Ad Code

Responsive Advertisement

အစိုးရတပ် က မူကြိုဆရာမ တဦးမှ ငွေနှင့် ပစ္စည်း လုယှက်

မြန်မာအစိုးရ စစ်သားများ၊ ကချင်ပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ နယ်မြေ တွင် ရောက်ရှိနေသော အစိုးရတပ်များမှ ဧပြီလ ၁၂ ရက်နေ့ ကလေး မူကြို ဆရာမ တဦးထံမှ ငွေနှင့် ပစ္စည်း လုယှက်မှု ပြုခဲ့ကြောင်း သိရပါသည်။

အစိုးရတပ်မ ၉၉ စစ်သားများသည် နမ်ဂတ် (Nam Gat)နှင့် ဝါလုပါ (Walu Pa) ကျေးရွာ ကလေး မူကြို ကျောင်းဆရာမ Bangkan Roi Tawng ထံမှ မိုဘိုင်း ဖုန်းတလုံးနှင့် ပိုက်ဆံ ရှစ်သောင်းကို အတင်းခြိမ်းခြောက် လုယူသွားကြောင်း ဒေသခံများ ပြောပါသည်။

ယင်းနေ့မှာပင် မန်ကောင်း (Man Kawng)နှင့် မန်ပီး (Man Pyin) ကြား လမ်းသွား လမ်းလာများကို အစိုးရတပ်မ ၉၉ မှ အင်အား (၃၀)ခန့်က ပြင်းပြင်း ထန်ထန် စစ်ဆေးမှုများ ပြုလုပ်ခဲ့နေကြောင်း သိရပါသည်။

ထို့အပြင် ဧပြီ ၁၁ တွင်လည်း KIA တပ်မဟာ (၆) တပ်ရင်း ၃၆ နယ်မြေ မုန်းဘော် (Mung Baw) အနီးတွင် ရောက်ရှိနေသည့် အစိုးရတပ်မ ၉၉ အင်အား (၅၀)ခန့်က ယင်းဒေသတစ်ဝိုက် ဖြတ်သွားဖြတ်လာများကို အတင်း စုံစမ်းစစ်ဆေးနေကြောင်း သိရပါသည်။

ဖေဖေါ်ရီ လ က ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကို ဒေသတွင် KIA တပ်မဟာ ၆ ကို ဖွဲ့စည်းပြီးနောက် အစိုးရတပ် အင်အား ၃၀၀၀ ကျော် ယင်းဒေသသို့ တက်လာပြီး နယ်မြေ ရှင်းလင်းရေးနှင့် ဒေသခံများကို တင်းတင်းကြပ်ကြပ် စစ်ဆေး မှုများလည်း ပြုလုပ်နေခြင်း ဖြစ်သည်။

Post a Comment

0 Comments

Close Menu