Ad Code

Responsive Advertisement

ဗန္ဓိသေလာ ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော် (နွားလပို့ တောင်)



ဗန္ဓိသေလာ ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော် (နွားလပို့ တောင်)
----------------------------------------------------------------------------------------
ကျိုက်ထီးရိုးစေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သော ရှင်တိဿရသေ့မှာ ကျိုက်ထီးရိုးစေတီ တော်မြတ် ထက်စောပြီး ဗုဒ္ဓဆံတော်မြတ်အစစ် (တစ်ဆူ)ကို အလယ်ကျောက်တုံး ဋ္ဌာပနာ၍ ကျောက်တုံး ၌ သုံးလုံးဆင့်ကာအံ့အောဘနန်းတည်ထားပူဇော်ခဲ့ပါသည်။
မူလဘုရာဘွဲ့ တော် ဗန္ဓိသေလာ (ကျောက်များဆက်စပ်နေသောဘုရား) ကရင်ဘာသာအရ လုံးထိုမို (ကျောက်တို့ ဘုရား) မွန်ဘာသာအရ ကျိုက်ဗောာ့ဂလ်၊ တည်ထားကိုးကွယ်သောနှစ် မဟာသက္ကရာဇ် (၁၁၃) ပင်လယ်ပြင်ရေမျက်နှာပြင်အမြင့် (၁၈၈၈)ပေ၊ အပေါ် ကျောက်တုံး အမြင့် (၈.၂၅) ပေ၊ အပေါ် ကျောက်တုံး ပတ်လည် (၂၅.၅၀) ပေ၊ အလယ် ကျောက်တုံး အမြင့် (၁၀.၅၀) ပေ၊ အလယ် ကျောက်တုံး လုံးပတ် (၄၂.၇၅) ပေ၊ အောက်ခံကျောက်တုံးအမြင့် (၇.၅၀) ပေ၊ အောက်ခံကျောက်တုံးလုံးပတ် (၅၂.၅၀) ပေ။
ကျိုက်ထီးရိုးစေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သော ရှင်တိဿရသေ့မှာ ကျိုက်ထီးရိုးစေတီ တော်မြတ် ထက်စောပြီး ဗုဒ္ဓဆံတော်မြတ်အစစ် (တစ်ဆူ)ကို အလယ်ကျောက်တုံး ဋ္ဌာပနာ၍ ကျောက်တုံး ၌ သုံးလုံးဆင့်ကာအံ့အောဘနန်းတည်ထားပူဇော်ခဲ့ပါသည်။
(ရန်ကုန် - မော်လမြိုင်ဝေးပြေးကားလမ်းမကြီးပေါ်ရှိ) မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ ကျုံကကျေးရွာ ရန်ကင်းကျောင်းမှ စတင်၍ (၄) မိုင် ကွာ တော၊တောင်၊လျိုမြောင်၊ ရေတံခွန်၊ စိမ့်စမ်းများ ကိုဖြတ်သန်း၍ သပိတ်အိုင် ဆရာတော် ဦးဥာဏိဿရ (တောရကျောင်း)အနီးရှိ နွားလပို့ တောင်တန်းပေါ်၌ တည်ထားပူဇော်ခဲ့ပါသည်။
ဘုရားကြီး၏ နှစ်စဉ်ပွဲတော်ကျင်းပရက်မှာ သင်္ကြန်အကြတ်နေ့ မှ နှစ်ဆန်းတစ်ရက်နေ့  အထိ စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါသည်။
စေတီတော်မြတ်ကြီးသို့  (၁၂) လ တစ်နှစ်ပတ်လုံး၊ လွယ်ကူအေးချမ်းစွာ (တောင်တက်ကားများဖြင့် လည်းကောင်း၊ ခြေလျင် ခရီးဖြင့် လည်းကောင်း) တက်ရောက်နိုင်ပြီး ဘယ်ပန်းချီရေးလို့ မမှီနိုင်သော သဘာဝတောတောင် ပန်းချီကားချပ်ကြီးကို ကြည့်ရှုခံစားရင်း ဖူးမြော်နိုင်ပါသည်။
အံ့ဖွယယ်ထူးခြား တန်ခိုးကြီးစေတီတော်မြတ်ကြီး သို့  လာရောက်ကြမည့် ဘုရားဖူးများအား စေတီတော်ကြီး၏ ရင်ပြင်နှင့် တောင်ခြေ၌ ညအိပ်တည်းခိုနိုင်ပြီး စားသောက်ဆိုင်များဖြင့် ဒေသခံများမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိကြပါသည်။

Source : https://sites.google.com/a/suvarnabhumi.org/www/registration/attractions-in-suvarnabhumi/bandhi-they-lar

Photo credit : original owners

Ref: 
မွန်ပြည်နယ် ၏ အလှအပများ












Post a Comment

0 Comments

Close Menu