Ad Code

Responsive Advertisement

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၁)



ပုံမှန်အားဖြင့်တော့ idiom တွေက နေ့စဉ်ပြောစကားတွေမှာ အသုံးနည်းပါတယ် ၊ ဒါကြောင့် အခြေခံလေးတွေကိုပဲ ကျွမ်းကျင်မှု ရအောင် ဦးစားပေးသင့်ပါတယ် ၊ သို့သော်လည်း နည်းနည်းချင်းတွဲဖက်လေ့လာ သွားမယ်ဆိုလျင် ပထမဆင့်အနေနဲ့ သူများပြောတာ ကြုံတဲ့အခါ အဓိပ္ပါယ်ကို နားလည်နိုင်ပါလိမ့်မယ် .. နောက်တော့ ကိုယ်တိုင်လည်း အလျဉ်းသင့်သလို သုံးတတ်သွားမှာပါ ။

(1) Bored to death = အရမ်းအရမ်းပျင်းသော ၊ ပျင်းလို့သေတော့မယ် ( သေလောက်အောင် ပျင်းဖို့ကောင်းတယ် )
.
1. I have nothing to do. I'm BORED TO DEATH.
ငါ့မှာ ဘာမှ လုပ်စရာမရှိဘူး ၊ ငါတော့ ပျင်းလို့သေတော့မယ်
.
2. I hate it when I'm BORED TO DEATH.
ငါတော့ သေလောက်အောင် ပျင်းဖို့ကောင်းတဲ့ အချိန်ကို မုန်းတယ်
.
3. Would you be super busy or BORED TO DEATH?
ခင်ဗျား အလွန်အမင်း အလုပ်ရှုပ်နေလား ဒါမှမဟုတ် သေလောက်အောင် ပျင်းနေလား
(very, so တို့က ရိုးလို့ super တို့ hyper တို့ကို အစား သုံးကြတယ် )
.
4. The speeches went on for an hour. I was BORED TO DEATH.
မိန့်ခွန်းတွေက တစ်နာရီကြာ ဆက်ပြီး ပြောနေခဲ့ပါတယ် ၊ ကျနော် သေလောက်အောင် ပျင်းခဲ့တာပေါ့ဗျာ
…………………………
(5)
A: "Hey Sara, what are you doing?"
ဟေး..ဆာရာ ၊ မင်းဘာတွေ လုပ်နေလဲ ဟေ့
.
B: "I'm reading a book. What are you doing?"
ငါ စာအုပ်တစ်အုပ်ဖတ်နေတယ် ။ မင်း(ရော) ဘာတွေလုပ်နေလဲ
.
A: "I am doing nothing. I'm BORED TO DEATH. Let's do something."
ငါ ဘာမှ လုပ်မနေဘူး ၊ ပျင်းလို့သေတော့မယ် ၊ တစ်ခုခု လုပ်ကြစို့
.
B: "Sure. Come over and we can play some games."
သေချာတာပေါ့ ၊ လာခဲ့လေ ပြီးတော့ တို့တွေ ဂိမ်းတချို့ ကစားနိုင်ပါတယ်
.
BORE TO TEARS ကိုလည်း တူညီတဲ့ အဓိပ္ပါယ်နဲ့သုံးပါတယ် ၊ မြန်မာလိုပြန်ရတာတော့ နည်းနည်းဂွကျပါလိမ့်မယ် ၊ ပျင်းတာကို သာမန်ထက်ပိုပြီး တင်စားပြောချင်တာပဲလို့ နားလည်လိုက်ပါ
.
(6) I was BORED TO TEARS the whole time he was talking the same stories over and over again.
သူက တချိန်လုံး တူညီတဲ့ ဇတ်ကြောင်းတွေကိုပဲ ထပ်ခါထပ်ခါ ပြောနေတော့ ကျနော်ဖြင့် အရမ်း ပျင်းလို့သေတော့မယ်
.
** သုံးခဲ့တာတွေက adj နေရာတွေ ဖြစ်ပါတယ် ၊ bored ရှေ့မှာ V-be ရှိနေတာကို ကြည့်လိုက်ပါ၊ Bored မှာ “ed” ပါတာကို သတိထားပါ ။
………………………………......................................................................
Bore (somebody) to death လည်း သုံးလို့ ရပါတယ် ၊ ဒီမှာက Phrasal Verb ပုံစံ ဖြစ်သွားပါတယ် ၊ ဒါကြောင့် “သေလောက်အောင် ပျင်းရိစေသည်” လို့ ဖြစ်သွားပါတယ်
.
(7) His books BORE me TO DEATH.
သူ့စာအုပ်တွေက ကျနော့်ကို သေလောက်အောင် ပျင်းစေတယ်
.
(8) The lecture BORED everyone TO DEATH.
ပို့ချချက်က လူတိုင်းကို သေလောက်အောင် ပျင်းစေခဲ့တယ်
.
(ဒီ bored က bore ရဲ့ past tense form (V2) ပါ အထက်ကနဲ့ မတူပါဘူး ၊ ed ပေါင်းပြီး ဖြစ်လာတဲ့ adj နဲ့ ed ပေါင်းပြီး Past form လုပ်ထားတဲ့ verb ဟာ မကွဲမပြားဖြစ်တတ်ပါတယ် ၊ ၀ါကျပုံစံကိုကြည့်ပြီးခွဲရပါတယ်)
……………...
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu