Ad Code

Responsive Advertisement

ကလေး ၅ ယောက်မှာ ၁ ယောက်လောက် အလုပ်လုပ်ရ

 လမ်းဘေးကလေးငယ်
မြန်မာနိုင်ငံက ​အသက် ​၁၀နှစ်နဲ့ ​၁၇ ​နှစ်ကြားက ​ကလေးငယ် ​၅ ​ယောက်ထဲက ​တစ်ယောက်ဟာ ​ကျောင်းမတက်ပဲ ​အလုပ်လုပ်နေရတယ်လို့ ​သိရပါတယ်။

အရင်လက ​ထုတ်ပြန်တဲ့ ​သန်းခေါင်စာရင်းအရ ​သိရတာ ​ဖြစ်ပြီး ​၂၀၁၁ ​ခုနှစ်နောက်ပိုင်း ​မြန်မာ ​စီးပွားရေး ​တိုးတက်လာတာနဲ့အမျှ ​အလုပ်သမားတွေ ​ပိုမို ​လိုအပ်လာတာ ​ဖြစ်ပါတယ်။

ဆင်းရဲတဲ့ ​မိသားစုတွေကတော့ ​ချေးထားတဲ့ ​ငွေတွေကို ​ပြန်မဆပ်နိုင်တဲ့အခါမှာ ​တမိသားစုလုံး ​ဒါမှမဟုတ် ​ကလေးတွေကို ​အကြွေးရှင်ဆီ ​အလုပ်လုပ်စေတာ ​ဖြစ်တယ်လို့ ​မြို့ပြရဲ့ ​ဆင်းရဲမှုမှာ ​ကျွမ်းကျင်သူ ​Michael ​Slingsby ​က ​ဗွီအိုအေကို ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဥပဒေအရ ​အသက် ​၁၃ ​နှစ်အောက် ​ကလေးတွေကို ​ဈေးဆိုင်နဲ့ ​စက်ရုံမှာ ​အလုပ်လုပ်ခွင့် ​ပိတ်ပင်ထားသလို ​အသက် ​၁၃နှစ်နဲ့ ​၁၅ ​နှစ်အကြား ​ဆယ်ကျော်သက်တွေ ​တစ်ရက်ကို ​လေးနာရီထက် ​အလုပ်ပိုမလုပ်ရဘူးလို့လည်း ​တားမြစ်ထားပါတယ်။

ဒါပေမဲ့ ​ကလေးငယ် ​အများစုဟာ ​လက်ဖက်ရည်ဆိုင်နဲ့ ​ဈေးဆိုင်တွေမှာ ​အများအပြား ​အလုပ်လုပ်နေကြဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
http://www.thithtoolwin.com/2

Post a Comment

0 Comments

Close Menu