Ad Code

Responsive Advertisement

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၅)



အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၅)
………………………………………………………
ပိုက်ဆံချေးမယ် ခပ်လွယ်လွယ် ..
.
(1) Could you lend me some money?
ခင်ဗျားကျနော့်ကို ပိုက်ဆံနည်းနည်းလောက် ချေးပါလား
(lend (v) ထုတ်ချေးပေးသည်)
.
(2) Do you have any money on you?
ခင်ဗျား (အိတ်ကပ်ထဲမှာ) မှာ ပိုက်ဆံပါလားဗျ
(Macmillan Dictionary က ဒီလိုဆိုတယ် .. have money on you (=have money in your pocket etc)..
.
(3) How much money do you have now?
အခု ခင်ဗျားမှာ ပိုက်ဆံဘယ်လောက်ရှိလဲ
.
(4) How much do you need?
ခင်ဗျားအတွက် ဘယ်လောက်လိုအပ်လို့လဲ
.
(5) Can you loan me a few dollars?
ခင်ဗျား ကျနော့်ကို ဒေါ်လာနည်းနည်းလောက် ချေးပါလား
(loan (v) : ချေးငှားသည် ၊ (countable noun .. ချေးငွေ) ၊ (uncountable noun ချေးခြင်း ၊ ငှားခြင်း)
(Can you lend me a few dollars? ဆိုလည်း ရတာပါပဲ)
.
(6) Can I borrow just 5 dollars?
ကျနော် (ခင်ဗျားဆီက) 5 ဒေါ်လာလောက် ချေးယူလို့ရနိုင်မလား
( borrow (v) သူများထံမှ ချေးယူသည်)
.
(7) I’ll pay you back.
ကျနော် ခင်ဗျားကို ပြန်ပေးမှာပါ
.
(8) When do you want me to pay you back?
ခင်ဗျား ကျနော့်ကို ဘယ်တော့ ပြန်ပေးစေချင်သလဲ (ဘယ်တော့ ပြန်ပေးရမှာလဲ)
.
(8) You’ve got to pay me back tomorrow.
ခင်ဗျား ကျနော့်ကို မနက်ဖန်မှာ ပြန်ပေးရမယ်နော်
.
(9) Sorry but I’m broke.
ဆောရီးဗျာ ကျနော်ဘိုင်ပြတ်နေတယ်
(broke (v) ဘိုင်ပြတ်သော ၊ ငွေပြတ်သော .. informal စကားလုံးဖြစ်တယ် ရင်းနှီးသူချင်းသာ သုံးပါတယ်)
.
(10) All my money is gone.
ကျနော့် ပိုက်ဆံတွေအားလုံး သွားပြီ ၊ ကုန်သွားပြီ ..
( သွားပြီ ဆိုရာမှာ ဘယ်ရောက်သွားမှန်းမသိလျှင် is gone ကို သုံးလေ့ရှိပြီး ၊ ရောက်သွားတဲ့ နေရာကို သိလျှင်တော့ has gone ကို သုံးလေ့ရှိတယ်လို့ လေ့လာမိပါတယ် ၊ ဥပမာ My wart is gone. ကျနော့်ကြွက်နို့သွားပြီ ပျောက်သွားပြီ ဘယ်ရောက်သွားမှန်းမသိတော့ဘူး ..
နောက်တစ်ခုက ဒီမှာ gone ဟာ adj ဖြစ်ပြီးတော့ Sub + be+ adj ပုံစံ ဖြစ်တယ် Sub ရဲ့ လုပ်ဆောင်မှု ကို ဖေါ်ပြတဲ့သဘော မဟုတ်ဘူး ၊ sub ဘာဖြစ်တယ်ဆိုတာကို ဖေါ်ပြခြင်းသာ ဖြစ်တယ် ..
He is gone . သူသွားပြီး (မရှိတော့ဘူး) ..သူဘာလုပ်တယ်လို့ ပြောလိုတာ မဟုတ်ဘူး ၊ သူမရှိတော့တာကို ပြောချင်တာ
He has gone. (Sub + action verb) သူသွားပြီ 
(သူသွားခြင်းကိစ္စကိုလုပ်တယ်.. သွားတဲ့နေရာကို ထည့်မပြောသော်လည်း နေရာကို သိတဲ့သဘော)
Where has he gone? သူဘယ်သွားလိုက်ပြီလဲ
He has gone to Mandalay. သူမန္တလေးကို သွားလိုက်ပြီ (သို့အတွက် ယခုဒီမှာမရှိ)
.
(11) Please pay me back my money.
ကျေးဇူးပြု၍ ကျနော့်ပိုက်ဆံကို ပြန်ဆပ်ပါနော်
.
(12) I’m clean broke myself.
အရင်ကကျနော် ..မဟုတ်တော့ပါဘူး အခြေအနေကောင်းသွားပါပြီဗျ
(ရှင်းချက် .. ဒီမှာပါတဲ့ broke ကိုကျတော့ အထက်ကလို “ဘိုင်ပြတ်တယ်”..ယူလို့မရတော့ပြန်ဘူး ရှေ့ကစာလုံးနဲ့တွဲပြီး clean break ဆိုတဲ့ idiom ရဲ့ past form ဖြစ်သွားတယ် ၊ clean break (idiom) : completely remove yourself from a bad situation. ဆိုတာ .. အခြအနေဆိုးတစ်ခုကနေ အဆက်ပြတ်အောင် ရုန်းထွက်လိုက်တာ ..။ ဆိုပါစို့ အရင်တုန်းက ကျနော်က ပိုက်ဆံချေးပြီး တော်တော်နဲ့ ပြန်မဆပ်နိုင်ဘူး အခြေအနေဆိုးတယ် ၊ ဒါပေမယ့် အခု အရင်တုန်းက ကျနော့်ပုံစံမဟုတ်တော့ဘူး ၊ အခြေအနေဆိုးတွေနဲ့ အဆက်ပြတ်အောင် လုပ်လိုက်ပြီ .. ပြန်ဆပ်နိုင်အောင် ပြုပြင်ပြောင်လဲလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ် ၊ ပိုက်ဆံအတွက်သာမဟုတ်ပဲ အခြားနေရာများမှာလည်း သုံးလို့ရနိုင်ပါတယ်)
.
(13) What do I owe you?
ကျနော်ခင်ဗျားကို ဘာပေးဖို့ရှိလဲ
(owe (v) ပေးရန်ရှိသည် ၊ ကျေးဇူးတုန့်ပြန်ရန်ရှိသည်)
.
(14) You owe me 20 dollars.
ခင်ဗျားကျနော့်ကို ဒေါ်လာ ၂၀ ပေးဖို့ ရှိတယ်
...
ကြားထဲမှာ ရှင်းချက်တွေ ထည့်ထားတော့ ဖတ်ရတာ ဆတ်တငံ့ငံ့ ဖြစ်နေမှာပဲ ၊ သေချာပြောပြချင်နေတယ်လေ.. အဲဒါကြောင့်ပေါ့ tongue emoticon 
ပိုက်ဆံထုတ်ချေးပြီး ပြန်မတောင်းပဲ နေနိုင်သည်ထိ ကြွယ်ဝချမ်းသာသူများ ဖြစ်ကြပါစေ
.
မေတ္တာဖြင့်
Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOo heart emoticon

Post a Comment

0 Comments

Close Menu