Ad Code

Responsive Advertisement

ကိုယ်ဝန်ဆောင် ကျန်းမာစေရန်



ကိုယ်ဝန်ဆောင် ကျန်းမာစေရန်
….
.
မွေးဖွားပေးခြင်း ၊ မွေးဖွားလာခြင်းဟာ ဖန်တီးခြင်းအနှစ်သာရ ဆောင်ပါတယ် ။
ရဲရင့်တဲ့ လူ့ ၀ိဥာဉ် တခု ၊ ခန္ဓာကိုယ် တခု ၊ အံ့ဖွယ်ရာ ဥာဏ်ပညာ တခုတို့
ဖြစ်တည်လာအောင် ကို အားပေးအားမြှောက် ပြုလိုက်ခြင်းပါဘဲ ။
( Harriette Hartigan ) .
.
ကိုယ်ဝန်ဆောင်လာခြင်းဟာ အလှတရား တခုပါပဲ ။
သေးငယ်တဲ့ ၀ိဥာဉ်လေးကို ကိုယ့် ကိုယ်ခန္ဓာအတွင်းမှာ သယ်ပိုးထားတယ်
ဆိုတဲ့ ခံစားမှုက ဘ၀ရဲ့ အဓိပ္ဗါယ်သစ်တွေကို ယူလာပေးပါတယ် ။
.
ကိုယ်ဝန်ဆောင်စဉ်မှာ မိမိရဲ့ အဆုံးအဖြတ်မှန်သမျှဟာ မိမိရဲ့ ကိုယ်ခန္ဓာ
ကျန်းမာရေး ၊ စိတ်ခံစားမှု နဲ့ ကိုယ်ဝန်တွင်းက ခလေးငယ်ရဲ့
ကျန်းမာရေးတွေပေါ်မှာ သက်ရောက်မှု ရှိနေပါတယ် ။
.
ဒီအချိန်ဟာ မိမိကိုယ်ကို ဂရုစိုက်ရမယ့် အချိန်ပါပဲ ။
ဒီအချိန်ဟာ ခင်ပွန်း ၊ မိဘဆွေမျိုး ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီ
အထောက်အပံ့ ရသင့်တဲ့ အချိန်ပါပဲ ။
အရေးကြီးဆုံးက အတွေ့ အကြုံ ရှိတဲ့ ဆရာဝန်ကောင်းရဲ့ လမ်းညွှန်မှု ရယူဖို့
ဆရာဝန် ရွေးချယ်ရမယ့် အချိန်ပါပဲ ။
နောက်ပြီး ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ စာအုပ်စာတန်းတွေ ဖတ်ခြင်း ၊
ကိုယ်ဝန်ဆောင် လမ်းညွှန်သင်တန်းတွေ တက်ခြင်း ၊ မွေးဖွားပုံ ပညာပေး
ဗီဒီယိုတွေ ကြည့်ခြင်းဖြင့် ယုံကြည်မှုအပြည့်နဲ့ မိခင်လောင်းဘ၀ကို ပြင်ဆင်
ထားရမှာ ဖြစ်ပါတယ် ။
Credit to DrMyint Thein

Post a Comment

0 Comments

Close Menu