Ad Code

Responsive Advertisement

စစ်တွေထောင်မှ လျော့ရက်ပြည့်၍ ယနေ့ ၂၃ ဦး လွတ်မြောက်လာ


နိရဉ္စရာ၊ ဧပြီ ၉

ရခိုင်ပြည်နယ် စစ်တွေထောင်မှ ယနေ့ လွတ်မြောက်လာသူ ၂၃ ဦးမှာ နိုင်ငံရေးအရ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်လာသူများ မဟုတ်ဘဲ လျော့ရက်စေ့၍ လွတ်မြောက်လာသူများသာ ဖြစ်ကြောင်း စစ်တွေထောင် လက်ထောက် ဦးစီးမှူး ဦးစိုင်းဒေါက နိရဉ္စရာသို့ ပြောဆိုသည်။


“ သူတို့ ၂၃ ဦး လွတ်မြောက်လာတာက လျော့ရက်စေ့ပြီး လွတ်လာသူတွေ ဖြစ်ပါတယ်။ ဒီဘက်မှာတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး လွတ်လာသူတွေ မရှိပါဘူး။ နှစ်သစ် သင်္ကြန်အကြို အနေနဲ့ လျော့ရက် ပြည့်သွားတဲ့ အတွက် လွတ်လာတဲ့ သူတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။

လွတ်မြောက်လာသူ ၂၃ ဦးထဲတွင် ဘင်္ဂလီလူမျိုး ကျား ခြောက်ဦး၊ မ တစ်ဦး ပါဝင်သည်ဟု သိရသည်။

သာယာဝတီအကျဉ်းထောင်မှာ ရှိနေသည့် ဒီမိုကရေစီ ပညာရေး တိုက်ပွဲဝင် ကျောင်းသူ ကျောင်းသား ၆၉ ဦး ယနေ့တွင် အစိုးရဖက်က အမှုကို ပိတ်သိမ်းလိုက်သည့်အတွက် လွတ်မြောက်လာကြသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

Post a Comment

0 Comments

Close Menu