Ad Code

Responsive Advertisement

မယားငယ်နှင့် ရန်ဖြစ်ပြီး ဆွဲကြိုးချ သေဆုံး


ဘားအံ ဧပြီ ၁၄

၁၄-၄- ၂၀၁၆ရက်နေ့ ညနေ(၆)နာရီ၊ မိနစ်(၃၀)အချိန် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့မုတာကျေးရွာမှာ အမျိုးသားတဦီး  မယားငယ်နှင့် ရန်ဖြစ်ပြီး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

 အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း  ကော့မုတာကျေးရွာ အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြား တာကြောင့် အခင်းဖြစ်နေရာကို ထုံးအိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ညီညီမိုးနှင့်အဖွဲ့ မှ သွားရောက် စစ်ဆေးရာ ကော့မလောက်ရွာရှိ နော်ပေါင်စိန် ရာဘာခြံအတွင်းမှာ ဘန်ပွေးသစ်ပင်အမြင့် (၈)ပေ(၆) လက်မ ခန့်  ကြိုးအရှည်(၄)ပေ(ခွဲ)(ကြိုးအစိမ်းရောင်) (လုံးပတ်တစ်လက်မခန့်)ရှိ ဒူးထောက် ထိုင်လျှက် ကြိုးဆွဲချသေဆုံး နေသော ကော့ထမလိန်းလေးရွာနေဦးနာဖု၊ အသက်၅၅နှစ်(ဘ)ဦးဖာထွီး၊ ကျဘမ်းလုပ်ကိုင်သူဖြစ်ကြောင်း စစ်ဆေးတွေရှိခဲ့သည်။

 ဖြစ်စဉ်အားစုံစမ်းရာ ဦးနာဖုမှာ မယားငယ်ဖြစ်သူ ဒေါ်မုတောကြည်နှင့်စကားများ ရန်ဖြစ်ပြီး နေအိမ်မှထွက်သွားခဲ့ရာမှ ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အလောင်းအား ကော့မလောက်ရွာနေ ဆိတ်ကျောင်းသား ဝင်းနိုင်မှ စတင်တွေ့ရှိ၍ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားချက်အရ သိရှိရခြင်းဖြစ်ပြီး အလောင်းတွင်ပြင်ပဒဏ်ရာ တစုံတစ်ရာမတွေ့ရှိဘဲ၊ ကျားအင်္ဂါမှ သုတ်ရည်ထွက်၊ လျှာထွက်၊ လက်သဲပြာစသည့် လက္ခဏာများဖြင့် သေဆုံးကြောင်း စစ်ဆေးသိရှိရသဖြင့် အသေးစိတ် ထပ်မံစစ်ဆေးနိုင်ရန် ဘားအံဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိခဲ့ပြီး ဖြစ်စဉ်အပေါ်ရဲအုပ်ညီညီမိုးမှ ဦးနာဖုသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန်ထုံးအိုင်နယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၆)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း (ဘားအံသတင်း Facebook )မှာ ဖော်ပြထားချက်အရ သိရပါတယ်။

by သစ်ထူးလွင်

Post a Comment

0 Comments

Close Menu