Ad Code

Responsive Advertisement

♪ မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်မယ့် RAM 3GB၊ Fingerprint ပါ Xiaomi Redmi 3 Pro ဖုန်း ထွက်ရှိ ♫


Xiaomi ဟာ Redmi 3 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ Redmi 3 Pro ဖုန်းကို မနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ထူးခြားချက်အားဖြင့် Redmi 3 ဖုန်းမှာ လက်ဗွေရာစနစ်မပါပေမယ့်၊ ဒီ Pro ဖုန်းမှာတော့ ကျောဘက်မှာ လက်ဗွေရာဖတ်စနစ်ပါဝင်လာပါတယ်။ RAM ကလည်း Redmi 3 တုန်းက 2GB ဖြစ်ပေမယ့်၊ ဒီဖုန်းမှာတော့ 3GB အထိ ဖြစ်သွားပါတယ်။

ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် ဆိုပြီး အရောင်သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့်လည်း ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) သာရှိတာကြောင့်၊ ဈေးနှုန်း နည်းနည်းနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။

Xiaomi Redmi 3 Pro ဖုန်းကို တရုတ်နိုင်ငံမှာ နောက်လစတင်ရောင်းချသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရောင်းချသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Xiaomi Redmi 3 Pro မှာ ပါဝင်တဲ့ အသေးစိတ် specs တွေကတော့ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ octa-core Qualcomm Snapdragon 616 ပရိုဆက်ဆာ၊ 3GB DDR3 RAM ၊ ဂရပ်ဖစ်အနေနဲ့ Adreno 405 GPU ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှုအနေနဲ့ 32 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိလည်း ထပ်စိုက်နိုင်ပါတယ်။ Redmi 3 ဖုန်းတုန်းကတော့ RAM 2GB နဲ့ inbuilt storage 16 GB ပဲ ပါရှိတာဖြစ်ပါတယ်။

MIUI 7 ပါဝင်လာမယ်လို့သိရပြီး၊ Android ဗားရှင်း ဘယ်လောက်ပါဝင်လာမလဲဆိုတာကိုတော့ တရားဝင် ကြေငြာရခြင်းမရှိသေးပါဘူး။

Ref: Gadgets 360
Credit to ==> Digital Times

Post a Comment

0 Comments

Close Menu