Ad Code

Responsive Advertisement

အမျိုးသားနှစ်ဦး အချင်းများရာမှ သံတူးရွင်းနှင့် ရိုက်မှုဖြစ်၍ တစ်ဦးသေဆုံး


ပခုက္ကူမြို့နယ် အုဋ်းကျောင်းရွာအနီးရှိ တောင်ယာတွင် ဧပြီ ၅ ရက်နေ့ မွန်းလွဲပိုင်း၌ တောင်ယာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားနှစ်ဦး အချင်းများရာမှ သံတူးရွင်းနှင့် ရိုက်မှုဖြစ်၍ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၅ ရက်နေ့ မွန်းလွဲ ၂း၄၀ နာရီအချိန်က အောင်မျိုးသူ အသက် ၂၂ နှစ်မှာ ပခုက္ကူမြို့နယ်၊ အုဋ်းကျောင်းရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဦးညဏ်၏ တောင်ယာတွင် လုပ်ကိုင်နေစဉ် ၎င်းယာ၏ တောင်ဘက် ဦးသက်အောင်၏ တောင်ယာတွင် စာရင်းငှားအလုပ် လုပ်ကိုင်နေသည့် မျိုးဇင်အောင်၊ အသက် ၁၇ နှစ်က အောင်မျိုးသူအား “ညစ်ညမ်းစွာဆဲဆို“ သဖြင့် အောင်မျိုးသူက စိတ်မထိန်းနိုင်ဘဲ အနီးရှိ အရှည်နှစ်ပေခန့်၊ လုံးပတ်ကျပ်လုံးခန့်ရှိသော သံလုံးသံတူရွင်းဖြင့် မျိုးဇင်အောင်၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ရိုက်နှက်ရာ မျိုးဇင်အောင်မှာ ပက်လက်လန်လဲကျပြီး ပခုက္ကူဆေးရုံကြီးသို့ ပို့ဆောင် ကုသစဉ် ညနေ ၄း၀၀ နာရီချိန်တွင် သေဆုံးသွားခဲ့ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သံတူရွင်းနှင့်ရိုက်သူ အောင်မျိုးသူအား အရေးယူပေးရန် မျိုးဇင်အောင်၏ ဦးလေးဖြစ်သူ ဦးကျော်ကျော်ဦး၊ မြောက်ရွာယာကျေးရွာ နေသူက တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းက (ပ)၁၄/၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu