Ad Code

Responsive Advertisement

ခရုသင်းရောဂါအတွက် ဆေးနည်းများ



ခရုသင်းရောဂါအတွက် ဆေးနည်းများ
မကြာခဏ မေးလာကြတဲ့ ခရုသင်း သမင်ဖြူရောဂါအတွက် ဆေးနည်းများကို ရှာဖွေစုစည်းပြီး မျှဝေပေးလိုက်ပါတယ်။ သိမ်ဖြူ ဆေးအဘိဓာန်နှင့် ဘေသဇ္ဇသင်္ဂဟ
ဆေးကျမ်းစာအုပ်များမှ ဆေးနည်းများ ဖြစ်ပါတယ်။
(၁) သမဲ့အပင်ကို အင်္ဂလိပ်လို Avicennia Officinalis လို့ ခေါ်ပါတယ်။ ဆေးဖက်ဝင်တယ်။ ၄င်းသမဲ့ကိုင်းကို တစ်ဖက်ထိပ်ကို မီးရှို့ပေးလျှင် အခြားတစ်ဖက်မှ ထွက်လာသော သမဲ့ဆီကို အရေပြားပေါ် လိမ်းပေးပါ။ တစ်ကျပ်သားခန့် လိမ်းပြီးရင် ခရုသင်းရောဂါ သိသာစွာလျှော့ပါးလာမည်။
(၂) အင်္ဂလိပ်လို Chitrak လို့ ခေါ်တဲ့ ကန့်ချုပ်ဖြူ ၏ အမြစ်ကို ဆန်ဆေးရည်နဲ့သွေးပြီး ခရုသင်း အဖြူကွက်များပေါ်မှာ မနက်၊ ည ပါးပါးလေး လိမ်းပေးပါ။ ၇ ရက်ခန့် လိမ်းရုံနှင့် အသားများ ဖြူရာမှ နီလာပါမည်။
(၃) မုန်လာဥနီနှင့် ကြက်ဥကို ကြော်၍ မကြာခဏ စားပေးပါ။
(၄) Millingtonia Hortensis လို့ခေါ်တဲ့ ဧကရာဇ်အမြစ် အစိုကို ညက်နေအောင် ထောင်းပြီး ၂၀ ကျပ်သားနှင့် ထန်းလျက် ၁ ပိဿာကို ရေထည့်၍ ကျိုချက်ပြီး မနက်၊ ည ဟင်းစားဇွန်း ၂ ဇွန်၊ နေ့စဉ်သောက်ပါ။
ခရုသင်းရောဂါဝေဒနာရှင်များအတွက် မည်သူမဆို လွတ်လပ်စွာ Share ပေးနိုင်ကြပါတယ်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - သိမ်ဖြူဆရာတော်၏ ဆေးအဘိဓါန်

Post a Comment

0 Comments

Close Menu