Ad Code

Responsive Advertisement

၁နှစ်ခွဲကလေးလေး နာရီဓာတ်ခဲမျိုချမိပြီးသေဆုံး



မဟာသင်္ကြန် အကျနေ့
ဒီနေ့မနက်ပို့ဆောင်ပေးရတဲ့နာရေးက
စိတ်မကောင်းခြင်းများစွာနဲ့ပါ
၁နှစ်ခွဲကလေးလေး
နာရီဓာတ်ခဲမျိုချမိပြီး
ရက်အတန်ကြာမထုတ်နိုင်ပဲ
မန်းလေးဆေးရုံကြီးကိုရောက်လာပါတယ်
ဒါပေမယ့်ဓာတ်ခဲကိုပြန်ထုတ်ပေးနိုင်သော်လည်း
ဓာတ်ခဲအဆိပ်သင့်ပြီးအသက်ဆုံးရှူံးခဲ့ရသည်
ကားနောက်ခန်းထဲမှာ ငြိုးငယ်စွာနဲ့
လိုက်လာတဲ့အမေဖြစ်သူကိုကြည့်ရင်း
စိတ်မကောင်းခြင်းများစွာနဲ့
ပို့ဆောင်ပေးခဲ့ရတဲ့နာရေးပေါ့ဗျာ။
အိမ်မှာကလေးငယ်ငယ်တွေရှိရင်
ပါးစပ်ထဲအလွယ်တကူဝင်နိုင်တဲ့အရာတွေကို
သူတို့နဲ့လက်လှမ်းမှီတဲ့နေရာမထားသင့်ပါဘူးဗျာ
ဒါလေးကိုသင်ခန်းစာယူနိုင်ကြပါစေ
Credit to လင်္ကာ ဒီပ ချစ်သူ

Post a Comment

0 Comments

Close Menu