Ad Code

Responsive Advertisement

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၇)


အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၇)
……………………………………………………………
ကျနော်တို့ စကားပြောကြတဲ့အခါ တစ်ခါတရံမှာ ရှည်ရှည်ဝေးဝေး ရှင်းပြဖို့လိုတဲ့အကြောင်းအရာတွေကို ရှင်းမပြချင်တော့တဲ့အခါမှာ “ပြောရလျှင် အရှည်ကြီးပါပဲ” ၊ “ဇတ်လမ်းက အရှည်ကြီးပဲ” စတဲ့ အစားထိုးစကားလုံးလေးတွေသုံးပြီး ရှင်းမပြတော့ပဲ ကျော်သွားတတ်ကြပါတယ် ၊ အဲလိုမျိုး အင်္ဂလိပ်လို ပြောဖို့ကြုံလာတဲ့အခါ လွယ်လွယ်လေး ပြောထွက်ဖို့ပါ..
…………………..
IT'S A LONG STORY
……………………..
(1) I know you want to know what happened but it's a long story.
ဘာဖြစ်ခဲ့လဲဆိုတာ ခင်ဗျားသိချင်တာ ကျနော်သိပါတယ် ၊ ဒါပေမယ့် အဲဒါက ပြောရလျှင် အရှည်ကြီးပါပဲ
.
(2) It's a long story about what happened between us.
ကျနော်တို့ နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရလျှင်တော့ အရှည်ကြီးပါပဲ
.
(3) We used to be friends but it's a long story.
ကျနော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ် ဒါပေမယ့် အဲဒါက ဇတ်လမ်းရှည်ကြီးတစ်ပုဒ်ပါ
.
(4) “How did you two meet?” “It’s a long story.”
ခင်ဗျားတို့ နှစ်ယောက် ဘယ်လို့ တွေ့ခဲ့ကြတာလဲဗျာ ။ ပြောရမှာ အရှည်ကြီးပဲ ။
.
(5) It's a long story but it has a happy ending.
အဲဒီဇတ်လမ်းက အရှည်ကြီးပဲ ဒါပေမယ့် အဆုံးသတ်မှာ ကောင်းခန်းကို ရောက်သွားပါတယ်
.
(6) It's a long story of her younger life.
သူမရဲ့ငယ်နုစဉ်ဘ၀ဇတ်ကြောင်းကတော့ ပြောရလျှင် အရှည်ကြီးပါပဲ
.
(7) It's a long story of struggle and many difficulties.
ရုန်းကန်လှုပ်ရှားမှုနဲ့ အခက်အခဲများရဲ့အကြောင်းကတော့ ပြောရလျှင် အရှည်ကြီးပါပဲ
.
(8) It's a long story of how we are treated and work in our community.
ကျနော်တို့ရဲ့ အသိုက်အ၀န်းမှာ ကျနော်တို့ကို ဘယ်လိုပြုမူဆက်ဆံခံရတယ် ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာ ပြောရလျှင် အရှည်ကြီးပါပဲ
.
(9) It's a long story of how I got here.
ဒီနေရာကို ကျနော် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာ ပြောရလျှင်အရှည်ကြီးပါပဲ
.
(10) It's a long story of her childhood days in Hong Kong.
ဟောင်ကောင်မှာ သူမရဲ့ ငယ်ဘ၀နေ့တွေအကြောင်းကတော့ ပြောရလျှင် အရှည်ကြီးပါပဲ
………………………………….
Other Common Sentences
………………………………
(11) It's hard to explain.
အဲဒါက ရှင်းပြဖို့ခက်ပါတယ်
(12) It will take too long to explain.
ရှင်းပြဖို့ အချိန်အများကြီး ကြာလိမ့်မယ်
.
မေတ္တာဖြင့် 


ဆရာ Win Naing Ooအင်္ဂလိပ်စာစိတ်ဝင်စားသူ Page မှ ပြန်လည် ကူးယူဖော်ပြသည်။

heart emoticon

Post a Comment

0 Comments

Close Menu