Sunday, April 3, 2016

ကိုယ်ဝန်ဆောင် နှင့် အလေ့အကျင့်များ





ပုံမှန်လေ့ကျင့်ခဏ်းယူခြင်း ( Exercise Regularly )
..
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့်
ဝမ်းချုပ်ခြင်း ၊ ခြေထောက် ကြွက်တက်ခြင်း ၊ ခြေကျင်းဝတ်ရောင်ခြင်း ၊
ခါးနာခြင်း ၊ အိပ်မပျော်ခြင်း စသည်တို့ သက်သာစေပါတယ် ။
ကြံ့ ခိုင်သန်စွမ်းမှု ရှိလာရင် အမောခံနိုင်ပြီး မွေးဖွားချိန် တိုတောင်းစေပါတယ် ။
တွေ့ ရှိမှု တခု ( A 2013 study by the University of Montreal reports )
အရ ပုံမှန်လေ့ကျင့်ခဏ်း ကို မိနစ် ၂၀ ခန့် တပတ်မှာ ၃ ကြိမ် လုပ်ခြင်းဖြင့်
ခလေးရဲ့ ဦးနှောက်ဖွင့်ဖြိုးမှု တိုးတက်စေကြောင်း တွေ့ ရှိခဲ့ပါတယ် ။
ကိုယ်ဝန်ဆောင်ချိန်မှာ —
လမ်းလျှောက်ခြင်း ( walking )
ရွရွပြေးခြင်း ( jogging )
ရေကူးခြင်း ( swimming )
ယောဂကျင့်ခြင်း ( yoga ) တို့ လုပ်နိုင်ပါတယ် ။
.
ပဲဗစ်အခင်း လေ့ကျင့်ခဏ်း ( Do Pelvic Floor Exercises )
..
ပဲဗစ်အခင်း ( Pelvic floor ) ဆိုတာက စအိုကြွက်သား ( Levator ani )
မီးညှောင့်ရိုး ကြွက်သား ( Coccygeus ) ၊ တွယ်ဆက် တစ်သျှူး (
Connective tissue ) တို့ နှင့် ဖွဲ့ စည်းထားတဲ့ အကန့် ဖြစ်ပါတယ် ။
သားအိမ်အောက်ဖက်မှာ အခင်းသဖွယ် ရှိနေပါတယ် ။
Pelvic Floor Exercises လုပ်ခြင်းဖြင့် ဆီးအိမ်ကို ထောက်ပံ့ထားသော
ကြွက်သား ၊ ယောနိ ( vagina and back passage ) ကို ထောက်ပံ့ထား
သော ကြွက်သားများ သန်မာလာစေ၍ သားအိမ်ညှစ်ရာမှာ အထောက်အကူ
ရပြီး ခလေး အထွက် မြန်စေပါတယ် ။
ကီးဂျဲ လေ့ကျင့်ခဏ်းလို့ ခေါ်ပါတယ် ( Kegel exercises )
လုပ်နည်းကတော့ —
- ဆီးသွားနေစဉ် တန်လန်း မှာ ဆီးကို အောင့်ပြီး ရပ်လိုက်သလို
လုပ်ရပါမယ် ။
ခြေထောက် ၊ တင်ပါး ၊ ၀မ်းဗိုက်ကြွက်သားများ ကို အားမပြုရပါဘူး ။
- ၅ စက္ကန့် ခန့် ထိန်းထားပါမယ် ။
- ၅ စက္ကန့် လျော့ ပေးပါမယ် ။
၁၀ ခါလောက် လုပ်ပါမယ် ။
တနေ့ ကို ၃ ကြိမ်လောက် လုပ်ပေးရပါမယ် ။
ဆီးသွားရင်း တန်းလန်းတော့ မလုပ်ရပါဘူး ။ ဆီးလမ်းကြောင်း ပိုးဝင်
တတ်လို့ ဖြစ်ပါတယ် ။
..
အနားယူခြင်း ၊ အိပ်စက်ခြင်း ( Get Plenty of Rest and Sleep )
..
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပေါ်နေတာမို့
အားအင်ကုန်ခမ်း သလို ၊ နွမ်းနယ်သလို ဖြစ်တတ်ပါတယ် ။
အိပ်စက်ခြင်းဟာ ခလေးဖွင့်ဖြိုးခြင်းကို အားပေးသလို ၊ မီးဖွားချိန်မှာလည်း
မိခင်ကို ခွန်အားပြည့်စေပါတယ် ။
ညတွင်မက နေ့လည်ဖက်မှာလည်း မိနစ် ၃၀ ၊ ၁ နာရီ ခန့် အိပ်စက်သင့်
ပါတယ် ။
..
စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း ( Manage Stress )
..
ကိုယ်ဝန်ဆောင်ပြီဆိုလျှင် စိတ်ဖိစီးမှုက ပုံမှန် ရှိတတ်စမြဲ ဖြစ်ပါတယ် ။
ဟော်မုန်းအပြောင်းအလဲကြောင့် ကော်တီဇော ဟော်မုန်း မြင့်လာပါတယ် ။
ဒီဟော်မုန်းက ခလေးကို ထိခိုက်နိုင်ပါတယ် ။
လိုတာထက် ပိုပြီး ဖိစီးမှုများလာတဲ့အခါ ခလေးထံ သွေးဆီးဆင်းမှု လျော့
နည်းလာပြီး ဖွံ့ ဖြိုးမှု အနျောက်အယှက်ဖြစ်စေပါတယ် ။
.
ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန် ရှောင်ရန်တွေ အတော် ပြည့်စုံသွားပါပြီ ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
31/3/2016
Credit to DrMyint Thein

0 comments:

Post a Comment