Ad Code

Responsive Advertisement

အရိုးကျီးပေါင်းအတွက် ဆေးနည်း



အရိုးကျီးပေါင်းအတွက် ဆေးနည်း
အရိုးကျီးပေါင်းအတွက် ကိုယ်တိုင်လုပ် သဘာဝကုထုံးလေးကို မျှဝေပေးလိုက်ပါသည်။
(၁) ပရဆေးဆိုင်များတွင် မိတ်သလင်မှု့န့်ကို ၀ယ်ပါ။
(မိတ်သလင်ဥကိုဝယ်၍ ကိုယ်တိုင်အမှုန့်ကြိတ်လျှင် ပိုစိတ်ချရပါသည်။
ပြည်ပရောက်မြန်မာများ ဆေးဆိုင်တွင် အင်္ဂလိပ်လို Galangal ဟု မေးဝယ်ပါ။ Galangal Root(မိတ်သလင်ဥ), Galangal Powder(မိတ်သလင်မှု့န်) စသဖြင့် ပြောနိုင်သည်)
(၂) အခိုးအငွေ့ထွက်နိုင်မည့် ပိတ်စကြမ်းဖြင့် ပုံတွင်ပါသည့်အတိုင်း ကြပ်ထုပ်ထိုးနိုင်ရန် ၂ ထုပ် ပြင်ဆင် ထုပ်ပိုးထားပါ။
(၃) အထုပ်ကို ရေနွေးငွေ့ သို့မဟုတ် မီးအပူရှိန်ဖြင့် အပူပေးပါ။
(၄) ကြပ်ထုပ်ထိုးမည့်နေရာကို မုံညှင်းဆီး သို့မဟုတ် နမ်းဆီ အနည်းငယ် လိမ်းထားပြီး ထိုးပါက ပို၍အဆင်ပြေမည်။
(၅) ကြပ်ထုပ်အပူကို အရိုးကျီးပေါင်းဖြစ်သည့်နေရာပေါ်ကို ကြပ်ထုပ်ထိုးပေးပါ။
(၆) တစ်ထုပ်အေးသွားလျှင် နောက်တစ်ထုပ်လဲ၍ တစ်လှည့်စီ ထိုးပါ။ တစ်ခါထိုးလျှင် ၄၅ မိနစ်ခန့်ထိုးပါ။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်ထိုးပါ။
(၇) ကြပ်ထုပ်ကို ၂ရက်၊ ၃ရက် ထိုးပြီးလျှင် အသစ်လဲပါ။
(၈) ကြပ်ထုပ်ထိုးပြီးလျှင် သင်္ဘောရွက်ကို မီးအပူပေး၍ အရိုးကျီးပေါင်းပေါ်ကို အနည်းဆုံး နာရီဝက်ခန့် အုပ်ထားပေးပါ။
၎င်းဆေးနည်းသည် ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝနည်းစစ်စစ်ဖြစ်သည့်အတွက်
စိတ်ရှည်ရှည်လေးထားပြီး လုပ်ပေးရန် လိုအပ်သည်။ ခါး၊ ကျောရိုး၊ ဒူး၊ ဇက်ကျော စသည့် အရိုးကျီးပေါင်းအားလုံးကို အသုံးပြုနိုင်သည်။
သတိထားရန်
အရိုးကျီးပေါင်းဖြစ်သည့်နေရာတွင် ပူခြင်း၊ ယားယံခြင်းများဖြစ်လျှင် ပရုပ်ဆီ၊ ဒဏ်ကြေဆေး စသည့်ဆေးအပူများ မလိမ်းပါနှင့်။ သနပ်ခါးအမြစ်ကိုသာ ဆားအနည်းငယ်ဖြင့် သွေးလိမ်းပါ။
ပူတာအိုမြို့ မှ တိုင်းခမ်းတီလူမျိုး မိတ်ဆွေတစ်ဦးသည် ခါးနှင့်ကျောရိုး ကျီးပေါင်းတက်နေပြီး ဆေးရုံဆေးခန်းပြခဲ့သော်လည်း ကြာပြီဖြစ်သည့်အတွက် သဘာဝဆေးနည်းဖြင့် ကုသလို၍ မိမိအား ဆေးနည်းတောင်းလာသည့်အတွက် အရိုးကျီးပေါင်းနှင့်ပတ်သက်သော ဆေးနည်းများကို ရှာဖွေပေးခဲ့ပါသည်။
၎လ၊ ၅ လခန့်အကြာမှာ ၄င်းမိတ်ဆွေမှ သူ့ရဲ့ နှစ်ရှည် အရိုးကျီးပေါင်းဟာ သိသိသာသာ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်း ၀မ်းသာအားရ အကြောင်းကြားလာပါသည်။ အလွန်လွယ်ကူပြီး ငွေအကုန်ကျနည်းသည့် တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်(မုဒြာ) ၏ မိတ်သလင်မှု့န်ဖြင့် ကြပ်ထုပ်ထိုးနည်းကို လက်တွေ့လုပ်ကြည့်ပြီး သက်သာခဲ့ကြောင်း သိရသည်။
ကျီးပေါင်းဝေဒနာရှင်များ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေရန်
စေတနာဖြင့် ရေးသားမျှဝေပေးလိုက်ပါသည်။
ဦးစောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - ဆရာကြည်မြင့်လွင်(မုဒြာ)

Post a Comment

0 Comments

Close Menu