Ad Code

Responsive Advertisement

ထိုင်းရိုးရာ ရေသဘင်ပွဲတော် လေးရက်တာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၅၉ ဦးရှိ


ဗန်ကောက် ဧပြီ ၁၆

ထိုင်းရိုးရာ ရေသဘင်ပွဲတော် လေးရက်တာကာလ အတွင်း မော်တော်ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၂၅၉ ဦး ရှိပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယခုနှစ် ရေသဘင်ပွဲတော်(ဆွန်ခရန်ပွဲတော်)အတွင်း မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်သည် ယခင်နှစ်ကထက် ၃၆ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံအဝန်း ယာဉ်မတော်တဆဖြစ်မှု ၂၂၁၆ ခုရှိခဲ့ပြီး ၂၃၇၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခင်နှစ်ထက် ၂၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘေးအန္တရာယ်ကြိုတင်တားဆီးရေးဌာန၏ ယာဉ်မတော် တဆမှုကင်းစင်ရေးစင်တာက ဆိုသည်။

ဧပြီ ၁၄ ရက် တစ်ရက်တည်းမှာပင် ကား မတော်တဆမှု ၅၅၅ ခုဖြစ်ပွားကာ ၇၈ ဦးသေဆုံးပြီး ၆ဝ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ၏ ပြည်သူ့ ရေးရာဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သီရာဝသ် ဘွန်ရာဝသ်က ဆိုသည်။
ရေသဘင်ပွဲတော်ရက်အတွင်း မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းသည် မတော်တဆမှုများ၏ အဓိက အကြောင်းရင်းခံပင်ဖြစ်ကြောင်း ¤င်းက ဆက်လက် ပြောသည်။

ရေသဘင်ပွဲတော်လေးရက်အတွင်း ချင်းမိုင်ခရိုင် တစ်ခုတည်းမှာပင် မတော်တဆမှု ၁ဝဝ ခန့်ဖြစ်ပွားခဲ့ပြီး ၁ဝ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဗန်ကောက်မြို့အတွင်း လူသေဆုံးမှုရှိသော မတော်တဆမှု ၁၄ ခုခန့်ရှိခဲ့သည်။ ခရိုင်လေးခုတွင် ယာဉ်မတော်တဆမှု ၁၃၉ ခု ဖြစ်ပွား ခဲ့သည်။

မတော်တဆမှုဖြစ်ပွားနှုန်း လျော့ကျစေရေးအတွက် လမ်းမများပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူ များက မော်တော်ယာဉ်များအား အရှိန်ပြင်းမောင်းနှင်မှုမရှိစေရန်၊ မူးယစ်သောက်စားမောင်းနှင်မှုများမပြုစေရန်၊ ခါးပတ်မဝတ်ဘဲ ယာဉ်မောင်းနှင်မှုမရှိစေရန်နှင့် မော်တော် ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်မဆောင်းဘဲ မောင်းနှင် မှုမရှိစေရန် လိုက်လံစစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ယာဉ်မတော်တဆမှုကင်းစင်ရေးစင်တာက ဆိုသည်။

ဗန်ကောက်ပို့စ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily

Post a Comment

0 Comments

Close Menu