Ad Code

Responsive Advertisement

ကလေးများကို အမှန်တကယ် ရင်ဖွင့်အောင် ပြုလုပ်နည်းများ


ကလေးများကို သူတို့လေးတွေရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရင်ဖွင့်စေချင်ရင် ၊
ကလေးများ သင့်ကို သူတို့ရဲ့ လျို့ဝှက်ချက် ကလေးတွေကို ပြောပြစေချင်ရင်၊
အောက်ပါ နည်းလမ်းအတိုင်း လုပ်ကြည့်ကြရအောင်… အနည်းဆုံးတော့ သင့်နဲ့ သင့်ကလေး ဆက်ဆံရေး တော်တော် အဆင်ပြေသွား ပါလိမ့်မယ်။

၁။ ချီးကျူးစရာ အကြောင်းအရာ ပေါ်ပေါက်လာရင် ရက်ရက်ရောရော ချီးကျူးပေးပါ။ ချီးကျူးရတဲ့ အကြောင်းအရာများကို သင်ကလေးအား သေသေချာချာ ရှင်းပြပါ။ ချီးကျူးသင့် ချီးကျူးထိုက်တယ်လို့ ကလေးခံစားမိပါစေ။ ချီးကျူးတဲ့ အကြောင်းအရာအားလုံး အမှန်ဖြစ်ဖို့ လိုပါတယ်။

၂။ ကလေးကို အပြောနဲ့မဟုတ်ပဲ၊ လက်တွေ့မှာ သူငယ်ချင်လိုမြင်ကြည့်ပြီး ပေါင်းကြည့်ပါ။
သူငယ်ချင်းပုံစံနဲ့ပေါင်းရင် ဆုံးမတာတွေ နည်းသွားပြီး တိုင်ပင်တာတွေများသွားတယ်။

၃။ ပုခုန်းလေးကို ပုပ်လိုက်၊ ခေါင်းကလေးကိုကိုင်လိုက်၊ မျက်နာကလေးကိုပွတ်လိုက်၊ အခွင့်အခါ ကြုံတိုင်း ပြုလုပ်ပါ။ အပြုအမူဟာ စကားလုံးထက် ပိုမိုထိရောက်တတ်ပါတယ်။

၎။ ကိစ္စတစ်ခုခု (သို့) အဖြစ်အပျက်တစ်ခုခု အပေါ်မှာထားရှိတဲ့ မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ ခံစားချက်တွေကို ကလေးနဲ့ တိုင်ပင်သလိုလိုနဲ့ ပြောပြပါ။

၅။ “ငါမင်းကိုစေတနာနဲ့ ပြောနေတာ၊ မင်း ဒါတော့ ဒီလိုလုပ်သင့်တယ် ” ဆိုတဲ့ စကားပြော လေသံမျိုးကို လုံးဝရှောင်ကြင်ပါ။ မင်းအတွက် မင်းလုပ်နေတယ်။ မင်းအလုပ် မင်းပြီးအောင်လုပ် ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်အောင် ပြောကြားရင် ပိုမိုထိရောက်တတ်ပါတယ်။

၆။ ငါမင်းအဖေပဲ၊ ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ် ဆိုတဲ့လေသံမျိုး ရှောင်ကြင်ပါ။ မိဘဟာ ကလေးရဲ့ စံပြပါ။ မိဘလုပ်သလို ကလေးတွေလိုက်ပြုမူတတ်ပါတယ်။

၇။ ကလေးတွေ မပြောပြချင်တဲ့ အကြောင်းအရာတွေကို ဆဲဆိုတာမျိုး၊ ရိုက်နက်ပြီး အတင်းပြောခိုင်းတာမျိုး မလုပ်ပါနဲ့။ ဖိနိပ်ခြင်းဟာ အာခံခြင်းကိုဖြစ်ပေါ်စေတာပဲရှိတယ်။ ကလေးတွေ အမှန်မပြောပြတာဟာ ကိုယ်မေးတဲ့ပုံစံက မမှန်သေးလို့ပါ။ဒီကိစ္စကို ခဏလပ်ထားလိုက်ပါ။ လေးငါးရက်လောက်ကျရင် မသိမသာနဲ့ ပြန်ချော့မေးကြည့်ပါ။ ကလေးရဲ့စိတ်အကာအကွယ် တော်တော်ရော့သွားတာ တွေ့ရှိပါလိမ့်မယ်။
မေးရတာလည်း အရမ်းလွယ်ကူသွားပါလိမ့်မယ်။

၈။ ခေတ်ကြီးဘယ်လောက်ပဲတိုးတက်နေပါစေ၊ ကလေးတွေကို စာရေးကြည့်ပါ။ အလွန်စိတ်ဝင်စားစရာကောင်းပြီး ပိုမိုထိရောက်တာကို သင်တွေ့ရှိပါလိမ့်မည်။ အထူသဖြင့် တစ်ခုခု အပြစ်တင်တာ မှားသွားလို့၊ စကားပြောတာ လိုအပ်တာထက် ပိုပြီးပြောမိတဲ့ အခါမျိုး ကျရင်၊ ကိုယ်စိတ်မကောင်းတာတွေ၊ ကိုယ်ဖြစ်စေချင်တာတွေ ကို စာနဲ့ဆက်သွယ်ရေးသားလို့ ရပါတယ်။
ကိုယ့်ကိုကို စမ်းစစ်တဲ့အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့မေတ္တာကို ဖေါ်ပြချင်တဲ့အခါပဲ ဖြစ်ဖြစ် ပြောလို့မထွက်တဲ့ စကားတွေကို စာရေးရင် ပိုအကျိုးရှိပါတယ်။

၉။ ကလေးနဲ့ တူညီတဲ့စာအုပ်တစ်အုပ်ကို ဖတ်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကားတစ်ကားကို အတူကြည့်တာပဲ ဖြစ်ဖြစ် မကြာမကြာ ပြုလုပ်ပေးရင်၊ မိသားစုအတွင်းမှာ စကားလက်ဆုံကျဖို့ အခွင့်ကောင်းပိုမိုရရှိစေတတ်ပါတယ်။

၁၀။ ကလေးအပေါ် မကျေမနပ်နဲ့ မညည်းညူ ပါနဲ့။ ညည်းညူခြင်းဟာ မိဘနဲ့ သားသမီးကြားမှာ ကာဆီးတဲ့ တံတိုင်းကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။
ကျွန်တော်ပညာရှင်မဟုတ်ပါ။ မိဘကောင်းဖြစ်ချင်တော့ စာအုပ်ရှာဖတ်ပါတယ်။ ကောင်းတာတွေတွေ့တော့ ရှယ်ရာလုပ်ချင်လာပါတယ်။ ဖတ်ထားတဲ့ စာအုပ်ထဲက ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ ဘာသာပြန်တာက များပါတယ်။ မိဘများ ဖတ်ကြည့်ရင် အကျိုးမဖြစ်ရင်တောင်မှ အကျိုးမယုတ်စေအောင် သတိထားပြီး ရေးသားထားပါတယ်။ နစ်သက်နိုင်ကြပါစေ။

Ref: Wechat
https://www.facebook.com/photo.php?fbid=1490692074564525&set=a.1375453979421669.1073741828.100008712392309&type=3&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook PageTwitter Google+

Post a Comment

0 Comments

Close Menu