Ad Code

Responsive Advertisement

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၆)



အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၆)
………………………………………………………
လူပျို အပျိုလား ဟိုလို ဒီလိုလား ရှင်းအောင်မေးချင်တဲ့အခါ
.
(1) When are you going to get married?
ခင်ဗျား ဘယ်တော့ မင်္ဂလာဆောင်မှာလဲ
(2) I’m going to get married this spring.
ကျနော် ဒီနွေဦးရာသီမှာ မင်္ဂလာဆောင်ပါမယ်
(3) Are you married?
ခင်ဗျားက အိမ်ထောင်ရှိပါသလား
(4) I’m married.
ကျနော်က အိမ်ထောင်ရှိပါတယ်
(5) I’m single.
ကျနော်က လူပျိုပါ
(6) I’m separated.
ကျနော်က အိမ်ထောင်နဲ့ ကွဲနေပါတယ်
(7) I’m divorced.
ကျနော်က အိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲထားပါတယ်
(8) I’m a widow.
ကျမက မုဆိုးမပါ
(9) I am a widower but...
ကျနော်က မုဆိုးဖိုပါ ဒါပေမယ့် .. (ဘာများဆက်ရွှီးမလဲမသိ)
(10) I’m a widower who is ready to merry again.
ကျနော်က နောက်ထပ် အိမ်ထောင်ပြုဖို့ အသင့်ဖြစ်နေတဲ့ မုဆိုးဖိုပါ (မလွယ်ကြောပဲ)
(11) I’m a divorcee and I have one dependent daughter who is 14 years old.
ကျနော်က ကွာရှင်းပြတ်စဲထားသူတစ်ယောက်ဖြစ်ပြီး ကျနော့်မှာ ၁၄ နှစ်အရွယ် မှီခိုသမီးတစ်ယောက် ရှိပါတယ်
(12) Do you have anyone in mind?
ခင်ဗျား (လက်ထပ်ဖို့) စိတ်ကူးထားတဲ့ တစ်ယောက်ယောက်များ ရှိပါသလား
(13) I’m not seeing anybody.
ကျနော် ဘယ်သူ့ကိုမှ မမြင်မိပါဘူး (စိတ်တိုင်းမကျသေးပါဘူး)
(14) He’s not my type.
သူက ကျမကြိုက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး
(15) I’m crazy about you.
ကျနော် ခင်ဗျားကို အရူးအမူးစွဲလမ်းနေပါတယ်
(16) Would you like to go out with me?
ကျနော်နဲ့ အပြင်လိုက်ခဲ့ပါလား (သတိထားရမယ်)
(17) Will you marry me?
ကျနော့်ကို လက်ထပ်ပါလား
(ယောက်ျားလေးက ချစ်သူရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ဒီလို လက်ထပ်ခွင့်တောင်းလေ့ရှိပါတယ် ၊ မြင်ဖူးကြမှာပါ ။ မေးခွန်းမဟုတ်ပဲနဲ့ request သဘောဖြစ်ပါတယ် )
(18) I’m engaged to merry her.
ကျနော် သူမကို လက်ထပ်ဖို့ စေ့စပ်လိုက်ပါတယ်
(19) I’ve been married for five years.
ကျနော် အိမ်ထောင်ကျခဲ့တာ ငါးနှစ်ရှိပါပြီ
................................
ရှင်းရမှာတွေ အများကြီးရှိနေလို့ အချိန်ရလျှင် ဆက်ဖတ်ပါ
..
(1) marry (v) အိမ်ထောင်ပြုသည် ၊ လက်ထပ်သည်
marry ကိုသုံးလျှင် direct object ရှေ့မှာ to မထည့်ရပါဘူး ။ formal (ပုံစံကျ) အနေနဲ့ ပိုသုံးပါတယ် ။
.
She married a doctor. သူမ ဆရာဝန်တစ်ယောက်ကို လက်ထပ်ခဲ့တယ်
( ဒီဝါကျမှာ married ဟာ simple past form (V2) ဖြစ်ပါတယ်)
.......................
(2) married (adj) လက်ထပ်ထားသော ၊ အိမ်ထောင်ရှိသော
.
I am married. ကျနော်က အိမ်ထောင်ရှိပါတယ်
( Sub + V-be + Adj )... ပုံစံ ဖြစ်တယ်လို့ နားလည်ပါ
.................................
(3) get married (v) မင်္ဂလာဆောင်သည်
သူ့ရဲ့ verb form က get married, got married, got married, getting married .. ဒီလိုသွားပါတယ် ၊ နောက်က married ဟာ မပြောင်းလဲပဲ ရှိနေပါတယ် ၊
.
They are getting married on Sunday.
သူတို့ တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ကြတော့မယ်
(နီးကပ်သေချာတဲ့ အနာဂတ်အတွက် present continuous ကိုသုံးလို့ရပါတယ်)
......................
(4) be/get married to (someone) = တစ်စုံတစ်ယောက်ကို လက်ထပ်သည်
ဘယ်သူ့ကို လက်ထပ်တယ်ဆိုတဲ့ ကံပုဒ် (Object) ပါလာလျှင် “to” ထည့်ပေးရပါတယ်
(သတိထားရမှာက marry/ married ဆိုတိုင်း to အမြဲလိုက်ရမှာ မဟုတ်ဘူးဆိုတာပါပဲ)
.
I was married to Sam.
I got married to Sam.
ကျမ Sam နဲ့ လက်ထပ်ခဲ့ပါတယ်.
.
She got married to her childhood sweetheart.
သူမက သူမရဲ့ ငယ်ချစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်
.....................
(5) get married with ဖြင့်/အရ .. လက်ထပ်သည်
with နောက်မှာ လူပုဂ္ဂိုလ် မလာရပါဘူး
.
They got married with a great ceremony.
သူတို့ဟာ ကြီးကျယ်တဲ့ အခန်းအနားဖြင့် လက်ထပ်ခဲ့ကြပါတယ်
They got married with her mother's permission.
သူတို့ဟာ အမျိုးသမီးအမေရဲ့ ခွင့်ပြုချက်အရ လက်ထပ်ခဲ့ကြပါတယ်
...........................
(6) get married in (someplace) .. .. နေရာမှာ လက်ထပ်သည်
.
They got married in Hawaii.
သူတို့ဟာဝိုင်အီမှာ လက်ထပ်ခဲ့ကြပါတယ်
....................
(7) get married on (Time) .. အချိန်မှာ လက်ထပ်သည်
.
They got married on May 1, 1967
သူတို့ ၁၉၆၇ မေလ (၁) ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်
.
(8) get married at (age) ..အသက် ..နှစ်မှာ လက်ထပ်သည်
I will get married at 35.
ကျနော် အသက် ၃၅ နှစ်မှာ လက်ထပ်မယ်.. စသည်ဖြင့် သုံးနိုင်ကြပါတယ်
....................
ဒီလောက်တောင် သေချာရှင်းထားပေမယ့်လည်း နားမလည်တာ အနည်းငယ်ရှိနိုင်ပါသေးတယ် ၊ ရှုပ်ထွေးတဲ့ သုံးစွဲပုံတွေကြောင့်ပါ ဆက်လက်လေ့လာမှုများနဲ့ ပေါင်းစပ်ယူပါ ။
.
မေတ္တာဖြင့် 
Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOo
heart emoticon

Post a Comment

0 Comments

Close Menu