Ad Code

Responsive Advertisement

Samsung Galaxy S5 G900F ဖုန်းကို Android 6.0.1 MoKee Custom ROM တင်နည်း


Samsung Galaxy S5 G900F ဖုန်းကို ကိုင်ဆောင်ထားကြတဲ့ညီအကိုတွေအတွက်
Android 6.0.1 MoKee Custom ROM တင်နည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် 6.0.1 လေးထွက်နေပါပြီ Custom Rom များကို အကြိုက်တွေ့တဲ့ 
သူတွေကတော့ အကြိုက်တွေ့ကြမှာပါဒီ Custom Rom ကိုတင်ယူမယ်ဆိုရင်တော့ 
မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်။


လိုအပ်ချက်များ
=========
ယခုဖေါ်ပြပါ Custom Rom တင်နည်းသည် Galaxy S5 G900F ဖုန်းအတွက်
သီးသန့်သာဖြစ်ပါတယ်၊ တစ်ခြား ဖုန်းတွင် ထည့်သွင်းခြင်းလုံးဝမပြုလုပ်ပါနဲ့။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
Custom Rom တင်ယူရန်အတွက် သင့်ဖုန်းတွင် Battery 50% အနည်းဆုံးရှိနေရပါမယ်

ဖုန်းကို TWRP Recovery ထည်သွင်းထားပြီးသား ဖြစ်နေရပါမယ်။

ဖုန်းတစ်လုံးအတွက် အရေးကြီးတဲ့ Contacts, call logs များနဲ့ 
Text messages များကို Backup ပြုလုပ်ထားလိုက်ပါ။

အထူးသဖြင့် Nandroid backup တစ်ခုအဖြစ်ဖြင့် Rom တစ်ခုလုံးကို Backup ပြုလုပ်ထားလိုက်ပါ

[Custom Rom တင်ယူခြင်းအဆင်မပြေတာပဲဖြစ်ဖြစ် မကြိုက်တော့ရင်ပဲဖြစ်ဖြစ် Stock Rom ကို 
Backup လုပ်ထားပြီးသားရှိနေရင်တော့ အလွယ်တကူ Restore လုပ်ယူနိုင်ပါတယ်]

Custom Rom တင်နည်းကို အောက်ပါနည်းလမ်းများအတိုင်း ပြုလုပ်လိုက်ပါ။


ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက် မိမိရဲ့
OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။ 






How To Install Android 6.0.1 MoKee Custom ROM
===================================
၁။ ပထမဆုံး မိမိဖုန်းမှာ TWRP recovery ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်

၂။ ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ

၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး TWRP recovery mode သို့ဝင်လိုက်ပါ
 twrp recovery mode တွင် Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Android 6.0 MoKee Marshmallow ROM.zip ကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ Twrp recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ Twrp recovery Mode တွင် Install Zip > Choose Zip from SD card > သွားလိုက်ပြီး
Android 6.0 Bliss Marshmallow ROM.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၈။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot မချလိုက်ပါနဲ့ဦး။

Gapps.zip ဖိုင်ကို ထည့်သွင်းပေးရပါဦးမယ် ဒီအတွက် အောက်မှာဆက်ဖတ်ကြည့်ပါ။


Installing the Google Gapps
====================
၁။ Android 6.0.Marshmallow Google Gapps file ကိုအရင်ရယူပါ

၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။

၃။ Google Gapps file ကို Copy ကူးပြီး nternal storage SD card သို့ Past လုပ်ပါ။

၎။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery mode သို့ဝင်လိုက်ပါ။

၅။ Recovery Mode တွင် "Install" ကိုနှိပ်။

၆။ Install From SD Card မှာ Google Gapps file ကိုရွေးချယ်ပေးလိုက်ပါ။

၇။ Flash loading ပြီးသွားခဲ့ရင်တော့ Backup ကီးကိုနှိပ်ပြီး နောက်ပြန်ဆုတ်ကာ
 "Reboot System Now" ဆိုတာကို နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Android 6.0.1 Mokee Custom Rom
လေး သင့်ဖုန်းမှာ ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu