Ad Code

Responsive Advertisement

လမ်းတံတားဂိတ် ၁၆၁ ခုမှာ ဂိတ်ကြေးပေးဖို့မလိုတော့

လမ်းတံတားဂိတ် ၁၆၁ ခုမှာ ဂိတ်ကြေးပေးဖို့မလိုတော့
~~~~~~~~~~~
တိုင်းနဲ့ပြည်နယ်တွေမှာ လမ်းတံတား အသုံးပြုခ ကောက်ခံနေတဲ့ ဂိတ်ပေါင်း ၁၆၁ ဂိတ်မှာ ဧပြီလ ၁ ရက်- ဒီနေ့ကစပြီး ကောက်ခံတော့မှာ မဟုတ်ဘဲ ပယ်ဖျက်လိုက်ကြောင်း အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အဲဒီဂိတ်တွေကတော့ ရန်ကုန်တိုင်းက ၃ ဂိတ်၊ စစ်ကိုင်းတိုင်းက ၃၉ ဂိတ်၊ တနင်္သာရီတိုင်းက ၉ ဂိတ်၊ ပဲခူးတိုင်းက ၉ ဂိတ်၊ မကွေးတိုင်းက ၂၂ ဂိတ်၊ မန္တလေးတိုင်းက ၆ ဂိတ်၊ ကယားပြည်နယ်က ၄ ဂိတ်၊ မွန်ပြည်နယ်က ၄ ဂိတ်၊ ရခိုင်ပြည်နယ်က ၁၈ ဂိတ်၊ ရှမ်းပြည်နယ်က ၂၅ ဂိတ်နဲ့ ဧရာဝတီတိုင်းက ၂၂ ဂိတ် ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ လမ်းတံတား အသုံးပြုခ ကောက်ခံတဲ့ ဂိတ်ပေါင်း ၃ ရာကျော်ရှိပြီး၊ နောက်ဆက်တွဲ ဂိတ်တွေကိုလည်း ဖော်ပြသွားမယ်လို့ သိရပါတယ်။



Post a Comment

0 Comments

Close Menu