Ad Code

Responsive Advertisement

အကြွေးကိုလှူရင် ကုသိုလ်ရ၊ မရ

အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလား ???

အကြွေးနဲ့ပတ်သက်ပြီး အကြွေးပေးထားတဲ့သူ နှစ်မျိုးရှိတယ်။

(၁) အကြွေးယူထားတဲ့သူက ပြန်မဆပ်နိုင်ဘူးဆိုပါစို့၊ အဲဒီအချိန်မှာ အကြွေးပေးထားသူက “ချေးထားတဲ့အကြွေးတွေကို သူ ပြန်မဆပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကြွေးမဆပ်နိုင်တာကို တွေးပြီး သူစိတ်ဆင်းရဲနေလိမ့်မယ်၊ မတော်လို့သေသွားမယ်ဆိုရင် စိတ်ထားဖြောင့်မှာလဲမဟုတ်ဘူး။ သူဒုက္ခ ရောက်လိမ့်မယ်၊ မဖြစ်ဘူး၊ ဒီအကြွေးကို ငါမယူတော့ဘူး၊ ဒါမှသူစိတ်ချမ်းသာမှာ” လို့နှလုံးသွင်းပြီး၊ “ ယူထားတဲ့အကျွေးတွေကို ပြန်မဆပ်ပါနဲ့တော့” လို့ဆိုကာ အကြွေးယူသူအား အပြီး လှူလိုက်တာပါ။ ဒါဟာ လူသားချင်းစာနာတဲ့ သဘော သက်ဝင်နေတယ်၊ မေတ္တာ၊ ကရုဏာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့လဲ ပြည့်စုံနေတယ်။ ဒါကြောင့် အကြွေးမရမှန်းသိပေမယ့် ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်တဲ့အတွက် အကြွေးပေးလှူသူမှာ ကုသိုလ်ရပါတယ်။


(၂) ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်” ဆိုပြီး လှူလိုက်ပါတယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမယ့်အခြေအနေရှိရင် လှူမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။
ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက်ကျတော့ ကုသိုလ်လုံးဝ မရနိုင်ပါ...။

ဆရာတော် ဦးကောဝိဒ(မြိတ်) မှ ပြန်လည်ဖော်ပြပါသည်။
http://thutakabar.blogspot.com/


Post a Comment

0 Comments

Close Menu