Ad Code

Responsive Advertisement

iPhone မလုပ်နိုင်တဲ့ Samsung Galaxy S7 ရဲ့ အားသာချက်


iPhone နဲ့ Samsung တို့ဟာ ကမ္ဘာ့ ပြိုင်ဘက် အပြင်းထန်ဆုံး နည်းပညာ Company နှစ်ခု အဖြစ် အများက သတ်မှတ်ထားပေမဲ့ Samsung နဲ့ Appleတို့ဟာ တစ်ခုနဲ့ တစ်ခု အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ကမ္ဘာ့ပြိုင်ဘက် အပြင်းထန်ဆုံး နည်းပညာ Company အဖြစ်သတ်မှတ်ထားကြပေမဲ့ သူတို့ Company နှစ်ခုဟာ တစ်ပြိုင်နက်တည်းဈေးကွက်အတွင်းကို ထိုးဖောက်ကြတဲ့ ပစ္စည်းတွေမဟုတ်ကြပါဘူး။


ရေစိမ်ခံနိုင်ခြင်း
—————–
Apple ဟာ ရေငွေ့မရိုက်စေတဲ့ နည်းပညာအချို့ကို iPhone 6S ထဲမှာ ထည့်သွင်းပေးထားပေးမဲ့ ရေစိမ်ခံနိုင်လောက်တဲ့အထိတော့ ယုံကြည်စိတ်ချရမှု မရှိပါဘူး။ ဒါပေမဲ့ Samsung Galaxy S7 မှာတော့ မိနစ်သုံးဆယ် ဝန်ကျင်ခန့်အထိ ရေစိမ်ခံနိုင်ပါတယ်။
samsung charges
အမှန်တကယ် လျင်မြန်စွာ အားသွင်းနိုင်ခြင်း
————————————–
Samsung Galaxy S7 ရဲ့ အားသွင်းနှုန်းဟာ Micro USB ကနေ တစ်ဆင့် အားသွင်းမယ်ဆိုရင် အမှန်တကယ် လျင်မြန်တာကိုတွေ့မြင်ရမှာပါ။ အရင်က Samsung Galaxy S6 တုန်းက နှစ်နာရီကြာအားသွင်းမှသာ ၁၀၀ ရာခိုင်နှုန်း အပြည့် အားဝင်တာဖြစ်ပါတယ်။ အလားတူပဲ iPhone 6S Plus ကို အားသွင်းတဲ့အခါမှာတော့ သုံးနာရီကြာ အားသွင်းနိုင်မှသာ လျှင် ၁၀၀ ရာခိုင်နှုန်းပြည့် အားဝင်တာဖြစ်ပါတယ်။
ဒါ့ပေမဲ့ Samsung Galaxy S7 ကတော့ နာရီ ဝက်လောက်အားသွင်းတာနဲ့ ၆၀ ရာခိုင်နှုန်းလောက် အားပြည့်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။
samsung wireless

ကြိုးမဲ့ စနစ်နဲ့အားသွင်းနိုင်ခြင်း
———————————-
Samsung Galaxy S7 ရဲ့ အထူးခြားဆုံးအားသာချက်ကတော့ ကြိုးမဲ့ စနစ်နဲ့အားသွင်းခြင်းဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ခြင်းဟာ USB ကြိုးနဲ့ အားသွင်းခြင်းထက် ပိုမို လျင်မြန်ပါတယ်။ ဒါဟာ iPhone မှာမရရှိသေးတဲ့ Samsung ရဲ့ အံ့သြဖွယ်ရာ Feature တစ်ခုဖြစ်ပါတယ်။
iPhone 6S ထက် Auto-focus ကို လျင်မြန်စွာ ချိန်ပေးခြင်း
—————————————————
iPhone နဲ့ ကင်မရာရိုက်တဲ့ ဓါတ်ပုံအချို့က Resolution ကောင်းတယ်ဆိုပေမဲ့ ဓါတ်ပုံရိုက်နေစဉ်အတွင်း ကင်မရာ အရှေ့ကနေ တစ်စုံတစ်ခု ဖြတ်သန်းသွားမယ်ဆိုရင် Auto focus က ချိန်ပေးတာ နောက်ကျတဲ့အပြင် ကင်မရာရှေ့က လှုပ်ရှားသွားတဲ့ အရာဝတ္ထုနောက်ကို လိုက်ပြီး Focus ရောက်သွားတဲ့အတွက် မိမိတကယ်လိုချင်တဲ့ Focus ကပျက်သွားပါတယ်။
Samsung Galaxy S7 မှာတော့ ဒီလို Focus မတည်ငြိမ်တဲ့ ပြဿ နာ လုံးဝမဖြစ်ပေါ်စေရပါဘူး။ ဘာကြောင့်လဲဆိုတော့ Samsung Galaxy S7 ရဲ့ Auto Focus ဟာ ဓါတ်ပုံရိုက်နေစဉ်အတွင်း ကင်မရာရှေ့ကနေ တစ်စုံတစ်ခု ဖြတ်သန်းသွားရင်တော့ လှုပ်ရှားသွားတဲ့ အရာဝတ္ထုနောက်ကို လိုက်မသွားပဲ မိမိချိန်ထားတဲ့ Focus ကိုပဲ ချိန်ပေးထားခြင်းဖြစ်ပါတယ်။
samsung simcard
Micro SD Card ထပ်မံ တိုးချဲ့ နိုင်ခြင်း
————————————-
Samsung Galaxy S7 ဟာ Micro SD ကဒ် ထပ်ထည့်နိုင်တဲ့ Slot ကို Sim Card ထည့်တဲ့ Slot လေးနဲ့ တွဲဖက်ကာ ထည့်သွင်းပေးထားပါတယ်။ ဒါဟာ iPhone မှာ မပါဝင်တဲ့ Samsung ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။
samsung battery
ဘက်ထရီကြာရှည်ခံခြင်း
————————-
Samsung Galaxy S7 နဲ့ S7 Edge မှာ ပါဝင်ထည့်သွင်းပေးထားတဲ့ ဘက်ထရီဟာ 3,600mAh အမျိုးအစား ဘက်ထရီကို အသုံးပြုထားတဲ့အတွက်ကြောင့် ဘက်ထရီခံနိုင်အားက iPhone 6S နဲ့ 6S Plus တို့ထက် ပိုမိုကြာရှည်ခံပါတယ်။ iPhone 6s နဲ့ 6s Plus တို့မှာပါဝင်တဲ့ ဘက်ထရီတွေကတော့ 1,715 mAh အမျိုးအစားနဲ့ 2,750 mAh အမျိုးအစားတို့ဖြစ်ပါတယ်။
samsung pay
Samsung Pay နဲ့ Apple Pay တို့ကွာခြားခြင်း
————————————
Samsung ရဲ့ Samsung Pay စနစ်ဟာ ဘယ် Credit Card reader အမျိုးအစားနဲ့ မဆို ငွေပေးချေခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ပြီး Credit card reader စနစ်အဟောင်းနဲ့လည်း လိုက်ဖက်စွာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Apple ရဲ့ Apple Pay ကတော့ အခုနောက်ပိုင်းမှ ထုတ်လုပ်ထားတဲ့ Credit Card Reader အသစ်နဲ့မှသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။
samsung alway on
မျက်နှာပြင် အမြဲတမ်းပွင့်နေသည့် “Always-on” Feature ပါဝင်ခြင်း
————————————————–
Samsung Galaxy s7 မှာ ပါဝင်တဲ့ Alway-on ဆိုသည့် Feature ဟာ ဖုန်းမှာပါဝင်တဲ့ နေ့ရက်နဲ့ အချိန်ကို ကြည့်ချင်တဲ့အခါ Screen ကို ခလုပ်နဲ့ ဖွင့်စရာ မလိုပဲ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် အခြား Notification များကိုလည်း ဖုန်းမှာပါဝင်တဲ့ Alway-on feaute ကို ဖွင့်ထားလိုက်ရုံနဲ့ Power Button ကို နှိပ်ကာ ကြည့်ရှုရတဲ့ အလုပ်ရှုပ်ခြင်းမှ ကင်းဝေးသွားစေပြီး Screen ကို တိုက်ရိုက် အသုံးပြုနိုင်တဲ့ Feature ဖြစ်ပါတယ်။ iPhone ကတော့ ဖုန်းမှာပါဝင်တဲ့ နေ့ရက် ၊ အချိန်နဲ့ အခြား Notification များကိုကြည့်ရှုလိုရင် Power Button သို့မဟုတ် Home button ကို နှိပ်ပြီး ကြည့်ရှုမှသာ မြင်တွေ့ရမှာဖြစ်ပါတယ်။
samsung edge
Samsung Galaxy S7 Edge ဟာ ဘေးဘက် မျက်နှာပြင်များ ကွေးနေခြင်း
—————————————————-
Samsung Galaxy S7 Edge မှာ သင့်ရဲ့ အမြဲတမ်း အသုံးပြုလေ့ရှိတဲ့ Application, ဖုန်း Contact နဲ့ အခြား သတင်း application များကို အလွယ်တကူ အသုံးပြုလေ့ရအောင်လို့ Galaxy S7 Edge ရဲ့ ဘေးဘက်တွေမှာ ပါဝင်တဲ့ အစွန်းပေါ်မှာ ထားသိုကာ ကွေးနေတဲ့ မျက်နှာပြင်ကို အသုံးချထားနိုင်ပါတယ်။
အထက်ပါ အချက်တွေကတော့ Samsung ရဲ့ iPhone မလုပ်နိုင်တဲ့ အံ့သြစရာကောင်းတဲ့ အချက်တွေပဲဖြစ်ပါတယ်။
Ref: TeachInsider
Aung Ko Htet (MMA)
#aungkohtet_mma

Post a Comment

0 Comments

Close Menu