Ad Code

Responsive Advertisement

ဆီးပူ၊ဆီးအောင့်ခြင်းအတွက် သဘာဝဆေးနည်းများ



ဆီးပူ၊ဆီးအောင့်ခြင်းအတွက် သဘာဝဆေးနည်းများ
ဆီးပူ၊ ဆီးအောင့်၊ ဆီးနာ၍ ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြရန် အခက်အခဲရှိသူများအတွက် သဘာဝဆေးနည်းများကို ညွန်ပေးလိုက်ပါတယ်။
(၁) ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။
(၂) လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်ပါ။
(၃) ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်ခန့်
(ချို၍ သောက်နိုင်ရုံ) ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။
နောက်တစ်နည်း
ရှားစောင်လက်ပပ်အတွင်းသား(ဂျယ်လီလိုပုံစံ)ကို ဇွန်းနဲ့ ခြစ်ယူပြီး ဆန်ဆေးရည်နှင့် ၅ နာရီခန့် စိမ်ထားပြီး သကြားထည့်၍ လက်ဖက်ရည်ပန်းကန် တစ်လုံးခန့် မနက်၊ ညတစ်ကြိမ်စီ သောက်ပေးပါ။
နောက်တစ်နည်း
ကန်းစွန်းရိုးနီရွက်နုနု လက်တစ်ဆုပ်ခန့်၊ မန်ကျီးသီးမှည့် အနည်းငယ်၊ ထန်လျက်ခဲ၊ ဆားတို့ဖြင့် သင့်တော်သလို ချိန်ထည့်၍ ကျိုပီး လက်ဖက်ရည်ပန်းကန် တစ်လုံးခန့် တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။
ဆီးပူ ဆီးအောင့်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - သဘာဝဆေးနည်းတိုများ

Post a Comment

0 Comments

Close Menu