Ad Code

Responsive Advertisement

Samsung Galaxy Grand Prime SM-G531H ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်း


Samsung Galaxy Grand Prime SM-G531H ဖုန်းဗားရှင်း 
Android 5.1.1 Root လုပ်နည်းကို ပြန်လည်တင်ပေးလိုက်ပါတယ်။

ဒီဖုန်း Root လုပ်မယ်ဆိုရင်တော့ chainfire ရဲ့ Auto Root ဖိုင်ဖြင့် Odin ကနေ
 အလွယ်တကူ Flash ပေးပြီး Root access ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy Grand Prime SM-G531H ဖုန်းအတွက်
သီးသန့်ဖြစ်ပြီးဖုန်း Android 5.1.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။


လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ





CF-Auto Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


www.zunite.org

Post a Comment

0 Comments

Close Menu