Ad Code

Responsive Advertisement

WIFI အကြောင်း သိ​ကောင်းစရာ



WIFI ကိုသုံးပြီး WIFI အကြောင်းလေးသိစေဖို့
=========================

ယခုခေတ်တွင် Wifi ဟုဆိုလိုက်သည်နှင့် Wireless နည်းပညာကို အသုံးပြု၍ အင်တာနက် အသုံးပြုနိုင်တဲ့ နည်းပညာလို့  အားလုံးသိနေကြပြီဖြစ်ပါတယ်။ Wifi ကိုကျနော်တို့  ယခုဆိုလျှင် ကျယ်ကျယ် ပြန့် ပြန့်  ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ YKKO ကဲ့သို့  ကြေးအိုးဆိုင်မျိုးဆိုလျှင် သူတို့  ဆိုင်များတွင် Wifi ကို လာရောက်စားသုံးသူများအတွက် Free ပေး၍စွဲဆောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် Wifiကိုကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတာကို တွေ့  မြင်နိုင်ပါတယ်။

 
  ဒါပေမယ့် ကျနော်တို့ သိနေသော Wifi တွင် Standard အမျိုးမျိုး ရှိနေသည်ဆိုတာကိုတော့ တော်ယုံတန်ယုံ သတိပြုမိ ကြမည်မထင်။ ယခုအခါကျနော်တို့  အနေနဲ့  Mobile ဖုန်းများ၊Laptop များ၊ Router များဝယ်ယူသည် ဆိုလျှင် Wifi Specs ကိုကြည့်လိုက်မည်ဆိုလျှင် 802.11 a/b/g/n စသည်ဖြင့် တွေ့ မိကြမည်ထင်ပါတယ်။ အဲဒီ 802.11 a/b/g/n ဆိုတာတွေကဘာတွေတုန်း? ဒါ့ကြောင့် ဒီဆောင်းပါးတွင်တော့ အဲဒီ 802.11 a/b/g/n တွေအကြောင်းကို ကျနော် အကျဉ်းချုံး၍ အနည်းအငယ်မျှ ရှင်းပြလိုပါတယ်။
 

802.11 - ၁၉၉၇ခုနှစ်တွင် Institute of Electrical and Electronics Engineers (IEEE) မှနေ၍ ပထမဆုံး Wireless Local Area Network (WLAN) Standard ကိုစတင်တီထွင်ခဲ့ကြပါတယ်။ 
အဲဒီ Standard ကို 802.11 ဆိုပြီး နာမည်ပေးခဲ့ကြပါတယ်။
 
သို့ သော် 802.11 သည် Network Bandwidth ကို 2 Mbps အထိသာ အများဆုံး Support လုပ်နိုင်ပါတယ်။ ထို့ ကြောင့် တော်ရုံတန်ရုံ Application များအတွက်တော့ 2 Mbps သည် အဆင်မပြေချေ။


802.11b – IEEE မှနေ၍ ၁၉၉၉ ခုနှစ် ဇူလိုင်လတွင်တော့ နဂိုရှိပြီး ဖြစ်သော 802.11 Standard ကိုနောက်တစ်မျိုးထပ်တိုး၍ 802.11b Standard ဆိုပြီးတီထွင်ခဲ့ကြပါတယ်။

 
 802.11b တွင်တော့ Bandwidth သည် 11 Mbps အထိ Support ပေးနိုင်ပါတယ်။
ထို့ အပြင် အကွာအဝေးအားဖြင့် ပေ၁၅၀ အထိသွားနိုင်ပါတယ်။ 

 
 802.11b တွင် 2.4GHz Radio Frequency ကိုအသုံးပြုထားပါတယ်။ 802.11b သည် Microwave Ovens, Cordless Phones များနှင့် အခြား 2.4GHz Frequency ကိုအသုံးပြုထားသော ပစ္စည်းများနှင့်ဆိုလျှင် Frequency ခြင်း အနှောက်အယှက်များ ဖြစ်နိုင်ပါတယ်။
 

802.11a – IEEE မှနေ၍ ၁၉၉၉ခုနှစ် အောက်တိုဘာလ တွင်တော့ 802.11a Standard ကိုတီထွင်ခဲ့ကြပါတယ်။ 

