Ad Code

Responsive Advertisement

“SAMSUNG GALAXY A7 (2016)”


လက်ရှိအချိန်တွင် Samsung အားပြုကြော်ငြာနေသည့် ဖုန်းအမျိုးအစားမှာ S7 Edge နှင့် S7 တို့ဖြစ်ပါတယ်။ Samsung ၏ ယှဉ်ပြိုင်ဘက်ဖြစ်သော Apple ကလည်း ဖုန်းအသစ်များကို မိတ်ဆက်လာပါ တယ်။ Samsung ဟာ အခြား Series အမျိုးအစားများကိုလည်း မိတ်ဆက်ရောင်းချပေးနေပါတယ်။ A Series နှင့် J Series တို့ဖြစ်ပါတယ်။ ယခုရောင်းချပေးနေသော အမျိုး အစားများသည် 2016 Edition ဖြစ်ပါတယ်။

A7 (2016) နှင့် A7 ဟာ မျက်နှာပြင် အရွယ်အစား ပမာဏချင်းတူပါတယ်။ အသုံးပြုပေးထားသော ဖုန်းမျက်နှာပြင် အမျိုးအစားကတော့ Super AMOLED Capacitive Touchscreen ဖြစ်ပါတယ်။ ဖုန်း မျက်နှာပြင် အကျယ်အ၀န်းပမာဏဟာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏ ကတော့ 1080 × 1920 ပါ။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆသည် 401 ppi ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ အကျယ် အ၀န်းကတော့ 151.5 × 74.1 × 7.3 mm ရှိကာ အလေးချိန်သည် 172g ဖြစ်ပါတယ်။ A7 2016 ရဲ့ ဖုန်း ကိုယ်ထည်ဟာ တောက်ပ၍ အကြမ်းအတမ်း ခံနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် Gorilla Glass 4 back panel ဖြင့် တည် ဆောက်ထားခြင်းကြောင့် ပါ။ ဖြန့်ချိရောင်းချရာ နေရာဒေသပေါ်လိုက်၍ မော်ဒယ်နံပါတ် ကွဲများစွာရှိပါ တယ်။ A 710F သည် Europe အတွက်ဖြစ်ပြီး၊ Latin America အတွက်ကတော့ A710M ဖြစ်ပါတယ်။ A710FD ဟာ Southeast Asia အတွက်ဖြစ်ပြီး Hong Kong အတွက်ကတော့ A7100 ဖြစ်ကာ Taiwan အတွက်မှာ A710Y ဖြစ်ပါတယ်။ ဆင်းကတ် တစ်ကတ်သုံးနဲ့ နှစ်ကတ် သုံးဆိုပြီး ကွဲပြားနိုင်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါတယ်။

ကင်မရာ နှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပြီး Autofocus , LED Flash , OIS စနစ်များနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အဓိက ကင်မရာသည် 13MP စွမ်းရည်ရှိပြီး f/1.9 ပါရှိပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ ရှေ့ကင်မရာငယ်ရဲ့ စွမ်းရည်မှာ 5MP ဖြစ်ပြီး f/1.9 ပါရှိပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပါ မယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage ၌ 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။

အချက် အလက်အများအပြား သိမ်းဆည်းနိုင်စေရန် Card Slot စနစ် ပါရှိပါသေး တယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏမှာ 128GB အထိ ဖြစ်ပါ တယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3300 mAh ဖြစ်ပါတယ်။ 3G Network တွင် စကားပြောဆိုဖို့ ၁၇ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ မြန်ဆန်သော ဘက်ထရီအားသွင်းစနစ်လည်း ပါရှိပါ တယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.2 GHz&QC 1.5GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - up to 128 GB
OS - Android OS,v5.1.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Post a Comment

0 Comments

Close Menu