Ad Code

Responsive Advertisement

အိမ်သာထဲမှာဖုန်းသုံးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုး



Shwemom ပရိတ်သတ်ကြီးထဲမှာ အိမ်သာထဲကို ဖုန်းယူသွားလေ့ရှိတဲ့သူရှိပါသလား။ တစ်ခါတစ်လေ အိမ်သာထဲမှာဖုန်းကလိတာလွန်ပြီး ချိန်းထားတာတွေ နောက်ကျတာမျိုးရော ဖြစ်ဖူးပါသလား၊တော်တော်များများတော့ အိမ်သာထဲကိုဖုန်းယူသွားမယ်ထင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ကျန်းမာရေးအတွက် တော်တော်လေးကို ဆိုးရွားတဲ့ အလေ့အကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်တုန်းကတော့ လူတွေဟာ အိမ်သာထိုင်ရင် စာအုပ်ဖတ်ခြင်း၊ ဂျာနယ်ဖတ်ခြင်း၊ သို့မဟုတ်ဘာမှမလုပ်ခြင်း စတာတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဖုန်းကိပွတ်တာ ခေတ်စားလာပါတယ်။ ဘာလို့လည်းဆိုတော့ သတင်းအချက်အလက်တော်တော်များများက ဖုန်းပေါ်မှာရှိနေလို့ပါပဲ။

2


ဒါပေမယ့် ဘာလို့ကျန်းမာရေးအတွက် ဆိုးရွားတာပါလဲ။ အိမ်သာပေါက်ထဲဖုန်းပြုတ်ကျသွားရင် ဖုန်းဆုံးရှုံးနိင်ပါတယ်။ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်သေးပါဘူး။ ပြဿနာက အိမ်သာထဲမှာ မသန့်ရှင်းတဲ့ပိုးမွှား၊ဘက်တီးရီးယားတွေ ပျံနှံ့နေတတ်ခြင်းပါ။ အထူးသဖြင့် လူတွေအများကြီးသုံးတဲ့အိမ်သာတွေဆို ပိုဆိုးပါတယ်။ ဒါပေမယ့် သင်က သင့်ဖုန်းဟာသင့်လက်နဲ့ပဲထိနေအတွက် ညစ်ပတ်ခြင်းမရှိနိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့မမှန်ပါဘူး။


Microbiology Professor တစ်ယောက်ဖြစ်တဲ့  Chrles Gerba (Ph.D) နဲ့ သဘာဝပတ်ဝန်းကျင် ကျန်းမာ
ရေး ကျွမ်းကျင်သူ Kelly Reynolds (Ph.D) တို့က အိမ်သာထဲမှာ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးတွေကို ထောက်ပြခဲ့
ပါတယ်။ တကယ်တော့ မစင်တွေအားလုံးဟာ ရေထဲကို စီးဝင်သွားခြင်းမရှိပါဘူး။ အချို့ပိုးမွှားတွေဟာ လေထုထဲကိုပျံ့နှံပါတယ်။

“သင်အိမ်သာကိုရေဆွဲတဲ့အခါ ရေနဲ့အတူမစင်တွေ၊ဆီးတွေရဲ့ အငွေ့အသက်ဘက်တီးရီးယားများဟာ လားရာအားလုံးကို ၆ပေလောက်အထိ လွင့်စင်ပါတယ်။ အကယ်၍များ အများသုံးသန့်စင်ခန်းဖြစ်နေရင် အိမ်သာတစ်ခုလုံးဟာ အဲ့ဒိရေခိုးရေငွေ့တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့် စက္ကူလိပ်ထားတဲ့နေရာမှာပိုများပါတယ်။


အခြေခံအားဖြင့် အိမ်သာထဲမှာ သင်ဘာကိုပဲထိထိ ဘက်တီးရီးယားတွေရှိနေပါတယ်။ အိမ်သာတံခါး၊ စက္ကူလိပ်အိမ်၊ဘေစင်ပိုက်ခေါင်း၊ရေဆွဲချတဲ့ခလုတ် စတာတွေအားလုံးမှာ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ဒါ့ကြောင့် သင့်လက်ဟာလည်းညစ်ပတ်နေမှာ အသေအချာပါပဲ။ အဲ့ဒိလက်နဲ့ သင့်ရဲ့ဖုန်းမျက်နှာပြင်ကို အမြဲပွတ်နေတာကို သင်ပြန်စဉ်းစားကြည့်လိုက်ပါ။ ယူသွားချင်တဲ့သူကတော့ ယူသွားမှာပါပဲ။ တားလို့တော့ ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ဖုန်းကိုတော့ သန့်ရှင်းရေး လုပ်ဖို့မမေ့နဲ့နော်။


Ref: www.shwemom.com

Post a Comment

0 Comments

Close Menu