 
802.11a သည် 802.11b လောက် ကျယ်ကျယ်ပြန့် ပြန့် နှင့် လူသုံးမများချေ။ 802.11a သည် အကုန်အကျ ပိုများသောကြောင့် များသောအားဖြင့်စီးပွားရေးနှင့် သက်ဆိုင်သော Network များတွင်သာ အသုံးများပြီး 802.11b ကတော့ အိမ်သုံး Network များတွင်ပိုအသုံးများပါတယ်။ 

 
 802.11a တွင်တော့ Bandwidth သည် 54 Mbps အထိ Support ပေးနိုင်ပါတယ်။ 802.11a သည် 802.11b ထက် Bandwidth ကို ပိုမို၍ Support ပေးနိုင်သော်လည်း အကွာအဝေး အားဖြင့်တော့ ပေ၁၀၀ အထိသာ အသုံးပြုနိုင်ပါတယ်။ 
 

အဘယ်ကြောင့်ဆိုသော် 802.11a တွင် Radio Frequency သည် 5GHz ၀န်းကျင်ကို
အသုံးပြုထားသောကြောင့် ဖြစ်ပါတယ်။ 


Frequency ပိုများတာကို အသုံးပြုထားသောကြောင့် အကွာအဝေး လျှော့နည်းသွား ခြင်းဖြစ်ပါတယ်။


802.11g – 802.11g ကတော့ ယခုအချိန်တွင် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Standard တစ်ခုဖြစ်နေပါပြီ။ 802.11g ကိုတော့ ၂၀၀၂ခုနှစ် ၀န်းကျင်တွင် စတင်တီထွင်ခဲ့တယ်လို့  သိရပါတယ်။ 
 
 
 802.11g တွင်တော့ 802.11a နဲ့  802.11b တို့ ရဲ့ ကောင်းသော
အချက်များကို စုပေါင်းပြီးတီထွင်လိုက်တာ ဖြစ်ပါတယ်။ 


802.11g တွင် Badwidth သည် 54Mbps အထိ Support ပေးနိုင်ပြီး
Radio Frequency ကိုလည်း 2.4GHz သာအသုံးပြုထားသောကြောင့် အကွာအဝေးကို ပေ၁၅၀အထိ အသုံးပြုနိုင်ပါတယ်။
 

802.11n – နောက်ဆုံးတစ်ခုဖြစ်တဲ့ 802.11n ကတော့ IEEE ရဲ့ နောက်ဆုံး Standard တစ်ခုဖြစ်ပြီးတော့ 802.11n ကိုတော့ ၂၀၀၉ ခုနှစ်တွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
 
 
 802.11n တွင် MIMO (Multiple Input, Multiple Output) technology ကိုအသုံးပြုထားပြီး MIMO ဆိုတာကတော့ Wireless Signals နှင့် Antenna အများအပြားကို အသုံးပြုထားတာဖြစ်ပါတယ်။ 

 
MIMO ကိုအသုံးပြုထားတဲ့အတွက်ကြောင့် 802.11n တွင် Bandwidth နှင့် အကွာအဝေးသည် ယခင် ရှိပြီးဖြစ်သော 802.11a, 802.11b နှင့် 802.11g တို့ ထက်ပိုမို၍ သာလွန်ကောင်းမွန်ပါတယ်။ 

 
သီအိုရီ သဘောအရ 802.11n သည် 300 Mbps အထိ Bandwidth ကို Support လုပ်ပေးနိုင်ပြီး အကွာအဝေးအားဖြင့် ပေ၂၃၀ အထိသွားနိုင်ကြောင်း သိရပါတယ်။


ကျနော်ယခုဖော်ပြခဲ့သော Standard ၄ခုမှာ Wifi Standard များထဲတွင်တော့ အသုံးအများဆုံးနှင့် အထင်ရှားဆုံး Standard ၄ ခု ဖြစ်ပါတယ်။ 


 အခြား 802.11 Standard များစွာလည်းရှိပါသေးတယ်။ 802.11a မှ 802.11y (802.11o နှင့် 802.11q မပါ) အထိ ဆိုပြီးရှိပါတယ်။ ဒီလောက်ဆိုရင်တော့ 802.11 a/b/g/n တို့ အကြောင်း
မဟုတ်တောင် ယေဘုယျ သဘောလောက်တော့ သိရှိနားလည်နိုင်ပြီလို့  ထင်ပါတယ်။

 
 

Post a Comment

0 Comments

Close Menu