Ad Code

Responsive Advertisement

မိုးကောင်းမြို့တွင် တရုတ်ကြက်ဥစားပြီး လူငယ် (၈၀)ကျော်အစာ အဆိပ့်သင့်


မိုးကောင်းမြို့တွင် တရုတ်ကြက်ဥစားပြီး လူငယ် (၈၀)ကျော်အစာ အဆိပ့်သင့်
```````````````````````````````
11,April,2016
ယနေ့ (၁၁.၄.၂၀၁၆)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊
မိုးကောင်းမြို့မဟောင် ရပ်ကွက်ရှိ စိန်ပီတာ ကက်သလစ် ခရစ်ယာန်ဘုရား
ကျောင်း ၏ နွေရာသီ လူငယ် သင်တန်း Music နှင့် Grammar သင်တန်း
တွင် တက်ရောက်နေသောသင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၁၃၂)ဦး
အနက်မှ သင်တန်းသား၊သင်တန်းသူ(၈၀)ကျော်အစာအဆိပ်သင့်ခြင်းကြောင့်
မိုးကောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူ ခဲ့ရကြောင်းသိရှိရ
ပါသည်။
၁၁.၄.၂၀၁၆ ယနေ့ညနေ(၆)နာရီအချိန်ခန့် သင်တန်းမှ ညနေစာ စားသုံး
ရာတွင် ကြက်ဥ ဆီပြန်ဟင်းနှင့် မုန်လာထုပ်ဟင်းရည်စားသုံးပြီး သင်တန်း
သား/သူများ အစာအဆိပ်သင့်(မူးဝေခြင်း၊အန်ခြင်း၊လည်ချောင်းယားခြင်း
များဖြစ်)ခဲ့ရာ မိုးကောင်းဆေးရုံသို့ည(၁၉.၀၀)အချိန်ခန့်တွင်သင်တန်းသား၊သူ(၁၃၂)ဦးရှိသည့်အနက်(၈၀)ကျော်မှာအရေးပေါ်ဆေးကုသခံခဲ့ရကြောင်း
သိရှိရပါသည်။
မိုးကောင်းဆေးရုံ ဆရာဝန်ကြီး နှင့် ဝန်ထမ်းများ၏ ကြိုးစားမှုဖြင့် လက်ရှိ
ည ၉း၀၀ နာရီ အချိန်တွင် စိုးရိမ်စရာ အခြေနေ မရှိတော့ကြောင်း ။

အစာအဆိပ့်သင့် လူငယ်များ ဆေးကုသ ပြီး အခြေအနေ ကောင်းမွန်စွာ
ဘုရားကျောင်းထဲ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပုံမှန် အနေအထား
မရောက် သေးသည့် (၁၀) ယောက်ခန့် သာဆေးရုံ မှာကျန်တော့
ကြောင်းသိရှိရပါသည်။
ထိုကြက်ဥများမှာ တရုတ်ပြည်မှလာသည့်ကြက်ဥဖြစ်ကာ ဆေးပါသည့်
အတွက် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်း ဆရာဝန်များနှင့် ရဲများမှဆိုကြောင်းလည်း သိရသည်။
‪#‎မြစ်ကြီးနားသတင်း‬






Post a Comment

0 Comments

Close Menu