Ad Code

Responsive Advertisement

(စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း)



(စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း)

သက္ကရာဇ် ၄၁၅ ခုလို့ပါတဲ့ လွန်ခဲ့သောနှစ်ပေါင်း ၉၆၀ က ၁၁ရာစုခေတ်
အနော်ရထာမင်းရဲ့သားတော် စောလူးမင်းရေးထိုးခဲ့တဲ့
မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ၊ ဂျွမ်း (၅)ဘာသာနဲ့ရေးထိုးထားတဲ့ ကျောက်စာတစ်ချပ်ကို မြစ်သားမြို့ ပေတော ပရဟိတကျောင်းမှာရှာဖွေတွေ့ရှိခဲ့တယ်လို့
မြန်မာ့အသံကသတင်းထုတ်ပြန်သွားပါတယ်။
မြန်မာဘာသာ (၈)ကြောင်း၊ ပျူလက်ရေးဖြင့် ပါဠိစာ(၁၄)ကြောင်း၊ ပျူလက်ရေးဖြင့်ပျူစာ(၇)ကြောင်း ကတစ်မျက်နှာ
မွန်ဘာသာဖြင့်(၁၅)ကြောင်း၊ ပါဠိဘာသာဖြင့်(၈)ကြောင်း၊ ဂျွမ်းဘာသာဖြင့်(၄) ကြောင်းကတစ်မျက်နှာ အားလုံး(၂)မျက်နှာရေးထိုးထားတဲ့ (၅)ပေမြင့်ပြီး (၃) ပေခွဲလောက်ကျယ်တဲ့ကျောက်စာကို (၅)ပိုင်းကျိုးလျက်ကို (၄)ပိုင်း ရှာဖွေတွေ့ရှိပေါ်ပေါက်ခြင်းပါ။

ကျွန်တော်တို့မြန်မာနိုင်ငံသားများအတွက် ဒီကျောက်စာတွေ့ရှိပေါ်ပေါက်ခြင်းဟာ သိတ်အရေးကြီးပါတယ်၊ယဉ်ကျေးမှုအဆင့်အတန်းထပ်ပြီးမြင့်သွားသလို၊ ဂုဏ်သိက္ခာလည်းနောက်တစ်ဆင့်ကို မြင့်တက်သွားစေပါတယ်။
လက်နက်နိုင်ငံတော်အဆင့် အင်ပါယာကိုတက်လှမ်းနိုင်ခဲ့တဲ့ အနော်ရထာခေတ် မြန်မာ့သမိုင်းထဲမှာ အရေးပါလှတဲ့တိမ်မြုတ်နေတဲ့ အချက်အလက်တစ်ချို့ထည့်သွင်းနိုင်ပါတော့မယ်။
ဒီကျောက်စာက
၁- မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ သက္ကရာဇ်အတိအကျပါတဲ့ကျောက်စာတွေထဲမှာစောဆုံးဖြစ်ပါတယ်။
၂- သက္ကရာဇ်ပါတဲ့ထဲမှာ စံထားကြတဲ့ ရာဇကုမာရ် ရေးထိုးခဲ့တဲ့ မြင်းကပါဂူပြောက်ကြီးကျောက်စာထက်စောပါတယ်။
၃- ဘာသာ(၄)မျိုးနဲ့ရေးထိုးခဲ့တဲ့တစ်ခုတည်းသော ရာဇကုမာရ်ကျောက်စာထက် တစ်ဘာသာပိုပြီးမြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ တွေ့ရှိပေါ်ပေါက်တဲ့ထဲမှာ တစ်ခုတည်းသော(၅)ဘာသာပါတဲ့ ကျောက်စာဖြစ်ပါတယ်။

မွန်ကမ္ဗည်းကျောက်စာပညာရှင် နိုင်ဘရှင်က ဒီကျောက်စာရဲ့ မွန်ဘာသာအပိုင်းက စောလူးမင်းကိုယ်တိုင် ငါသည် ဘုရားရုပ်တု တစ်ဆူပြုလုပ်မည် ဆိုတဲ့အပိုင်းကိုဖတ်ပေးသွားပါပြီ၊ စောလူးမင်းရဲ့ကုသိုလ်ဆိုတာကိုထင်ရှားစေခဲ့ပြီး ခုနှစ်သက္ကရာဇ်ကိုလည်း အတည်ပြုနိုင်ခဲ့ပါပြီ။
ကျွန်တော့် တစ်ကိုယ်စာတွေးယူဆင်ခြင် ထင်မြင်မှုက စောလူးမင်းဟာ
အများထင်သလိုညံ့ဖျင်းတဲ့ထီးဆောင်းမင်းတစ်ပါးမဟုတ်နိုင်ဆိုတာပါပဲ။

ကျွန်တော်တို့အားလုံးက ဆရာကိုဗဟိုပြုသင်ကြားရေးနဲ့တစ်သက်လုံး ယဉ်ပါးခဲ့ရတော့ စောလူးမင်းကိုရန်သူ့စခန်းမှာ ပစ်ချခဲ့ပြီး ရန်သူ့လက်မှာခွေးသေ ဝက်သေ သေရစ်ခဲ့ပေတော့လို့ဆိုတဲ့ ကျန်စစ်မင်းရဲ့ ဒိုင်ယာရီကိုဘယ်သူဖတ်ခဲ့တာလဲ၊
ပုဂံခေတ် စကားတွေဟုတ်ရဲ့လား၊ရန်သူ့တပ်ထဲကို စစ်သေနာပတိတစ်ယောက်က
လက်နက်မပါပဲတစ်ယောက်ထဲသွားတာဟုတ်ပါရဲ့လားလို့ စဉ်းစားခွင့်နည်းပါးခဲ့ကြပါတယ်

ကျောက်စာသံပိုင်း ခိုင်မာစွာရှိသမျှကိုယူပြီး ကျွန်တော့်တစ်ကိုယ်စာ လေ့လာဆင်ခြင်ပုံကို
ပြောပြပါမယ်၊ ပုဂံမှာရှိတဲ့စောလူးမင်းရဲ့ ကုသိုလ်ကောင်းမှုက အနုပညာလက်ရာတွေက
အားလုံးထက်သာလွန်ပြီး ကောင်းမွန်တောတွေ့ရတယ်၊ ပြတိုက် မိုက္ကရိုခန်းထဲမှာရှိတဲ့ ကြေးတစ်ခြမ်းဖောင်း ရွှေရည်သုတ်လက်ရာ ဗုဒ္ဓရုပ်ပွားတော်ရဲ့ခြေဖုဝါးတော် လှန်ထားပုံမျိုးက ပုဂံဟန်ထဲမှာ တစ်ခုတည်းသောလက်ရာပဲဖြစ်ပြီး အလွှမ်းမိုးကင်းတာကိုတွေ့ရတယ်၊
အဲဒီကစပြီး စောလူးမင်းကိုစိတ်ဝင်စားပါတယ်၊ စောလူးမင်းရဲ့ဘွဲ့တော်အမည်ကိုစောစောက မသိကြပါဘူး၊ ပုဂံမှာ ဆန်းဆက်ဓါတ်ပုံရိုက်လေ့ရှိတဲ့ ဘုလည်သီးဘုရားရဲ့ခေါင်းရင်း ကပ်ရက်မှာ သိတ်လှပတဲ့ စဥ့်ရောင်စုံနဲ့ စဥ့်ဘုရားလို့အရပ်ကခေါ်တဲ့ စဥ့်အုတ်တွေနဲ့ စေတီတစ်ဆူရှိပါတယ်၊ အဲဒီစေတီကရတဲ့ ကျောက်စာတစ်ပိုင်းနဲ့ အုတ်ခွက်ဘုရားတွေကို ခိုးရောင်းမယ့်သူလက်ထဲကနေ ကံကောင်းထောက်မစွာနဲ့ ရှေးဟာင်းသုတေသနက ပြန်လည်သိမ်းဆည်းလို့ ရခဲ့ရာမှာ
ကျောက်စာမှာရောအုတ်ခွက်တွေမှာပါ စောလူးမင်းရဲ့ဘွဲ့တော်အမည် သြီဝဇာဘရဏ
(မိုးကြိုးတို့ရဲ့အရှင်သခင်) အပြင် သားတော်စောယွန်းရဲ့ ဘွဲ့အမည်နဲ့ စောယွန်းရဲ့ဇနီး
(အများကရွှေအိမ်သည်လို့သိကြတဲ့) ကျန်စစ်မင်းရဲ့ သမီးတော်ဘွဲ့အမည်နဲ့ သူတို့မိသားစုရဲ့ အလှူကိုသိရပါတယ်။

ဝဇာဘရဏကိုသိပြီဆိုတော့ အနော်ရထာမင်းကြီးကိုယ်တော်တိုင် လက်ဖြင့်သွန်းလုပ်သော မြေပုံဘုရားဆိုတဲ့ စာတွေနဲ့ အုပ်ခွက်ဘုရားတွေတွေ့ရာ ဒီနိုင်ငံနယ်နိမိတ်ထဲက တွံတေး၊ မိုးမိတ်၊ တနင်္သာရီ စတဲ့နေရာတွေမှာ တွဲလျက်တွေ့ရတဲ့ ဝဇာဘရဏဆိုတဲ့ အမည်ပါတဲ့ အုပ်ခွက်တွေက ဝဇာဘရဏ ဆိုတာ အနိရုဒ္ဓဆိုတဲ့အနော်ရထာမင်းကြီးရဲ့သား စောလူးမင်းဆိုတာသိရပြီ၊ ဒါဆိုရင် အနော်ရထာဟာသားတော်အိမ်ရှေ့မင်းစောလူးမင်းသားကိုသွားလေရာခေါ်ပြီး နန်းလျာကို
ကောင်းစွာလေ့ကျင့် သင်ကြားပြီး ဝဲလ်ထရိန်း လုပ်ခဲ့သားပဲလို့ယူဆပါပြီ။

ညံ့ဖျင်းလှတဲ့မင်းမို့ ရန်သူ့လက်မှာခွေးသေဝက်သေ သေခဲ့ပေတော့လို့ထားရစ်ခဲ့ပြီးပုဂံထီးနန်းကို
သိမ်းယူခဲ့တဲ့ကျန်စစ်သားကို ဆက်ကြည့်ကြရအောင်ပါ၊ ကျန်စစ်မင်းကြီးရဲ့ နာမည်ကြီးလှတဲ့ နန်းတည်ကျောက်စာနှစ်တိုင် ပုဂံရွှေစည်းခုံစေတီရဲ့အရှေ့ဖက်စောင်းတန်းမှာ ဘယ်ငြာနှစ်တိုင်ကို အုတ်တိုက်နဲ့ ထိန်းသိမ်းထားတာကိုတွေ့ ရမှာဖြစ်ပါတယ်၊ ကျန်စစ်မင်းရဲ့နန်းတော်သစ်တည်ဆောက်ပုံကို ကြာသာပတေးသားသမီးများကနန်းတော်တိုင်
ဆေးဖို့  ဧရာဝတီမြစ်ထဲ ရေဆင်းခတ်တဲ့နေ့ စွဲကစလို့ မှတ်တမ်းများစွာ ထားခဲ့တဲ့တန်ဖိုးကြီးလှတဲ့
သမိုင်းအမွေတွေ ချန်ထားခဲ့ပါတယ်။
တစ်ဖက်ကလည်း အလွန်ကြွားဝါလှတဲ့ ဒီခေတ်တီဗီကြော်ငြာကိုကြည့်ရသလိုပါပဲ။
မျိုးရိုးမဖော်ပြနိုင်တဲ့ ကျန်စစ်မင်းကြီးဟာ သူဟာသရေခတ္တရာပြည်မှာမင်းလုပ် အုပ်ချုပ်ခဲ့ပြီး သေလွန်ချိန်မှာနတ်ပြည်မှာသွားစံစားနေကြောင်း အခုလူ့ ဘဝကိုပြန်လာပြီး ပုဂံနေပြည်တော်ကို
သြီ တိဘုဝနာဒိတျဓမ္မရာဇာ အဖြစ်နဲ့မင်းလုပ်အုပ်ချုပ်ဖို့ ဘုရားဗျာဒိတ်ရလေဟန်ရေးထိုးထား
ပါတယ်။အဲဒီမူဝါဒ ကြေငြာစာတမ်းကျောက်စာကို ပုဂံခေတ်အများပြည်သူတွေ မလွဲမသွေတွေ ရမယ့်ရွှေစည်းခုံစေတီကြီးရဲ့ အရှေ့ဖက်စောင်းတန်းနဲ သရပါတံခါးအဝင် ဘယ်ညာတို့မှာ စိုက်ထူထားခဲ့တာလည်းဖြစ်ပါတယ်၊ ညာဖက်လက်က အဝတ်ပုဆိုးစားစရာတွေကိုပေးပြီး ဝဲဖက်လက်နဲ့ ကွဲကွာသူတို့ရဲ့ ပူဆွေးခြင်းမျက်ရည်နဲ့ နှပ်ရည်ကိုသုတ်ပေးပါ့မယ်၊ ကွေကွင်းသူတို့
ကိုပြန်လည်ဆုံတွေ့ ပေးပြီး အများလက်သို့ ပါသွားသူတို့ကို ပြန်လည်ခေါ်ဆောင်ပေးမယ်
ဆိုကတည်းက ဘယ်လိုပဲထိန်ချန်ပါစေ အနည်းငယ်သောစစ်ပွဲ ရှိတာကိုမြင်နေရပါပြီ၊ ကျန်စစ်မင်းကြီးက မိုးတိမ်များကြားကနေပေါ်လာပြီး လေရဲ့လျင်မြန်ခြင်းကဲ့သို့သောနတ်မြင်း
ကိုစီးကာ ရန်သူတွေကိုနှိမ်နှင်းပါ့မယ်ဆိုတဲ့ ကတိလည်းပါပြန်တယ် ကျန်စစ်မင်းကြီး လက်ထက်မှာ
လူအများသာယာကြလို့ သူ့ ကိုချီးမွမ်းထောပနာပြုသံတွေဟာ နေ့ခင်းမှာချီးမွမ်းလိုက်တဲ့ အသံ
တွေဟာညဥ့်သန်းကောင်းယံတိုင်အောင်အထက်ဘဝဂ်ထိ ပဲ့တင်ထပ်ပြီးကြားနေရပါလိမ့်မယ်တဲ့။
ပြည်တော်သာကျွန်းမှာ စောလူးမင်းကိုသေခဲ့ပေတော့ပြောပြီးပုဂံနန်းကိုပြန်ခဲ့တဲ့ ကျန်စစ်မင်းဟာ သူတောင်မြစ်လယ်မှာလမ်းပျောက်နေလို့ ယခင်ဘဝက ဖခင်တော်ခဲ့ဘူးတဲ့ ဗိဿနိုးနတ်မင်းက မြစ်တွေးငှက်ယောင်ဆောင်ပြီးကမ်းရှိရာ လမ်းပြလို့ပြန်ရောက်ခဲ့ရတယ်လို့ လည်းပြောပြန်ပါတယ်။

အဲဒီအခြေအနေနဲ့ နန်းတက်ခဲ့တဲ့ကျန်စစ်မင်းဟာ ပုဂံထီးနန်းကိုသိမ်းပိုက်ပြီး ရုတ်တရက်
နန်းမတက်သေးပါဘူး နှစ်နှစ်ကြာမှ နန်းတက်ပါတယ်၊ နန်းတော်သစ်ဆောက်ပါတယ်၊ပြီးတော့ ကျန်စစ်သားမင်းဟာ ကြီးမားတဲ့စွန့် လွှတ်စွန့်စားမှုကိုလုပ်ပါတယ်၊ သူ့သမီးတော်ရွှေအိမ်စည်ကို စောလူးမင်းရဲ့သားတော် စောယွမ်းနဲ့ ပေးစားပါတယ်၊ အဲဒီနှစ်ယောက်ကမွေးလာတဲ့မြေးဖြစ်သူ အလောင်းစည်သူမင်းကို (၆)နှစ်သားမှာရင်ခွင်မှာပိုက်ပြီး
ဤထီးနန်းကားငါ့မြေး၏ထီးနန်းပေတည်းလို့ ကြေငြာပေးလိုက်ပါတော့တယ်။

ဆန့်ကျင်နိုင်မယ့် ဆန့်ကျင်ခဲ့မယ်လို့ ယူဆရတဲ့ အနော်ရထာဆက်နဲ့ စောလူးရဲ့ အင်အားစုတွေအတွက်နောက်ဆုံးဆေးကို တိုက်ချလိုက်တယ်လို့ ပဲထင်ပါတယ်၊
ပုဂံထီးနန်းကို အနော်ရထာရဲ့နန်းရိုးဖြစ်တဲ့ အနော်ရထာမြစ်တော်၊ကျန်စစ်မင်းရဲ့မြေးတော် အလောင်းစည်သူ ဆက်ခံသိမ်းမြန်းသွားပါပြီ၊ မြေးကားအရင်းသားကားအဖျားဖြစ်ခဲ့လေပြီဆိုသော ဆိုရိုးစကားအတိုင်း အခုကားနဲ့ သွားရင်တောင် တစ်နာရီခန့် ကြာမယ့် မြကန်နားမှာ ပိဋကတ်တိုက်တစ်ခုဖွင့်လို့ ရာဇကုမာရ်တစ်ယောက်လည်း ဆရာတော်များနဲ့ အတူ ပိဋကတ်သုံးပုံ ကူးတဲ့ပရောဂျက်ကို ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ရင်း ကျန်စစ်မင်းအပေါ်သားလိမ္မာဖြစ်ကြောင်း နောက်ဆုံးအချိန်မှာ ရေစက်သွန်းချအမျှဝေပေးခဲ့ပြီး ဖခင်က ကောင်းလှောင့်တည်းလို့ သုံးကြိမ်ထပ်ပြီး ချီးကျုးခဲ့ပုံကို ကျောက်စာ လေးဘာသာဖြင့် မိတ္တူနောက်တစ်တိုင်ပါရေးထိုးပြီး
နှောင်းလူတွေကို ဖခမည်းတော်ဖြစ်စေချင်တဲ့အတိုင်း သာဓုခေါ်ဘွယ် သားလိမ္မာဖြစ်ပေးခဲ့ပါပြီ။
၁၉၇၅ ပုဂံငလျင်လှုပ်ခါမှ ကွဲထွက်သောရွှေစည်းခုံ စေတီအတွင်းမှ အနော်ရထာ၏ကုသိုလ်
စေတီကို ငုံပြီးတည်ထားသည်ကိုတွေ့ ရသောအခါ ရွှေစည်းခုံစေတီ၏ ဒကာကျန်စစ်မင်းကသူ့ ကုသိုလ်ကိုရွှေစည်းခုံစေတီတွင် မပျောက်မပျက်အောင် ကျောက်စာမရေးထိုးပဲပြည်ရွှေဆံတော်
စေတီကျောက်စာ တွင်မှ ပုဂံရွှေစည်းခုံသည် သူ့ကုသိုလ်ဟု မိုင်တစ်ရာအကျော်မှာမှ
သွားရေးထိုးသော ကျန်စစ်မင်းကြီးကိုမြင်တွေ့ ရပါပြီ။

ဒါတွေက ကျန်စစ်သားကိုရှုံ့ ချလိုရင်းမဟုတ်ပါ။
ကျန်စစ်မင်းသည်မင်းကောင်းမင်းမြတ်တစ်ပါးဟုလည်းဆုံးဖြတ်နိုင်စရာရှိပါတယ်၊
အခု စောလူးမင်းရေးထိုးခဲ့တယ်ဆိုတဲ့ ကျောက်စာကိုတွေ့ရပါပြီ။
အကြောင်းအရာကိုမသိရစေသေးကာမူ ဘာသာ(၅)မျိုးနဲ့ရေးထိုးခဲ့တဲ့သူ့အဆင့်အတန်းကို
ချိန်ထိုးနိုင်တော့မှာပါ၊

ပြောလိုတာကဆရာကိုဗဟိုပြုပြီးသင်ကြားတဲ့စနစ်ကိုကျော်လွန်စဉ်းစားတတ်ဖို့ပါ။
တစ်ဖက်ကလည်း လော့ဂျစ်ကယ်သင်းကင်းမပါပဲ ပါးစပ်ရာဇဝင်တွေကို
ဆက်လက်ပြောဆိုတင်ပြရာမှာ ချင့်ချိန်ကြဖို့ပါ၊
ရှုံ့ချလိုရင်းမဟုတ်ပါ ဥပမာအနေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ
ဘယ်မှမရောက်တဲ့ ကျန်စစ်မင်းလိုရုပ်ရှင်ကားများရိုက်ပြီး အကယ်ဒမီယူ
အကယ်ဒမီပေး၊ အသပြာ ၂ ပဲ နဲ့ ငါးကြင်းခေါင်းကိုင်တဲ့ကိစ္စမျိုး ရပ်တန်းကရပ်သင့်ပါပြီ။
တစ်ဆက်ထဲပြောရရင် ကျွန်တော်တို့အားလုံးက ဆရာကိုဗဟိုပြုသင်ကြားရေးနဲ့
တစ်သက်လုံး ယဉ်ပါးခဲ့ရတော့ စောလူးမင်းကိုရန်သူ့စခန်းမှာပစ်ချခဲ့ပြီးရန်သူ့လက်မှာခွေးသေ ဝက်သေ သေရစ်ခဲ့ပေတော့လို့ဆိုတဲ့ကျန်စစ်မင်းရဲ့ ဒိုင်ယာရီကို ဘယ်သူဖတ်ခဲ့တာလဲ၊ သူ့ရဲ့သူရဲကောင်းလေးယောက် ညောင်ဦးဖီးတို့ဘယ်ရောက်သွားလဲ၊တစ်ခါမှ မကြားရတော့
ပါလားလို့ စဉ်းစားခွင့်မရှိခဲ့တဲ့ပညာရေးမဟုတ်လား၊
အရွယ်လေးရပြန်တဲ့စဉ်းစားဆင်ခြင်ဥာဏ်လေးဝင်ချိန်ကြတော့လည်း ပုံမကျတဲ့နိုင်ငံရေးပုံစံနဲ့ စီးပွားရေးပုံစံကခေါင်းတော်ဖော်ခွင့်မရခဲ့ကြတော့ နိုင်ငံသားတွေ ခမျာကိုယ့်ရဲ့အားကောင်းတဲ့
ယဉ်ကျေးမှုပုံစံတွေ မေ့လျော့ခဲ့ရပြီး၊ ကိုယ့်ပုံကိုယ့်ပန်းတွေပျောက်ခဲ့ကြရရှာပါတယ်။
နိုင်ငံတကာမှာ ခေါင်းမော့ခွင့်ရှိပါလျက် ခုခံချေပခွင့်မရှိပဲခေါင်းငုံ့နေခဲ့ကြရပြီ မဟုတ်ပါလား၊ ဒီတော့ မြန်မာတို့ပညာရေးစနစ်ပြင်ဖို့သင့်ပါပြီ၊ နိုင်ငံသားတို့ကလည်းသတိရှိဖို့လို့ပါပြီ၊ ပညာထက်အရေးကြီးတာကသမိုင်းပါ၊ နိုင်ငံသားတိုင်း ယဉ်ကျေးမှုအားကောင်းတဲ့ ကိုယ့်သမိုင်းကို ဆင်ခြင်နှလုံးသွင်းပြီး ကိုယ့်ပုံကိုယ့်ပန်းကိုတည်ဆောက်ယူပြီးမှ ကမ္ဘာ့စာမျက်နှာမှာဝင်ဆန့်နိုင်မယ်
ဆိုတာ နားလည်ဖို့လိုပါလိမ့်မယ်၊ ကိုယ့်ပုံကိုယ့်ပန်းဘာလဲလို့ တောင်မဆင်ခြင်နိုင်တော့ တစ်နိုင်ငံလုံး စိတ်နှလုံးညှိုးချုံးရတဲ့ပြသနာ ရိုဟင်ဂျာတဲ့။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးမှာ တိုင်းထွာရတာ ယဉ်ကျေးမှုအဆင့်အတန်းမှာ စကားနဲ့စာတဲ့၊စတိတ်အဆင့်မြန်မာနိုင်ငံက စစ်ဆေးရမှာက ရိုဟင်ဂျာစာနဲ့ ရိုဟင်ဂျာစကားဘာလဲလို့မေးရန်
သာရှိပါတယ်၊ ရိုင်းရိုင်းမေးရပါလျင် ရိုဟင်ဂျာ ပါရာယနဝတ္ထုရှိပါသလား၊ ရိုဟင်ဂျာ သမဏ္ဍစက္ကုဒီပဏီရှိပါသလား၊ ရိုဟင်ဂျာသူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ရှိပါသလား၊ ဘယ်တုန်းကဒီလူမျိုးပေါ်ပေါက်ခဲ့ပါသလဲ ငါတို့နှင့်အတူယှဉ်တွဲနေထိုင်ခဲ့သော တိုင်းရင်းသားများမှာ အနည်းဆုံးစာစကားရှိကြသည်ကိုမြင်အောင်ပြပြီး မြန်မာနိုင်ငံသမိုင်းတွင်
အရေးအကြီးဆုံးသောတစ်ကြိမ်တစ်ခါဖြစ်သော သူ့ကျွန်ဘဝရောက်ချိန်တွင် တိုင်းရင်းသားအားလုံး
တိုက်တွန်းရန်မလိုပဲ ကိုယ့်အသိစိတ်နှင့်ကိုယ် နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ဘုးသော သမိုင်း
ရှိပါသလားမေးမြန်းပြီး ပင်လုံစာချုပ်ပါ တိုင်းရင်းသားစာရင်းကို မိတ္တူကူးဝေငှပြသကာ အပြီးတိုင်နှိမ်နှင်းချေမှုန်းရန်သာရှိပါတယ်၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ယောက်ကျားဆန်ဆန်ရန်ဖြစ်
ရမယ့်ကိစ္စမှာ ခေါင်းဆောင်များ တစ်ကိုယ်စာ၊ လူတစ်စုစာ ကိုယ့်ရပ်တည်ချက်အတွက် သာ ဟတ်ထိုးလိုက်နေရတဲ့အတွက် ရဲရင့်မှုနည်းခဲ့ရပြီး သမိုင်းဆိုင်ရာ ဆင်ခြင်ဥာဏ်ပညာမပါလာတဲ့ အတွက် ရှင်းလင်းနေတဲ့ပြသနာရှုတ်ထွေးခဲ့ရပြီး ထိန်းမနိုင် သိမ်းမရဖြစ်နေတာကို မြင်တွေ့
နေရပါတယ်။

ဒါ့ကြောင့်နိုင်ငံသားအားလုံး ကျန်ရှိနေတဲ့ ကိုယ့်ဘဝနဲ့ ကိုယ့်မျိုးဆက်အတွက်
သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓါ။
ကြားနာကြပါကုန်၊ လေ့လာကြပါကုန်၊ ကြံစည်စိတ်ကူးကြပါကုန်။

မျိုးဆွေသန်း
(၂၊၁၂၊၂၀၁၃)
Myo Swe Than  Facebook မှ ပြန်လည်ကူးယူဖော်ပြသည်။








Post a Comment

0 Comments

Close Menu