Ad Code

Responsive Advertisement

ရေစကြိုမြို့နယ်တွင် လေပြင်းတိုက်ခတ်ရာမှ သစ်ပင်ကျိုးကျ ပိမိ၍ အမျိုးသမီးတစ်ဦး သေဆုံး


မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပေါက္ကူရွာတွင် ဧပြီ ၅ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်၍သစ်ပင်လဲကျရာမှအမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့မ ရဲစခန်းမှ သိရှိရသည်။

ဧပြီ ၅ ရက်နေ့ညနေ ၆း၄၅ နာရီအချိန်က ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာတွင်လူတစ်ဦး ပေပင်လဲကျပိ၍ သေဆုံးကြောင်းသတင်းအရ ရေစကြိုမြို့မရဲစခန်းမှ ဒုရဲမှူး စည်သူအောင်သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ပေါက္ကူကျေးရွာနေ ဒေါ်ငယ်၊ အသက် ၆၅ နှစ် ဖြစ်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးတင်ဝင်းနှင့်အတူ နှစ်ဦးတည်းနေထိုင်သည့် သုံးပေပတ်လည်ထန်းလက်မိုး၊ထန်းလက်ကာတဲတွင် လေပြင်းများ တိုက်ခတ်စဉ် ဦးတင်ဝင်းမှာတဲအရှေ့ဘက်ပြင်ပတွင် ရောက်ရှိနေပြီး ဒေါ်ငယ်မှာ တဲအတွင်း တစ်ဦးတည်းရှိနေရာတဲမြောက်ဘက် ပေနှစ်ဆယ်ခန့်အကွာ အမြင့် ပေခြောက်ဆယ်၊ လုံးပတ်ခြောက်ပေ ခန့်ရှိ ပေပင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အမြင့် ပေသုံးဆယ်ခန့်မှ ကျိုးပြတ်ကျပြီး တဲအားပိမိခြင်းဖြစ်သည်။

တဲအတွင်းရှိနေသည့် ဒေါ်ငယ်မှာ ပေပင်ပြတ်နှင့်တဲတို့ ပိမိ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲမှူး စည်သူအောင်က တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu