Ad Code

Responsive Advertisement

ရွှေတိဂုံဈေးတန်းတွင် ဈေးရောင်းသည့် အစ္စလာမ်ဘာသာဝင်အား တားမြစ်ခဲ့သည့်ကိစ္စ ကာယကံရှင် အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တ ရှင်းလင်း




ရွှေတိဂုံဈေးတန်းတွင် ဈေးရောင်းသည့် အစ္စလာမ်ဘာသာဝင်အား တားမြစ်ခဲ့သည့်ကိစ္စ
မဘသအဖွဲ့ကြီးနှင့် လုံးဝမသက်ဆိုင်ဘဲ မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏
ရပ်တည်ချက်သာဖြစ်ကြောင်း ကာယကံရှင် အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တ ရှင်းလင်း
============================

ပြီးခဲ့သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့(၁၇-၄-ဝ၁၆)က ရွှေတိဂုံဘုရားဈေးတန်း တွင် ဈေးရောင်းချမှုပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဈေးသည်တစ်ဦးအား တားမြစ် ပိတ်ပင်ခဲ့သည့်ကိစ္စမှာ အမျိုး ဘာသာ သာ သနာစောင့်ရှောက်ရေး၊ မဘသအဖွဲ့ကြီးနှင့် လုံး ဝသက်ဆိုင်ခြင်းမရှိဘဲ
မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)၏ ရပ်တည်ချက်နှင့် လုပ်ရပ် သာဖြစ်ကြောင်း အဆိုပါအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တက ရှင်းလင်းပြောဆို လိုက်သည်။

နှစ်ဆန်းတစ်ရက်နေ့က ရွှေတိဂုံဈေးတန်း တွင် ဈေးရောင်းရန်သွားရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ကိုရဲကိုကိုအား မျိုးချစ်ရဟန်း တော်များသမဂ္ဂ ဆရာတော်များမှ ဘုန်းကြီး ကျောင်းထိ ခေါ်ဆောင်သွားပြီး ရိုက်နှက်မှုပြု လုပ်ခဲ့ကြောင်း၊ ကာလတန်ဖိုးအရင်း ကျပ်ငွေ ၄ သိန်းကျော်တန်ဖိုးရှိ ခါးပတ်များကိုလည်း သိမ်းဆည်းသွားကြောင်း Myanmar Muslim Media မှ ရေးသားဖော်ပြထားပြီး
အခြားလူမှု ကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ဝေဖန် မှုများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝေဖန်ဆန့် ကျင်သူများဘက်မှ မဘသအဖွဲ့ကြီးပေါ် စွပ်စွဲ အပြစ်ပုံချနေခဲ့သော်လည်း အစ္စလာမ်ဘာ သာဝင် ဈေးသည်အား ကိုယ်တိုင် တားဆီး ရိုက်နှက်မိခဲ့ကြောင်း ဝန်ခံထားသည့် ဆရာ တော် ဦးသုစိတ္တကမူ ဖော်ပြပါဖြစ်စဉ်မှာ မဘသအဖွဲ့ကြီးနှင့် လုံးဝမသက်ဆိုင်ကြောင်း ၂ဝ၁၆ ခု၊ ဧပြီလ ၂ဝ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က သာကီသွေးဂျာနယ်သို့ ရှင်းလင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။

'ဒီကိစ္စက နှစ်ဆန်းတစ်ရက်နေ့တုန်းက တကယ်ဖြစ်သွားတာလည်း ဟုတ်တယ်။ သူတို့ တွေဘက်က ချဲ့ကားပြောဆိုနေတာတွေလည်း အမှန်ပဲ။
ဒီရွှေတိဂုံဘုရားမှာ ဘာသာခြားတွေဈေး လာမရောင်းဖို့ ဦးဇင်းတို့ တောင်းဆိုခဲ့တာ ခုမှ မဟုတ်ဘူး။ ခု နှစ်ဆန်းတစ်ရက်နေ့ကဖြစ်တဲ့ ကိစ္စကျတော့ ဒီကုလားကို တားတဲ့အချိန်က သူက ဗမာပစ္စည်းပါလို့ပြောပြီး ဦးဇင်းတို့ကို ဆောင့်တွန်းပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ဦးဇင်းက ခြောက်ရိုက်,ရိုက်လိုက်တာ။ ဒူးနဲ့တိုက် လိုက်တာလည်း ဝန်ခံတယ်။ ဒီကိစ္စက ဦးဇင်းတို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ပဲဆိုင်တယ်။ ဦးဇင်းတို့အဖွဲ့ရဲ့ ရပ်တည်ချက်၊ လုပ်ရပ်ပဲဖြစ်ပြီး မဘသအဖွဲ့နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး' ဟု အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တက မိန့် ကြားခဲ့ခြင်းဖြစ်သည်။

ဆရာတော်များအနေဖြင့် အဆိုပါဈေး သည်အား ဘုန်းကြီးကျောင်းခေါ်သွားသည်မှာ မှန်သော်လည်း အဓိကအကြောင်းရင်းမှာ နောက်နောင်မရောင်းရန်အတွက် ခံဝန်ကတိ လိုချင်၍သာဖြစ်ကြောင်း၊ ကျောင်းရောက်ချိန် တွင် ရိုက်နှက်ဆဲဆိုခြင်းမရှိကြောင်း ဦးသုစိတ္တ က ဆက်လက်မိန့်ကြားသည်။
ဆရာတော်က 'ဒီကုလားကို ကျောင်းထဲ ခေါ်သွားရတာ ရိုက်ဖို့နှက်ဖို့ မဟုတ်ဘူး။ နောက်နောင် လာမရောင်းတော့ပါဘူးဆိုတဲ့ ခံဝန်ချုပ်မှာ လက်မှတ်ထိုးဖို့ ခေါ်လာတာ။ အဲ ဒါကို ကျောင်းထဲမှာ ခေါ်ရိုက်ပါတယ်၊ ပိုက်ဆံ လုပါတယ်၊ ပစ္စည်းတွေ သိမ်းပါတယ်ဆိုပြီး တော့ သူတို့မွတ်ဆလင်အဖွဲ့တွေက ပုံကြီးချဲ့ပြီး အမှုတွေဖွင့်နေတာ။
ဦးဇင်းလုပ်ခဲ့တာက လူအများရှေ့မှာသာ ခြောက်ပြီး လုပ်လိုက်တာ၊ ကျောင်းရောက်တော့ သူ့ကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေမလုပ် ခဲ့ဘူး။ ထမင်းကျွေး၊ ရေတိုက်လိုက်ရတာကိုကျ တော့ ထည့်မပြောဘဲ ရိုက်တယ်နှက်တယ်ဆိုပြီး ပဲ ဖွနေကြတာ'ဟု မိန့်ကြားသည်။

အစ္စလာမ်ဘာသာဝင်အား ဈေးရောင်း ခွင့်ပိတ်ပင်ရခြင်းနှင့်ပတ်သက်၍ ဆက်လက် မေးမြန်းခဲ့ရာတွင်လည်း 'ဦးဇင်းတို့ ရွှေတိဂုံဘုရားနား သူတို့ဈေးလာရောင်းတဲ့အထဲမှာ ရိုးရိုး သာမန်အဝတ်အစားနဲ့မဟုတ်ဘဲ ဘူခါရ်တွေခြုံ ပြီး ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိ လာ ရောင်းတာတွေရှိခဲ့တယ်။ မိန်းမမှန်းမသိ၊ ယောက်ျားမှန်းမသိနဲ့ အဲဒီဝတ်ရုံတွေခြုံပြီး ဘု ရားကြီးကို အကြမ်းဖက်ဗုံးခွဲသွားရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ဒီအတွက် ရွှေတိဂုံဘုရားကြီး ဘေးအန္တရာယ်မကျရောက်ရေးအတွက် ကာ ကွယ်ရမယ်ဆိုတဲ့အသိနဲ့ ဦးဇင်းတို့က ဒီကုလား တွေ ဈေးလာမရောင်းဖို့ တားခဲ့တာ။ မျိုးချစ်ရ ဟန်းတော်များသမဂ္ဂအနေနဲ့ကတော့ နောက် လည်း လုပ်သင့်တာတွေ လုပ်သွားဦးမှာပဲ'ဟု မိန့်ကြားသွားသည်။
ကိုမိုးအောင်
Credit to မြနန်းဆရာတော် Facebook မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu