Ad Code

Responsive Advertisement

နိုင်ငံခြား ငွေလဲနှုန်း ဆက်တိုက် ကျဆင်းလာ

ဧပြီ ၁ ရက်က တစ်ဒေါ်လာလျှင် ၁,၁၉၁ ကျပ် ဈေးပေါက်သည် (ဓာတ်ပုံ − အေအက်ဖ်ပီ)

အရပ်သားအစိုးရ စတင် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံ ရေးအပေါ် လူထုယုံကြည်မှုမြင့် တက်လာခြင်းကြောင့် မြန်မာ ကျပ်ငွေတန်ဖိုး ဆက်တိုက်မာလာ ကြောင်း စီးပွားရေးလုပ်ငန်းရှင် များက ပြောကြားသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် အစိုးရအာဏာရယူသည့် မတ်လ ၃၁ ရက်တွင် အမေရိကန်တစ်ဒေါ် လာလျှင် ၁,၁၉၇ ကျပ်သို့ ကျ ဆင်းလာပြီး အစိုးရသစ် စတင် သည့် ဧပြီ ၁ ရက်တွင် ၁,၁၉၀ ကျပ်သို့ ထပ်မံကျဆင်းလာသည်။

 လက်ရှိတွင် ပြည်တွင်း၌ သီးနှံပေါ်ချိန်ဖြစ်နေပြီး ပြည်ပပို့ ကုန်လုပ်ငန်းအချို့လည်း အားကောင်းနေခြင်းကြောင့် လှည့်လည်သုံးစွဲနေသည့် ဈေးကွက်ထဲ၌ ကျပ်ငွေလိုအပ်ချက်များလာ သည်။ လယ်သမားများ၊ ပဲစိုက်ပျိုးသည့် တောင်သူများက အစိုးရစိုက်ပျိုးစရိတ်အကြွေးပြန်လည် ပေးဆပ်နေရသဖြင့် သီးနှံများ သိုလှောင်မထားနိုင်ဘဲ ရောင်းချနေရမှုက ကျပ်ငွေ လိုအပ်ချက်တစ်ခု ဖြစ်သည်။

အမေရိကန် ဗဟိုဘဏ်ကဘဏ်တိုးနှုန်းလျှော့ချမှုကြောင့် နိုင်ငံတကာတွင် ဒေါ်လာတန်ဖိုး ကျဆင်းနေသဖြင့် ပြည်တွင်းမှာ လည်း ကျဆင်းနေသည်ဟု မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်က ပြော ကြားသည်။

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုကြောင့် ပြင်ပဈေးကွက် တွင် ဒေါ်လာဝယ်လိုအားမှာ လည်း များစွာကျဆင်းလာ ကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင် သူ တစ်ဦးက ဆိုသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုးကျဆင်းပြီး မြန်မာငွေတန်ဖိုး ပိုမိုခိုင်မာချိန် တွင် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် ဧပြီ ၁ ရက်တွင်လည်း ဘဏ်ပိတ်ရက် ဖြစ်နေခြင်းကြောင့် တစ်ဒေါ်လာ လျှင် ၁,၂၁၆ ကျပ်သတ်မှတ်ပြီး ပုဂ္ဂလိကဘဏ်အချို့က ၁,၂၀၆ ကျပ်ခန့် ဈေးဖွင့်သည်။ ပြည်တွင်း ငွေလဲကောင်တာများက ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၁၉၁ ကျပ် ဈေးသတ်မှတ်သည်။

7daydaily

Post a Comment

0 Comments

Close Menu