Ad Code

Responsive Advertisement

သင်္ကြန်အကြိုနေ့မှ အကျနေ့ နံနက်အထိ မန္တလေးဆေးရုံသို့ လူနာ၁၇၁-ဦးရောက်ရှိ

သက်ြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူများအား အရေးပေါ်ကုသပေးနေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးအဖွဲအား ရန်ကုန်မြို့ ဗဟိုမဏ္ဍပ်အနီးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-နာရေးကူညီမှုအသင်း(ရန်ကုန်) မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)
၂၀၁၆-ခုနှစ် သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများတွင် ဧပြီ၁၂ရက် နံနက်၈-နာရီမှ ၁၃-ရက်နေ့ နံနက် ၈-နာရီထိ စာရင်း များအရ ၁၇၁-ဦးရှိပြီး သေဆုံးသူ ၇-ဦးရှိကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံ လူမှုဆက်ဆံရေးဌာန ဦးမင်းလွင်က ပြောသည်။
“ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုသရေးဦးစီးဌာနကို လူနာစာရင်းတွေ နေ့စဉ်ပို့ ရပါတယ်။ သင်္ကြန်ရက်မှာ ယာဉ်မတော်တဆမှု လူနာတွေများလာတယ်။ ပုံမှန်လူနာတွေကတော့ အမြဲရှိနေတာပါ။ လက်ရှိ အကျနေ့ မနက်
၈-နာရီထိ Heat stroke နဲ့ သေတာ မရှိသေးပေမယ့် ရက်ပိုင်းအတွင်းမှဖြစ်တဲ့သူတွေ ဆေးရုံရောက်ရှိလာပြီ။ အပြင်ထွက်တဲ့သူတွေက Heat stroke မဖြစ်ဘူး။”ဟု ၎င်းက ပြောသည်။
ယခုနှစ် သင်္ကြန်အကြို(ဧပြီ ၁၂)ရက်မှ ၁၃-ရက်နံ နက်ထိ ဆေးရုံသို့ရောက်ရှိလာသူ ၁၇၁-ဦးတွင် အတွင်းလူနာ ၄၄-ဦး၊ပြင်ပလူနာ၁၂၃-ဦး၊စုစုပေါင်း၁၇၁-ဦးရှိရာ ၄-ဦးသေဆုံးခဲ့ရာတွင် ပြင်ပ တွင်သေဆုံးပြီး ရောက်ရှိသူ ၃-ဦးဖြစ်ကြောင်း ဆေးလူမှုဌာနသတင်းများအရ သိရပြီး ရာခိုင်နှုန်းတွက်ချက်လျင် ယာဉ်မတော်တဆက ၅၀%၊ ခိုက်ရန်ဖြစ်ပွားမှု၂၅%နဲ့ အခြားထိခိုက်မှု ၂၅% ဖြစ်ကြောင်း သိရသည်။
“၃-ဦးက ဆေးရုံသယ်လာကတည်းက သေဆုံးနေပြီ။ လူမှုကူညီရေးအသင်းတွေကလည်း တနေကုန်ကူညီပေးနေတယ်။ အွန်လိုင်းမှာ တက်နေတဲ့၂၅၂-ယောက် မဟုတ်ဘဲ၁၇၁- ဦးပါ။ တခြားလူနာတွေနဲ့လိုက်ပါလာသူ ရောနှောသွားလို့ စာရင်းပိုတာဖြစ်နိုင်ပါတယ်။”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မန္တလေးဆေးရုံ အရေးပေါ်ကုသဆောင်တွင် ချမ်းမြသုခ၊မဏိစလ စသည့် မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းများက လူနာများကို ဆေးရုံသို့သယ်ယူပေးခြင်း၊ ရှေးဦးသူနာပြု စုပေးခြင်းနှင့် ဆေးရုံအတွင်း လူနာကုတင်များသို့ ပို့ဆောင်ပေးခြင်းနှင့် အခြားလိုအပ်သည် များကိုလူအား၊ ငွေအားဖြင့်ကူညီပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့က အကြိုနေ့ကစပြီး ပရဟိတစိတ် နဲ့ ၂၄-နာရီလာရောက် ကူညီပေးနေတာပါ။ လူ ငယ်တွေဆိုတော့ သင်္ကြန်မှာပျော်ချင်ပေမယ့် ကူညီရလို့ ၀မ်းသာဂုဏ်ယူတယ်။ ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။
 ၂၀၁၅-ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံသို့ ရောက်ရှိလာသည့် လူနာစာရင်းများအရ သင်္ကြအကြိုနေ့(ဧပြီ ၁၃)က အတွင်းလူနာ ၆၁-ဦး၊ ပြင်ပလူနာ၈၉-ဦး၊ စုစုပေါင်း ၁၅၀တွင် သေဆုံးသူ တစ်ဦးဖြစ်ကြောင်း၊ သင်္ကြန်အကျနေ့ (ဧပြီ ၁၄)က အတွင်းလူနာ ၉၀ဦး၊ ပြင်ပလူနာ ၁၅၇-ဦး၊ စုစုပေါင်း၂၄၇-ဦးတွင် သေဆုံးသူ ၇-ဦးရှိခဲ့ကြောင်းသိရသည်။
- See more at: http://mizzimaburmese.com/article/13329#sthash.SZkNO2rb.dpuf

Post a Comment

0 Comments

Close Menu