကျနော်လည်း လိုက်မယ်
(count me in (idm) ကျနော့်ကို ထည့်ထွက်ပါ ၊ ကျနော်ပါမယ် ၊ sound(linking verb): seem ထင်ရသည်)
……………………………
Other Common Sentences
.
(8) I'm going to go even if it's a downpour.
မိုးသဲကြီးမဲကြီးရွာချလျင်တောင်မှ ကျနော်သွားမှာပါ
(downpour (n) a heavy rainfall. မိုးသဲကြီးမဲကြီးရွာချမှု)
.
(9) Are you still going to go even if it's raining cats and dogs?
မိုးသဲကြီးမဲကြီး ရွာလျင်တောင်မှ ခင်ဗျားသွားဦးမှာပဲလား
(even if : လျင်တောင်မှ ၊ rain cats and dogs (idm) rain heavily မိုးသဲကြီးမဲကြီးရွာသည်)

ဘ၀မှာ နေသာ၍ ကြည်လင်တောက်ပနိုင်ကြပါစေ
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

heart emoticon

Post a Comment

0 Comments

Close Menu