Ad Code

Responsive Advertisement

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၀)


အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၀)
...................................................................
Just My Luck = ကျနော့်ကံပါပဲ ၊ ကျနော့်ကံပဲပေါ့
.
(something that you say when something bad happens to you: )
မကောင်းတာတစ်ခုခု ဖြစ်တဲ့အခါ ပြောပါတယ်
.........................
That's just my luck, I never win at anything.
အဲဒါကျနော့်ကံပါပဲ ၊ တစ်ခုခုဆို ကျနော် ဘယ်တော့မှ အနိုင်မရပါဘူး
(အင်္ဂလိပ်တွေက It’s သုံးတဲ့ နေရာတွေမှာ အမေရိကန်တွေက that’s သုံးတာ သတိထားမိပါတယ်)
.
Just my luck, my boss asked me to work late tonight.
ကျနော်ကံပဲပေါ့ဗျာ ၊ ကျနော့်အလုပ်ရှင်က ကျနော့်ကို ဒီနေ့ည နောက်ကျသည်ထိ အလုပ်လုပ်ခိုင်းခဲ့ပါတယ်
.
Just my luck, I got a speeding ticket on the way home.
ကံမကောင်းဘူးဗျို့ ၊ ကျနော့်အိမ်အပြန်လမ်းမှာ (အမြန်နှုန်းပိုမောင်းလို့ဆိုပြီး ယာဉ်ထိန်းရဲဖြတ်ပေးတဲ့) ဒဏ်ငွေဆောင်ဖို့ ချလံရခဲ့တယ်
(speeding ticket = အမြန်နှုန်းပိုမောင်းသူများ ဒဏ်ငွေဆောင်ရန် ဖြတ်ပေးသော လက်မှတ်)
.
They sold the last ticket five minutes before I got there - just my luck!
ကျနော် အဲဒီကိုမရောက်ခင် ငါးမိနစ်မှာ နောက်ဆုံးလက်မှတ်ကို သူတို့ရောင်းလိုက်ပြီ .. ဆိုးတဲ့ကံပဲကွာ !
.
Just my luck, they'd sold out by the time I got there.
ကျနော့်ကံပါပဲ ၊ ကျနော် အဲဒီကို မရောက်ခင်လေးမှာ သူတို့က အားလုံးရောင်းပြီးသွားခဲ့ပြီ
(sell out = လက်ကျန်မရှိသည်အထိ ရောင်းသည်)
.
I have to work on weekends so I can't go to the beach with you, just my luck.
သီတင်းပါတ်ကုန်ရက်တွေမှာ ကျနော်အလုပ်လုပ်ရမယ် ဒါကြောင့်မို့ ကျနော် ခင်ဗျားနဲ့ ပင်လယ်ကမ်းခြေကို မသွားနိုင်တော့ပါဘူး ၊ ကျနော် ကံဆိုးတာပေါ့
.
Other Common Sentences
...........................
I am so unlucky.
ကျနော် သိပ်ကံဆိုးတယ်
I have bad luck.
ကျနော့်မှာ မကောင်းတဲ့ကံ ရှိနေတယ်
...................................
ကံကောင်းခြင်းများသာ ရရှိကြပါစေ
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook အင်္ဂလိပ်စာ Group မှ ကူးယူဖော်ပြသည်။
https://www.facebook.com/groups/301039613329048/?fref=nf

Post a Comment

0 Comments

Close Menu