Ad Code

Responsive Advertisement

ပုပ္ပားတောင်မကြီး တောမီးလောင်းရာမှ ရုပ်သံထပ်ဆင့်လွှင့် စက်ရုံအား မီးကူးစက်


ကျောက်ပန်းတောင်း ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မ ကြီးတွင် ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်မှ စတင်၍ တောင်မကြီး ထိပ်ရှိ MRTV ရုပ်သံထပ်ဆင့်လွှင့် စက်ရုံ၏ မြောက်ဘက်လျှိုအတွင်း စိန်န ပန်ခြုံများမှနေ၍ တောမီး စတင်လောင်ကျွမ်းခဲ့ရာ လေပြင်း တိုက်ခတ် မှုကြောင့် တောမီးမှာ စက်ရုံအဆောက်အအုံရှိရာသို့ တစ်မဟုတ်ချင်းရောက် ရှိလာပြီး ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ထပ်ဆင့်လွှင့် စက်ရုံ အဆောက် အအုံအား မီးကူးစက်ခဲ့ကြောင်း သိရသည်။

အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် MRTV ရုပ်သံထပ်ဆင့်လွှင့် စက်ရုံမှ ၁၀ ပေ ထ ၂၅ ပေ နံကပ်သွပ်မိုး အဆောက်အအုံတစ်လုံး၊ ၆ဝ KVA မီးစက်ကြီး တစ်လုံး၊ Outdoor Unitနှစ်လုံးနှင့် ၁၂ V ဘက်ထရီများ မီးလောင်ဆုံးရှုံးခဲ့ပြီး အဆောက်အအုံတွင် တပ်ဆင်ထားသည့် လေအေးပေး စက်များ အရည်ပျော် ပျက်စီးခဲ့ကြောင်း သိရသည်။

တောမီးကူး စက်လောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားရာသို့ စက်ရုံတာဝန်ရှိသူများ ဝန်ထမ်းများသွားရောက် ငြှိမ်းသတ်ခဲ့ကြပြီး စက်ရုံလောင်ကျွမ်းမှု အခြေ အနေအား ည ၈ နာရီ ၁၅ မိနစ်တွင် ထိန်းနိုင်ခဲ့ကြောင်းနှင့် စက်ပစ္စည်းများ အား ဘေးကင်းရာသို့ ဆက်လက်ရွှေ့ပြောင်းလျက်ရှိကြောင်း သိရ သည်။ တောမီးမှာ တောင်အောက်သို့ ဆက်လက် ရွေ့လျားလောင်ကျွမ်း သွားပြီး မီးလောင်ဧကစုစုပေါင်း ၄၀ ဧကခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu