Ad Code

Responsive Advertisement

အစာအိမ်ရောဂါအတွက် ဆေးနည်း



အစာအိမ်ရောဂါအတွက် ဆေးနည်း
အစာအိမ်ရောဂါ၊ အူနှင့်ပတ်သက်သော ရောဂါများ၊ ဗိုက်နာဗိုက်အောင့်၊ အကြောတက်၊ ဆီး၊ ၀မ်း၊ လေမမှန် စသည့်ဝေဒနာများအတွက် ကိုယ်တိုင်လုပ် အိမ်တွင်းဖြစ် ရိုးရာဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
၁။ နနွင်းမှုန့်စစ်စစ် (၁၀)ကျပ်သား
၂။ ဆားခါး ၅ကျပ်သား
၃။ ပျားရည်စစ်စစ် (၂၀)ကျပ်သား
၎။ ရှောက်ရည် (၂၀)ကျပ်သားတို့နှင့် သမအောင် နာနာမွှေပေးပြီး မန်ကျည်းစေ့ခန့် ဆေးလုံးများ လုံးထားပါ။
၅။ ၄င်းဆေးလုံးများကို အရိပ်အောက်မှာ ၄၊ ၅ရက်ခန့် အခြောက်လှန်းပါ။
၆။ ကောင်းစွာခြောက်သွေ့ သွားလျှင် လေလုံသော ဖန်ပုလင်းတွင် ထည့်ထားပါ။
၇။ ၄င်းဆေးလုံးကို မနက်စာမစားမီ ၂လုံး၊ နေ့လည်စာမစားမီ ၂လုံး၊ ညစာမစားမီ ၂လုံး စားပါ။
ဆေးလုံးကို စတင်စားသုံးစဉ် အစပထမတွင် ဗိုက်ထဲပူနေသလို ခံစားလာမည်။ မစိုးရိမ်ပါနှင့်။ ဆေးနှင့်ရောဂါ စတင်တွေ့ကြလျှင် ဖြစ်လာသည့်သဘာဝပါပဲ။ ၃ ရက်ခန့်စားပြီးလျှင် ဘယ်လိုမှ မခံစားရတော့ပါ။ ရောဂါပျော့သူများ တစ်ပတ်၊ ဆယ်ရက်ခန့်သောက်ပြီးလျှင် သက်သာလာမည်။ ရောဂါပြင်းထန်သူများ ၂ပတ်မှ ၃ပတ်ထိ သောက်နိုင်ကြပါတယ်။
ဒီဆေးနည်းဟာ မြန်မာ၊ အိန္ဒိယ၊ တရုတ်ဆေးနည်းများထဲမှဖြစ်ပြီး ပါဝင်တဲ့ပစ္စည်းများကလည်း နေ့စဉ်စားသုံးနေတဲ့ အရာများဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြပါတယ်။
လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - အာရောဂျံမဂ္ဂဇင်း

Post a Comment

0 Comments

Close Menu