Ad Code

Responsive Advertisement

♪ ပထမရောင်းချတဲ့ ရက်မှာတင် အလုံးရေလေးသန်းရောင်းချခဲ့ရတဲ့ Mi 5 ♫


Xiaomi ရဲ့ Mi 5 ဟာ အရင်ကတည်းက ကြိုတင်ပြီး ခေတ်စားခဲ့တဲ့အတိုင်း သူတို့ရဲ့ အဓိကစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi 5 ကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပထမအကြိမ်စတင်ရောင်းချမှု မှာတင် အလုံးရေ လေးသန်းကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Xiaomi ဟာ Mi 5 ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့က ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် မှာထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်က Mi 4 ကိုထုတ်လုပ်အောင်မြင်ခဲ့တဲ့ Xiaomi ဟာ Mi 5 ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီး ထပ်မံထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ Mi 5 မှာ 3GB ရှိတဲ့ Internal RAM နဲ့ Snapdragon 820 SoC Processor တို့ ပါဝင်ပြီး မှာယူမှုကလည်း ၁၆.၈ သန်းရှိခဲ့တာပါ။

တရုတ်ကထွက်ရှိခဲ့တဲ့ သတင်းတွေအရ Xiaomi ဟာ အလုံးရေလေးသန်းကို ပထမဆုံးရောင်းချတဲ့ အသုတ်မှာတင် ရောင်းချခဲ့ရတာဖြစ်ပြီး အချိန်အတိုင်းအတာကတော့ ဗုဒ္ဓဟူးနေ့ကနေစတင်ခဲ့တာပါ။ ဒါပေမယ့် နောက်ထပ်ထွက်လာတဲ့ သတင်းတွေအရတော့ Xiaomi ဟာ သုံးစွဲသူတွေဆီကနေ အလွန်ပေါများတဲ့ ဝယ်လိုအားကိုတော့ မမျှော်မှန်းထားဘူးလို့ သိရပါတယ်။ တရုတ်ကုမ္ပဏီကြီးဟာ ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့အတွက် Foxconn Manufacturing နဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုမယ်လို့ သိရပါတယ်။

Mi 5 ဖုန်းတွေကို အမျိုးအစား သုံးမျိုးခွဲခြားထားပြီး ဒေါ်လာသုံးရာဝန်းကျင်ကနေ ဒေါ်လာ ငါးရာထိရှိနိုင် တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ မတ်လ ပထမအပတ်ထဲမှာ စတင်ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
Ref: Gadgets360

Credit to ==> Digital News

Post a Comment

0 Comments

Close Menu