Sunday, April 10, 2016

မော်လမြိုင်သင်္ကြန်ကာလအတွင်း မိမိကိုယ်ကို ပုံဖျက်လည်ပတ်သူတွေ ဖမ်းဆီးအရေးယူဖို့ စည်းကမ်းထုတ်ပြန်



👉👉 မော်လမြိုင်သင်္ကြန်လည်မယ်ဆိုရင်ဒါတွေဖတ်ထားဖို့လိုမယ်..
ဒါတွေသေချာမသိပဲအရင်နှစ်ကလိုလည်မိရင်
ပြင်းပြင်းထန်ထန်အရေးယူမယ်တဲ့ခင်ဗျ..အမိန့်လဲထုတ်ထားပီးပါပီ
မလိုက်နာပဲလည်ရင်တွေ့ရင်တွေ့တဲ့နေရာမှာဖမ်းဆီးမှာပါတဲ့ခင်ဗျ👈👈👈👈👈

မော်လမြိုင်သင်္ကြန်ကာလအတွင်း မိမိကိုယ်ကို ပုံဖျက်လည်ပတ်သူတွေ ဖမ်းဆီးအရေးယူဖို့ စည်းကမ်းထုတ်ပြန်
============================================
မော်လမြိုင်၊ ၆ ဧပြီ ၂၀၁၆





မော်လမြိုင်သင်္ကြန်ကာလအတွင်းပါဝင်ဆင်နွဲသူ တွေအနေနဲ့ မိမိကိုယ်ကို ပုံဖျက်ပြောင်းလဲပြင်ဆင်တာတွေပြုလုပ်ထားရင် စည်းကမ်းဖောက် ဖျက်မှုနဲ့ အရေးယူဖို့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေးအဖွဲ့က အချက် (၁၅)ချက်ပါတဲ့ စည်းကမ်းချက်တွေကိုထုတ်ပြန်ထားပါတယ်။

“ မွန်ပြည်နယ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာရေကစား နိုင်ရန်အတွက် စည်းကမ်းချက် (၁၅)ချက်ကိုထုတ်ပြန်ထားပြီး”လို့ ဧပြီ (၆)ရက်နေ့ကဆွေးနွေး တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းနို်င်ဦး ကပြောကြားခဲ့ပါတယ်။

၁၃၇၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ မွန်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကတော့ ….
(၁)မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်သည့် မြန်မာ လူမျိုးများ အမြင်တွင် မတင့်တယ်သည့် ဝတ်စားဆင်ယင်မှုများ၊နေထိုင်ပြု မှုများ မပြုလုပ်ရ။
(၂)ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်သည့် အပြုအမှုနှင့် ဝတ်စားဆင်ယင်မှုများ မိမိကိုယ်ကို ပုံဖျက်ပြောင်းလဲပြင်ဆင်မှုများ မပြုလုပ်ရ။
(၃)သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး၊အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေက စားမှုများ၊သူတစ်ပါးအား နှောက်ယှက်ရန်မူမှုများ မပြုလုပ်ရန်နှင့် ဒုတ်၊ဓါး လက်နက်များ၊အခြား အန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်အသုံးမပြုရ။
(၄)နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခပျက်ပြားစေပြီး နိုင်ငံတော်အစိုးရအပေါ် အကြည်အညိုပျက် စေရန်၊တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ၊ပြောဆိုခြင်း၊လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြု အမှုများ မပြုလုပ်ရ။
(၅)တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး၊ရပ်ရွာအေးချမ်းသာ ယာရေး၊ တရားဥပ ဒေ စိုးမိုးရေးကို ပျက်ပြားနိုင်သည့် ဆူပူမှုကိုဖြစ်ပေါ်စေ နိုင်သည့် လှုံဆော်ဖန်တီးပြုမှုပြောဆို ကြိုးပမ်းမှုများ မပြုလုပ်ရ။
(၆)ရေခဲထုတ်၊ရေခဲပေါင်း၊ဆပ်ပြာရေ၊ဂတ်စ်ဘူးများ အခြားအန္တရာယ်ဖြစ်စေ တတ်သော အရည် များဖြင့် ရေကစားခြင်းမပြုလုပ်ရ။
(၇)မော်တော်ဆိုင်ကယ်၊မော်တော်ယဉ်များအား အိတ်ဇောဖြုတ်၍ မောင်း နှင်ခြင်း၊ အသံကျယ် လောင်မှုဖြစ်စေသည့် ဟွန်းကြီးများအသုံးပြုခြင်း၊ အသံဆူညံစေရန်အတွက် မော်တော်ဆိုင် ကယ်၊ယဉ်များအား တစ်နည်း နည်းဖြင့်ပြုပြင်မောင်းနှင်စီးနင်းခြင်း မပြုလုပ်ရန်နှင့် ယင်းသို့ဖြစ် ပေါ်စေရန်အတွက် မည်သူကမျှပြုလုပ်ခြင်း၊ပြုလုပ်ပေးခြင်း မပြုလုပ်ရ။
(၈)လေပေါင်(၁၀၀)မှ (၁၅၀)အထိ အတင်အချပြုလုပ်၍ ရသည့် ကွန်ပရက် ဆာဖြင့် ရေပက် ကစားခြင်းမပြုလုပ်ရ။
(၉ )မူးယစ်သောက်စား၍ ယဉ်မောင်းခြင်း၊အပျော်လွန်ကျူး၍ စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း မပြုလုပ်ရ။
(၁၀)ယဉ်နံပါတ်ပြားမရှိပဲ မမောင်းရ၊ယဉ်နံပါတ်ပြားအတုများ၊အခြားနံပါတ်များ တပ်ဆင်ခြင်း လုံးဝမပြုလုပ်ရ၊ယဉ်၏ဘေးတံခါးများ၊နောက်တံခါးများ ဖြုတ်၍ မောင်းနှင်ခြင်းမပြုလုပ်ရန်နှင့် ယဉ်မောင်းလိုင်စင်၊ယဉ်မှတ်ပုံတင်(ဝှီးတက်) မပါဘဲ မမောင်းရ။
(၁၁)နိုင်ငံတကာအလံများယဉ်တွင် တပ်ဆင်၍မောင်းနှင်ခြင်းမပြုလုပ်ရ။
(၁၂)အရက်ဘီယာများအား မော်တော်ယဉ်များဖြင့် လှည့်လည်ရောင်းချခြင်း၊မဏ္ဍာပ်အနီးနှင့် အခြားနေရာများတွင် တရားမဝင်ရောင်းချခြင်းမပြုလုပ်ရ။
(၁၃)မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ကို အကျည်းတန်ညိုးနွးမ်းစေသည့် လုပ်ရပ်များ၊ ဥပဒေမဲ့ လုပ်ရပ်များ မပြုလုပ်ရ။
(၁၄)ဖျက်သိမ်းထားသော ယဉ်အို၊ယဉ်ဟောင်းများနှင့် ပြုပြင်ဆဲယဉ်များအား မောင်းနှင်ခြင်း မပြုရ၊သံစုံဟွန်းများတပ်ဆင်၍ အသုံးမပြုရ။
(၁၅)မော်တော်ယဉ်များတွင် ညစ်ညမ်းသောစာသားများ၊ဆိုင်းဘုတ်၊ပန်းချီ၊ရုပ်ပုံ၊အခြားမသင့် လျှော်သော ပစ္စည်းများရေးသားချိတ်ဆွဲခြင်း၊နိုင်ငံတကာ အလံများ ယဉ်တွင် တပ်ဆင်မောင်း နှင်ခြင်းမပြုရ။

စတဲ့ စည်းကမ်းချက် (၁၅)ချက်ကို သင်္ကြန်ကာလအတွင်းလိုက်နာကြဖို့ ထုတ်ပြန်ထားလိုက် တာပါ။ဖောက်ဖျက်ကျုးလွန်မယ်ဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုထားပါ တယ်။

မော်လမြိုင် သင်္ကြန်ရက်တွေမှာရေကစားကြမယ့် လူကြီး၊လူငယ် တွေဟာ ကား၊ဆိုင်ကယ် တွေနဲ့လည်ပတ်ကြသလို မဏ္ဍာပ်ထိုးပြီး ရေဆော့ တတ်ကြတာပါ။အများစုသော လူငယ်တွေကတော့ ဆိုင်ကယ်တွေနဲ့ လည်ပတ်တတ်ကြ ပြီး မျက်နှာတွေကို အရောင်တွေ၊လိမ်းချယ်ထားတတ်တဲ့ အတွက် ရုံဖျက်ထားသလိုဖြစ်နေတတ် ပါတယ်။ 
သင်္ကြန်ကာလရောက်ပြီဆိုရင် သံချပ်ထိုးဖျော်ဖြေတတ်တဲ့ မြင်တာကိုတည့်တည့်ပြောမယ် သံချပ်အဖွဲ့တာဝန်ခံ ကိုကြည်ဇော်လွင်က "
မိမိကိုယ်ကိုပုံဖျက်တယ်ဆိုတာက နေလောင်ဒဏ်ကနေကာကွယ်အောင် မိတ်ကပ်တွေလူးရာကနေစတာပါပဲ။ အဲ့လိုလုပ်နေရင်းကနေ တီထွင်ဖန်တီးလာကြတယ်။ နောက်ဆုံး မမှတ်မိလောက်အောင်ကို ပုံဖျက်လာကြတာပေါ့။ ပြောရရင် သင်္ကြန်ယဉ်ကျေးမှုတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီစည်းကမ်းချက်ကို ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး။ သင်္ကြန်မှာ နေလောင်ဒဏ်ကာအောင် မိတ်ကပ်လူးကြအုံးမှာပဲ။ ပုံစံမျိုးစံဖန်တီးကြအုံးမှာပဲ။ ကိုင်တွယ်ရခက်နိုင်ပါတယ်။ ဒီစည်းကမ်းချက်က အလုပ်မဖြစ်နိုင်ဘူး။" လို့ ပြောပါတယ်။

တချို့လူငယ်တွေကလည်း သင်္ကြန်လည်ပတ်ရာမှာ ရာဘာ ပိုက်လုံးတွေ အတွင်း သစ် သား၊သံချောင်းတွေထည့်ထားပြီး အမှတ်အသား တစုံတခုကို ထိပ်မှာချည်လျှက် အလံ တိုင်တခုအဖြစ်အသုံးပြုတတ်ပါတယ်။အဖွဲ့လိုက်လည်ပတ်တဲ့ လူငယ်တွေမှာဆိုရင် ပုံစံ မျိုးစုံရှိတဲ့ ဒုတ်၊ချိန်းကြိုး လိုလက်နက်ကိရိယာတွေကို ပြီးခဲ့ တဲ့ သင်္ကြန်နှစ်တွေတုန်းက အတော်များများ တွေ့ခဲ့ရပါတယ်။သက်ဆိုင်ရာ အာဏာပိုင်တွေက အခုလိုစည်းကမ်း ချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ အကောင်အထည်ဖော် ဖို့ခက်ခဲနေဆဲပါ။

မြန်မာနိုင်ငံအနှံမှာတော့ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိသာ ရေကစားကြပေမယ့် မွန်ပြည်နယ်အတွင်းက မြို့တွေမှာတော့ နှစ်ဆန်းတရက်နေ့မှာပါ ရေကစားတဲ့ အလေ့ရှိပါတယ်။အခုနှစ် မော်လမြိုင်သင်္ကြန်ဟာဆိုရင် ဧပြီ ၁၂ ရက်နေ့ကနေ ၁၇ နေ့အထိ ၆ ရက်တိုင်တိုင် ရေကစားကြမှာပါ။
Credit to မော်ရွှေမြိုင် မြို့ ရဲ့  အလှ

0 comments:

Post a Comment