Ad Code

Responsive Advertisement

ကျိုက္ခမီသတင်းနှင့်အင်တာနက်စာကြည့်တိုက် APK လေးကို အသုံးပြုနည်း


ကျိုက္ခမီသတင်း.apk လေးအကြောင်းကို ရှင်းပြပါရစေ

အဲဒီ App လေးကို ဘလော့နှစ်ခုရဲ့ Feed link တွေ ထည့်ထားပါတယ်

ဘလော့တစ်ခုက http://linnaingookkm.blogspot.com/ ( ကျိုက္ခမီမြို့၏ Up To Date သတင်း)
နောက်တစ်ခု http://kyaikkami-myanmar.blogspot.com/ (ကျိုက္ခမီမြို့၏ အင်တာနက်စာကြည့်တိုက်)

ကျိုက္ခမီမြို့၏ Up To Date သတင်းတွေကတော့ ကျိုက္ခမီမြို့နဲ့ ပတ်သက်တာတွေကို တင်ပါတယ်။
ကျိုက္ခမီမြို့၏ စာကြည့်တိုက်မှာကတော့ တက်နိုင်သလောက်တော့ စုံအောင် တင်ပေးထားပါတယ်။
(တင်ပေးတယ်ဆိုသည်မှာ ပြန်ရှယ်ပြီးမျှဝေခြင်းသာဖြစ်သည်။)
ဘလော့ကို ၀င်လေ့လာရတာ အင်တာနက်အသုံးပြုခကုန်များမှာဆိုလို့ အသုံးပြုရအောင်လွယ်စေချင်လို့ ဒီလို apk လေးကို လုပ်လိုက်ရခြင်းဖြစ်ပါတယ်။
apkလေး လုပ်နည်းကို စိတ်ဝင်စားတဲ့သူတွေ ဆက်သွယ်လို့ရပါတယ် ( linnaingookkm@hotmail.com)
ကျွန်တော်လည်း အချိန်ရရင် apk လုပ်နည်းကို တစ်ဆင့်ခြင်းရေးပြီး တင်ပေးသွားပါမယ်။ လုပ်နည်းက အရမ်းလွယ်ကူပါတယ်။ ဘလော့ သို့မဟုတ် ၀က်ဆိုဒ်ရှိရမည်။ ဒီလောက်ဆိုရင် ရပါပြီး။

ကဲ apk လေးကိုဒေါင်းလော့လုပ်မယ်..နော်

ဒီနေရာတွင်ဒေါင်းပါ ( Download Here)

ဒေါင်းလော့ဖိုင်ပမာဏကတော့ ၁၀.၃၆ MB ရှိပါတယ်။
ရလာတဲ့ apkလေးကို အင်စတောလုပ်လိုက်ပါ။
ပြီးရင် open ကိုနှိပ်ပြီး.အောက်ကပုံမျိုး ဥပမာ မြင်ရပါမည်။
အကြောင်းအရာများကို ခေါင်းစဉ်တွေနဲ့ကြည့်ချင်ရင်
ဘယ်ဘက်ထောင့်ထိပ်မှာရှိတဲ့ မျဉ်းကြောင်း၃ကြောင်းကိုနှိပ်လိုက်ပါ။


အဲဒီမျဥ်းကြောင်း ၃ ကြောင်းနှိပ်ပြီးတဲ့အခါ အောက်ကပုံမျိုးတွေ့ရပါမည်။
အဲဒီမှာ ကိုယ့်ဖတ်ချင်တဲ့အကြောင်းအရာတွေ ဖတ်မယ်ဆိုရင် နှိပ်လိုက်ပါ။
(မှတ်ချက်။ ။ ကျိုက္ခမီမြို့အင်တာနက်စာကြည့်တိုက်ခေါင်းစဉ်သည် အားလုံးအစုံဖြစ်ပါသည်။
ဥပမာ။ ။ နည်းပညာ၊ Android firmware, Root, Myanmar font and Keyboard, Applications, iPhone, IOS jailbreak, Myanmar font and keyboard, Applications, Windows ( XP, 7, 8, 8.1, 9, 10) .ios, Windows Applications, Browser , Internet, EBook, Cooking,  ဗဟုသုတ၊ သတင်းပြည်တွင်းပြည်ပ၊ အင်္ဂလိပ်စာသင်ခန်း၊ ဘလော့ကာ အကြောင်း၊ ရယ်ရွှင်ဖွယ်ဟာသတွေ စသည်တို့ဖြစ်ပါသည်။)


ဒေါင်းလော့ဖိုင်များကို ပြန်ကြည့်ရန်ဆိုသည်မှာ အဲဒီapkထဲကမှ ကြိုက်လို့ ဓါတ်ပုံသိမ်းထားတယ် ဆိုရင်ဖြစ်ဖြစ် သီချင်းများကို ဒေါင်းထားတယ်ဖြစ်ဖြစ် ပြန်ကြည့်တဲ့နေရာဖြစ်ပါသည်။

ကြယ်ဖြင့်မှတ်ထားသော သတင်းများ ဆိုသည်မှာ- ပို့စ်(သတင်း)တွေကိုဖတ်တဲ့အခါ ထိပ်ဆုံးနားမှာ ကြယ်ပုံလေး ရှိပါတယ်။ အဲဒီပို့စ် (သတင်း)တွေကို ကြိုက်ရင် ကြယ်ပေးထားပါ နောက်တစ်ချိန် ပြန်ကြည့်ချင်တဲ့အခါ ကြယ်ဖြင့်မှတ်ထားသော သတင်းများခေါင်းစဉ်ကို နှိပ်ပြီး ပြန်ဖတ်လို့ရပါပြီး။

သတင်းအသစ်ရှိမရှိနှိပ်ပါ ဆိုသည်မှာ အသစ်တင်သမျှသတင်းတွေ ကိုယ်တိုင်manual နှိပ်ပေးရတဲ့သဘောပါ။

နောက်ခံအရောင်ပြောင်းရန် ဆိုသည်မှာ အရောင်(၂)မျိုးတည်းရှိပါတယ် နောက်ခံအဖြူအရောင်နဲ့ အမည်းရောင်ဖြစ်ပါတယ်။

ပြုပြင်ရန်နေရာကို နှိပ်လိုက်ရင် အောက်ဖော်ပြပါပုံကို တွေ့ရမှာဖြစ်ပါတယ်။


Synchronization ဆိုသည်မှာ သတင်း(ပို့စ်)အသစ်တင်သမျှ ရှိမရှိ ပြန်ပြီး Manual ပြန်စစ်တာပါပဲ။

Display & Presentation ဆိုသည်မှာ Manual အနေနဲ့ ၀င်ပြင်ခြင်းပင်ဖြစ်ပါသည်။


Sync interval မှာ လည်း ဘယ်နှစ်မိနစ်အကြာ အော်တို ဆွဲပေးပါဆိုတာပါပဲ
ကိုယ်ကြိုက်တဲ့မိနစ်ကို ကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။
Sync on startup ဆိုသည်မှာ အဲဒီကျိုက္ခမီတင်းကို နှိပ်ဖွင့်လိုက်တာနဲ့တပြိုင်နက် သတင်းအသစ်တွေကို အော်တိုစစ်ပေးပါလို့ပေးထားချင်ရင် အမှတ်ပေးထားရပါမည်။

 Wi-Fiကို အသုံးပြုပြီး ဓါတ်ပုံတွေကို ဒေါင်းပြီးသိမ်းထားမယ်ဆိုရင် အမှတ်ပေးထားပါ။ 
မှတ်ချက် အထူးသဖြင့် Wi-Fi နဲ့ မသုံးဖြစ်ကြတာများတယ် Data Enable နဲ့သုံးဖြစ်တာများတဲ့အတွက် ဒီအတွက် အမှတ်ဖြုတ်ပြီးထားတာ ပိုကောင်းပါတယ်။

 Wi-Fiကို အသုံးပြုပြီး ဒီ apk ထဲမှာရှိတဲ့ တစ်ခုခုကို ဒေါင်းလော့ဆွဲချင်ပါသလား အမှတ်ပေးထားပါ။
မှတ်ချက် အထူးသဖြင့် Wi-Fi နဲ့ မသုံးဖြစ်ကြတာများတယ် Data Enable နဲ့သုံးဖြစ်တာများတဲ့အတွက် ဒီအတွက် အမှတ်ဖြုတ်ပြီးထားတာ ပိုကောင်းပါတယ်။


Message Store ဆိုသည်မှာ အောက်ပုံမှာ ပြထားသည့်အတိုင်း Keep unread items (မဖတ်အရသေးသော အကြောင်းအရာများကို သိမ်းမလား၊ မသိမ်းဘူးလား၊ သိမ်းထားချင်တယ်ဆိုရင် အမှတ်ပေးထားပါ။ မသိမ်းထားရင် အမှတ်မပေးထားပါနဲ့)

Auto cleanup read ဆိုသည်မှာ ဖတ်ပြီးသာ အကြောင်းအရာတွေကို အော်တို- အလိုအလျှောက် ဖျတ်ပေးရမလားဆိုလိုတာဖြစ်ပါတယ်။ အဲဒီ Auto cleanup read ကို နှိပ်လိုက်ရင် ပုံ(က) ကိုကြည့်ပါ။

Auto cleanup unread ဆိုသည်မှာ မဖတ်ရသေးသော အကြောင်းအရာများကို ဖျတ်ချင်ပါသလားကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီ Auto clean unread ကိုနှိပ်ရင် ပုံ(ခ) ကိုကြည့်ပါ။

Notifications ဆိုသည်မှာ အသိပေးတဲ့အချက်ပြလေးဖြစ်ပါတယ်။
ပုံ(ဂ)ကို ကြည့်ပါ

Feedback ကိုနှိပ်ရင် ပုံ(ဃ)ကိုကြည့်ပါ။

About ကိုနှိပ်လိုက်ရင် ပုံ(စ) ကိုကြည့်ပါ။


အောက်ဖော်ပြပါပုံသည် ပုံ(က)ဖြစ်ပါသည်။
ဖတ်ပြီးသာ အကြောင်းအရာများကို အလိုအလျှောက်ဖျတ်ချင်သလား..ရွေးပေးရပါမည်။
Never - ဖတ်ပြီးသာပို့စ်(သတင်း)အကြောင်းအရာတွေကို ဘယ်တော့မှမဖျတ်ပါဘူး။
One day - တစ်ရက်အကြာ ဖျတ်ပေးပါ။
Two day - နှစ်ရက်အကြာ ဖျတ်ပေးပါ။ စသဖြင့် ရွေးချယ်လို့ရပါတယ်။
ကျွန်ေတာအော်တိုထည့်ထားပေးတာကတော့ ဖတ်ပြီးသာ အကြောင်းအရာတွေ ၁ ရက် - ၂၄ နာရီပြည့်တာနဲ့ ဖျတ်ပါတယ်။


အောက်ဖော်ပြပါပုံသည် ပုံ(ခ)ဖြစ်ပါသည်။
မဖတ်ရသေးသော အကြောင်းအရာများကို အလိုအလျှောက်ဖျတ်ချင်သလား..ရွေးပေးရပါမည်။
Never - မဖတ်ရသေးသောပို့စ်(သတင်း)အကြောင်းအရာတွေကို ဘယ်တော့မှမဖျတ်ပါဘူး။
One day - တစ်ရက်အကြာ ဖျတ်ပေးပါ။
Two day - နှစ်ရက်အကြာ ဖျတ်ပေးပါ။ စသဖြင့် ရွေးချယ်လို့ရပါတယ်။
ကျွန်ေတာအော်တိုထည့်ထားပေးတာကတော့ မဖတ်ရသေးသောအကြောင်းအရာတွေ ၃ ရက် - ကြာတာနဲ့ဖျတ်ပါတယ်။


Clear Search History ဆိုသည်မှာ ပို့စ်တွေကို ရှာဖွေရန် ညဘက်ထိပ်လေမှာ စာရိုက်ထည့်တဲ့နေရာလေ ရှိပါတယ်။ အလွယ်တကူရှာလို့ရအောင် Search လေးရှိပါတယ်။ အဲဒီရှာထားတဲ့အကြောင်းအရာတွေကို ဖျတ်ချင်တဲ့အခါ clear search history ကိုနှိပ်လိုက်ရပါမည်။

အောက်ကပုံသည် ပုံ(ဂ) ဖြစ်ပါသည်။
Enable notifications for automatic sync ဆိုသည်မှာ - အလိုအလျှောက်သတင်းတစ်ခုဝင်းတိုင်း အချက်ပြပေးရမလားလို့ဆိုလိုပါတယ်။
အဲဒီမှာ Select ringtone ဖုန်းခေါ်တဲ့အသံဖိုင်တွေနဲ့ အချက်ပေးထားမလား
Vibrate - ဖုန်းကို တုန်ခါမှုအနေနဲ့အချက်ပြပေးရမလား
Flash Light - မီးအလင်းရောင်ကို Flash lens ကနေထုတ်ပေးရမလား
(ပေးပါလို့ လိုပ်ချင်ရင် အမှတ်ပေးလိုက်ပါ။)


အောက်ကပုံသည် ပုံ(ဃ)ဖြစ်ပါသည်။ 
Feedback ကိုနှိပ်ပြီး ကျွန်တော့်ဆီသို့ စာပေးပို့နိုင်ပါသည်။
ဘာတွေနဲ့ပေးပို့ချင်သလဲလို့ ရွေးပေးပါ။
ဂျီမလ်းနဲ့ပို့ပေးပါခင်ဗျာ..
ဂျီမေးလ်ကို နှိပ်လိုက်ရင် အောက် ပုံ(င) အတိုင်းတွေ့ရပါမည်။


အောက်ဖော်ပြပါပုံသည် ပုံ(င)ဖြစ်ပါတသည်။
ကျွန်ေတာ့အီးမေးလ်ကတော့ linnaingookkm@gmail.com ဆိုတာကို အော်တိုတွေ့ရပါမည်။
ရေးချင်တဲ့အကြောင်းအရာတွေကို အကြံပြုချင်တဲ့အကြောင်းအရာတွေကို ရေးပြီးအကြံပြုလို့ ရပါတယ်။
အားလုံးကို ကြိုဆိုပါတယ်။



အောက်ကပုံသည် ပုံ(စ)ဖြစ်ပါသည်။
Version ဖြစ်ပါသည်။


အောက်ဖော်ပြပါပုံတွင် 
Hide read ဆိုသည်မှာ ဖတ်ပြီးသာ ပို့စ်(သတင်း)များကို ပြန်ဖျောက်လိုက်တာဖြစ်ပါတယ်။
Hide read ကို နှိပ်ခြင်းအားဖြင့် ဖတ်ပြီးသား သတင်း(ပို့စ်)တွေ အလိုအလျှောက်ပျောက်သွားမည်။
ထို့နည်း၎င်း Hide read နှိပ်ပြီးတဲ့အခါ Show read ဆိုတာ ပြန်ရှိပါတယ်။
ဖတ်ပြီးသာ သတင်း(ပို့စ်)တွေကို ပြန်ကြည့်တာဖြစ်ပါတယ်။

Mark all read
ပို့စ်(သတင်း)အားလုံးကို မဖတ်တော့ပဲ အားလုံးကို ဖတ်ပြီးသာ သဘောကိုပြချင်ရင် Mark all read ကိုနှိပ်လိုက်ပါ။

Delete all (read)
ပို့(သတင်း)အားလုံးကို ဖျတ်ချင်ရင် Delete all ကိုနှိပ်လိုက်ပါ..
တင်သမျှအသစ်တွေ သူဘာသာသူအလိုအလျှောက် ပြန်ဝင်လာပါလိမ့်မည်။

Sort By ကတော့ တင်သမျှပို့စ်တွေကို ပြန်စီတာပဲ..သိပ်အရေးမကြီးပါဘူး။


Switch Layout ကိုနှိပ်လိုက်ရင် အောက်ကပုံမျိုး message box လေး ပြလာလိမ့်မယ်
အဲဒီမှာ ကိုယ်ကြိုက်တဲ့ပုံစံကို ရွှေးပြီး ပို့စ်(သတင်း) မြင်ရတဲ့ပုံစုံ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

Sync Now ကတော့ ပို့စ်(သတင်း)အသစ်ရှိမရှိ နှိပ်တာပါ..
Manual Syncပါ။
ကျွန်ေ်တာ် အလိုအလျှောက်သူ့ဘာသာသူ သတင်းအသစ်တွေ ပို့စ်အသတစ်တွေကို ၅မိနစ်တစ်ခါ ဆွဲပေးနေပါတယ်..(***ဆွဲနေတဲ့အခိုက် အင်တာနက်ခဏတော့ရှိမည်။)

ဖတ်ပြီးသာ ပို့စ်(သတင်းတွေကို) ၁ ရက် ကြာ ၂၄ နာရီပြည့်ရင် အလိုအလျှောက် ပျောက်သွားလိမ့်မယ်.
(ပြန်ရှာချင်ရင် အပေါ်မှာပြတားတဲ့အတိုင်း show read ) ကိုနှိပ်ပါ)

မဖတ်ရသေးသော ပို့စ် (သတင်း)များကို ၃ ရက်ပြည့်တာနဲ့ အလိုအလျှောက်ပျောက်သွားလိမ့်မည်။
(မိမိက Manual ပြင်ထားရင်ပြင်ထားသလို ဖြစ်ပါသည်။)



ကျိုက္ခမီသတင်းနှင့်အင်တာနက်စာကြည့်တိုက်apk လေးကို အသုံးပြု ၀င်ဖတ်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဆက်လတ်ကြိုးစာပြီး ကောင်းရာနိုးနိုးတင်ပေးသွားပါမည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနီုင်ဦး

Post a Comment

0 Comments

Close Menu