Ad Code

Responsive Advertisement

♪ “MECTEL CDMA 800 ဆင်းကတ်အသုံးပြုသူများ ၃ဝဝဝ ကျပ်နှင့်အထက် ငွေဖြည့်ပြီး SAMSUNG GALAXY NOTE 4 (၁၆) လုံး ကံစမ်းနိုင်” ♫


MECTel မှ နှစ်သစ်ကူးအထူးအစီအစဉ်အနေဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ငွေကျပ် ၃ဝဝဝ နှင့်အထက်ငွေဖြည့်သူတိုင်း Samsung Galaxy Note 4 (၁၆)လုံး အပါအဝင်ဆုမဲပေါင်းများစွာ ကံစမ်း နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ဆုမဲအရေအတွက် သတ်မှတ်ချက်အရ MECTel ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက ၁ မိနစ် အထက်ပြောလျှင် ကံစမ်းမဲလက်မှတ် ၁ စောင်၊ ၃ဝဝဝ ကျပ် ငွေဖြည့်လျှင် ၃၅ စောင်၊ ၅ဝဝဝ ကျပ် ငွေဖြည့်လျှင် ၇ဝ စောင်၊ ၁ဝဝဝဝ ကျပ်ငွေဖြည့်လျှင် ၁၅ဝ စောင်၊ SIM ကတ်အသစ် သုံးစွဲလျှင် အစောင် ၁ဝဝ ရရှိမည်ဖြစ်သည်။

(ငွေဖြည့်သွင်းရာတွင် ခဲခြစ်ငွေဖြည့်ကတ်ဖြင့် ထည့်သွင်းခြင်း၊ myanmar mobile money ဖြင့် ဖြည့်သွင်းခြင်း၊ E-Top up card ဖြင့် ဖြည့်သွင်းခြင်း)မည်သည့်ပုံစံဖြင့် မဆို ဖြည့်သွင်း နိုင်မည်ဖြစ်သည်။ ကံစမ်းမဲ လက်မှတ် အရေအတွက် ၈ဝ နှင့်အထက်ရရှိသူများ သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်ပြီး ဧပြီလ ၈ရက်နေ့တွင် ပထမအကြိမ်၊ ဧပြီလ ၂၂ ရက်နေ့တွင်ဒုတိယအကြိမ်၊ ဧပြီလ ၂၉ရက်နေ့တွင် တတိယ အကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးသွားရန် စီစဉ်ထားပါသည်။ မဲဖောက်ပေးမည့် ဆုမဲစာရင်းတွင် Samsung Galaxy Note 4 (၁၆) လုံး၊ Samsung Tab A (၈)လုံး၊ Sony 40" TV (၄)လုံး၊ ရွှေဒင်္ဂါး (၁)ကျပ်သား (၃ဝ)ခု၊ ၃ဝဝဝိ/- ကျပ်တန် ငွေဖြည့်ကတ် (၇၄၄၂)ကတ် အစရှိသော ဆုမဲပေါင်း (၇၅ဝဝ)ကိုထည့်သွင်းထားကြောင်း သိရသည်။ အပတ်စဉ်ဆုမဲပေါင်း ၂၅ဝဝကို မဲဖောက်ကံစမ်းပေးရန်စီစဉ်ထားပြီး ကံစမ်းမဲအရေအတွက် စုံစမ်းလို ပါက SMS number 233 သို့ April ဟု ရိုက်နှိပ်ပေးပို့၍သော်လည်းကောင်း 1212 Call Center သို့ လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Package ရယူသူများကိုလည်း ကံစမ်းမဲ ထည့်သွင်းရေတွက် ပေးသွားမည် ဖြစ်ပြီး monthly package အစီအစဉ်တွင် Diamond ဝယ်ယူပါက (1500)စောင်၊ Gold ဝယ်ယူပါက (700) စောင်၊ Silver ဝယ်ယူပါက အစောင် 350 ရရှိမည်ဖြစ်ပါသည်။ SMS Bolt on package အစီအစဉ်တွင် 480 minute ဝယ်ယူပါက အစောင် 600, 120 minute ဝယ်ယူပါက (140) စောင်၊ 60 minute ဝယ်ယူပါက (70) စောင်ကိုလည်း ပေးသွားမည်ဖြစ်သည်။ SMS Bolt on package အစီအစဉ်တွင် 200pcs ဝယ်ယူပါက (180) စောင်၊ 100 pcs ဝယ်ယူပါက (80) စောင်၊ 50pcs ဝယ်ယူပါက (40) စောင် ရရှိနိုင်မည်ဖြစ် သည်။ Data Bolt on Package အစီအစဉ်အရ 2GB ဝယ်ယူပါက (650) စောင်၊ 1GB ဝယ်ယူပါက (320) စောင်၊ 500MB ဝယ်ယူ ပါက (150) စောင်၊ 100MBဝယ်ယူပါကမဲအရေအတွက်အစောင် ၃ဝအစရှိသည်ဖြင့် သတ်မှတ် ရေတွက်ပေးရန် စီစဉ်ထားပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Post a Comment

0 Comments

Close Menu