Ad Code

Responsive Advertisement

ထိန်ပင်သုသာန်ဝင်း စည်ပင်အမှိုက်ပုံတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များ တွေ့ရှိ

ဆိုင်မွန်စာကြည်ုဆိုဒ်
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် စွန့်ပစ် အမှိုက်ပုံထဲက လက်ပစ်ဗုံး တစ်လုံး အပါ အ၀င် ကျည်ဆန်တွေ တွေ့ရှိ သိမ်းဆည်း ခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ပါတယ်။

၇.၆၂ G3 ကျည် ၄၀ တောင့်၊ ၇.၆၂ AK 47 ကျည် ၂ တောင့်၊ ၅.၅၆ MA Series ကျည် ၁၉ တောင့်၊ ၅.၅၆M16 ကျည်၂၃ တောင့်၊ 9MM ကျည် ၄၈ တောင့်၊ .၃၀ကာဘိုင်ကျည် ၁၁ တောင့်၊ .၃၀၃ မီလီမီတာပို့ကျည် ၂တောင့်၊ ၉၁ လက်ပစ်ဗုံး (Fuse မပါ) ၁ လုံး၊ လက်ပစ်ဗုံး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင်းကျည်ဘောက် ၁ခု၊ ကာဘိုင်ကျည်ဘောက် ၂ ခု၊ ၅.၅၆(၃၅) တောင့်ဝင်ကျည်ဘောက် ၁ ခု၊ ၅.၅၆ (၂၀) တောင့်ဝင်ကျည်ဘောက် ၁ ခုတို့ကို တွေ့ရှိခဲ့တာပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာ ထိန်ပင်သုသာန်ဝင်းထဲက စည်ပင်အမှိုက်ပုံမှာ ဧပြီလ ၁၈ ရက် ညက သတင်းရလို့ သွားရောက်စစ်ဆေးရာကနေ လက်ပစ်ဗုံးနဲ့ ကျည်ဆန် အမျိုးမျိုး စတဲ့ စစ်လက်နက်ပစ္စည်းတွေကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/145816

Post a Comment

0 Comments

Close Menu